Premier League

ဘရိုက်တန်ကို အိမ်ကွင်းမှာ ရှုံးပြီးနောက် နဗီးနဲ့ အိုနာနာကို လှောင်ပြောင်ခဲ့တဲ့ ကာရေဂါ

ဂျေမီ ကာရေဂါဟာ စနေနေ့ညနေက မန်ချက်စတာယူနိုက်တက်က ဘရိုက်တန်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဂယ်ရီ နဗီးနဲ့ အန်ဒရီ အိုနာနာတို့ကို လှောင်ပြောင်ခဲ့ပါတယ်။

ဘရိုက်တန်ဟာ ဒန်နီ ဝဲလ်ဘက်ခ်၊ ပါစကယ် ဂရို့စ်၊ ဂျာအို ပက်ဒရိုတို့ရဲ့ သွင်းဂိုးတွေကြောင့် အဝေးကွင်းအနိုင် ၃ မှတ်ကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အတွက်တော့ ယခုရာသီ ပရီးမီးယားလိဂ် ၅ ပွဲမှာ တတိယမြောက် ရှုံးပွဲဖြစ်လာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ရှုံးပွဲအပြီးမှာ ဂယ်ရီ နဗီးဟာ အသင်းရဲ့ လက်ရှိအခြေအနေအတွက် ဂလေဇာမိသားစုကို နောက်ထပ်တစ်ကြိမ် ပြစ်တင်ကြိမ်းမောင်းခဲ့တာဖြစ်ပြီး ၁၀ နှစ်ကျော် ကွင်းတွင်း၊ ကွင်းပြင်ပမှာ လောဘကြီးမှု၊ စည်းကမ်းပိုင်း ယိုယွင်းမှု၊ ဆုံးဖြတ်ချက် မှားယွင်းမှု၊ မသေချာမှုတွေနဲ့ အသင်းကို လည်ပတ်ခဲ့တာကြောင့် အခုလိုမျိုး အခြေအနေဖြစ်လာခဲ့တာလို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။

ဂျေမီ ကာရေဂါက ဂယ်ရီ နဗီးရဲ့ သုံးသပ်ပြောဆိုမှုကို လှောင်ပြောင်ဖို့ အခွင့်ကောင်းယူခဲ့ပြီး “တစ်ချိန်လုံး ကျွန်တော် တွေးခဲ့တာက ဆာအဲလက်စ် ဖာဂူဆန်က ကျွန်တော်တို့(လီဗာပူးလ်)ကို ပရီးမီးယားလိဂ်ဖလားမရအောင် တားဆီးခဲ့တယ်ဆိုတာပဲ။ ဒါပေမယ့် အခု ခင်ဗျားပြောပုံအရဆို မာတင် အက်ဒွပ်စ်(မန်ယူနိုက်တက်ဥက္ကဌဟောင်း)ဖြစ်နေပါရောလား”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂယ်ရီ နဗီးက ရာသီကြိုခြေစမ်းပွဲမှာ မက်ဂွိုင်းယားကို အော်ဟစ်ခဲ့ပြီး ကိုယ့်ကိုကိုယ် ဆန်းတင်ဖို့ ကြိုးစားခဲ့တဲ့ အိုနာနာနဲ့ပတ်သက်ပြီး လီဗာပူးလ်ဂန္တဝင်ရဲ့ ကော်လံထဲက ရေးသားချက်ကို ရည်ညွှန်းပြီး “ခင်ဗျားရဲ့ အိုနာနာ ဆောင်းပါးအပြီး ဒီပွဲမှာ ပြောစရာရှိသေးလား”လို့ ပြန်ပြောခဲ့ချိန်မှာ ကာရေဂါက “ဒီနေ့ပွဲအပြီးမှာ ပြောစရာက ပိုတောင် ရှိပါသေးတယ်။ သူ့ကို ပြောလိုက်ပါ။ ကစားသမားတွေကို လက်တွေ ဝှေ့ရမ်းနေမယ့်အစား ဂိုးကန်ချက်တွေကို ကာကွယ်ဖို့ အဲဒီလက်တွေကို အသုံးပြုလိုက်ပါလို့”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဂ်မီ ကာေရဂါဟာ စေနေန႔ညေနက မန္ခ်က္စတာယူႏိုက္တက္က ဘ႐ိုက္တန္ကို အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဂယ္ရီ နဗီးနဲ႔ အန္ဒရီ အိုနာနာတို႔ကို ေလွာင္ေျပာင္ခဲ့ပါတယ္။

ဘ႐ိုက္တန္ဟာ ဒန္နီ ဝဲလ္ဘက္ခ္၊ ပါစကယ္ ဂ႐ို႕စ္၊ ဂ်ာအို ပက္ဒ႐ိုတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ အေဝးကြင္းအႏိုင္ ၃ မွတ္ကို ထိုက္ထိုက္တန္တန္ ရရွိသြားခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္အတြက္ေတာ့ ယခုရာသီ ပရီးမီးယားလိဂ္ ၅ ပြဲမွာ တတိယေျမာက္ ရႈံးပြဲျဖစ္လာခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ရႈံးပြဲအၿပီးမွာ ဂယ္ရီ နဗီးဟာ အသင္းရဲ႕ လက္ရွိအေျခအေနအတြက္ ဂေလဇာမိသားစုကို ေနာက္ထပ္တစ္ႀကိမ္ ျပစ္တင္ႀကိမ္းေမာင္းခဲ့တာျဖစ္ၿပီး ၁၀ ႏွစ္ေက်ာ္ ကြင္းတြင္း၊ ကြင္းျပင္ပမွာ ေလာဘႀကီးမႈ၊ စည္းကမ္းပိုင္း ယိုယြင္းမႈ၊ ဆုံးျဖတ္ခ်က္ မွားယြင္းမႈ၊ မေသခ်ာမႈေတြနဲ႔ အသင္းကို လည္ပတ္ခဲ့တာေၾကာင့္ အခုလိုမ်ိဳး အေျခအေနျဖစ္လာခဲ့တာလို႔ ေဝဖန္ခဲ့တာျဖစ္ပါတယ္။

ေဂ်မီ ကာေရဂါက ဂယ္ရီ နဗီးရဲ႕ သုံးသပ္ေျပာဆိုမႈကို ေလွာင္ေျပာင္ဖို႔ အခြင့္ေကာင္းယူခဲ့ၿပီး “တစ္ခ်ိန္လုံး ကြၽန္ေတာ္ ေတြးခဲ့တာက ဆာအဲလက္စ္ ဖာဂူဆန္က ကြၽန္ေတာ္တို႔(လီဗာပူးလ္)ကို ပရီးမီးယားလိဂ္ဖလားမရေအာင္ တားဆီးခဲ့တယ္ဆိုတာပဲ။ ဒါေပမယ့္ အခု ခင္ဗ်ားေျပာပုံအရဆို မာတင္ အက္ဒြပ္စ္(မန္ယူႏိုက္တက္ဥကၠဌေဟာင္း)ျဖစ္ေနပါေရာလား”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဂယ္ရီ နဗီးက ရာသီႀကိဳေျခစမ္းပြဲမွာ မက္ဂြိဳင္းယားကို ေအာ္ဟစ္ခဲ့ၿပီး ကိုယ့္ကိုကိုယ္ ဆန္းတင္ဖို႔ ႀကိဳးစားခဲ့တဲ့ အိုနာနာနဲ႔ပတ္သက္ၿပီး လီဗာပူးလ္ဂႏၲဝင္ရဲ႕ ေကာ္လံထဲက ေရးသားခ်က္ကို ရည္ၫႊန္းၿပီး “ခင္ဗ်ားရဲ႕ အိုနာနာ ေဆာင္းပါးအၿပီး ဒီပြဲမွာ ေျပာစရာရွိေသးလား”လို႔ ျပန္ေျပာခဲ့ခ်ိန္မွာ ကာေရဂါက “ဒီေန႔ပြဲအၿပီးမွာ ေျပာစရာက ပိုေတာင္ ရွိပါေသးတယ္။ သူ႔ကို ေျပာလိုက္ပါ။ ကစားသမားေတြကို လက္ေတြ ေဝွ႔ရမ္းေနမယ့္အစား ဂိုးကန္ခ်က္ေတြကို ကာကြယ္ဖို႔ အဲဒီလက္ေတြကို အသုံးျပဳလိုက္ပါလို႔”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.