Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၁၃.၁၀.၂၀၂၀

– ဘယ္ေနာက္ခံလူ ဘင္ဂ်မင္ မန္ဒီကို သေဘာမက်ေတာ့တဲ့ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ လာမယ့္ ေဆာင္းရာသီမွာ အုိင္းယက္စ္ ေနာက္ခံလူ နီကိုလာ တာဂလီယာဖီကိုကို ေခၚယူသြားဖြယ္ရွိၿပီး ပရီးမီးယားလိဂ္ၿပဳိင္ဘက္သုံးသင္းနဲ႔အၿပဳိင္ ႀကဳိးစားရဖြယ္ရွိ။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ လူငယ္ေနာက္ခံလူ ဂ်ဳိယယ္လ္ လာတီဘိုဒီေယးအေနနဲ႔ အေျပာင္းအေရႊ႕ မပိတ္ခင္မွာ ဆြမ္းဆီးအသင္းကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ သြားေရာက္ဖို႔ စီစဥ္ေနၿပီး အသင္းအေနနဲ႔ စာခ်ဳပ္ဖ်က္သိမ္းေပးဖို႔ရွိေန။

– ဂြါဒီယိုလာအေနနဲ႔ မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္ကို သက္တမ္းမတုိးဘဲ ထြက္ခြာခဲ့ရင္ အစားထိုးဖို႔ နည္းျပသစ္ေတြအေနနဲ႔ မက္ဆီမီလီယာႏို အယ္လီဂရီ၊ ေမာ္ရီစီယုိ ပုိခ်က္တီႏိုနဲ႔ မာဆယ္လီႏုိတုိ႔ကို တာဝန္ရွိသူေတြ လ်ာထားေန။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ စိတ္ဝင္တစား ကမ္းလွမ္းခဲ့မွဳအတြက္ ဂုဏ္ယူေၾကာင္းနဲ႔ ဒါဟာ မိမိဘယ္ေလာက္တုိးတက္လာတယ္ဆုိတာကို ျပသလိုက္တဲ့ အသိအမွတ္ျပဳမွဳလည္းျဖစ္ၿပီး လက္ရွိမွာေတာ့ စပိန္က ဆီဗီးလ္ေျမမွာသာ ေပ်ာ္ရႊင္ေနတယ္လုိ႔ ျပင္သစ္ယူ-၂၁ ေနာက္ခံလူ ဂ်ဴးလ္ ကြန္ဒီေျပာၾကား။

– နာပိုလီေနာက္ခံလူ ခါလီဒူး ကူလီေဘလီအတြက္ မန္စီးတီးဘက္က မကမ္းလွမ္းခဲ့ဘူးလို႔ ျငင္းဆိုခဲ့တာဟာ မဟုတ္မွန္ဘဲ အဂၤလန္ အသင္းအေနနဲ႔ ေပါင္ ၇၂ သန္း မေပးေခ်ႏုိင္ခဲ့လို႔ ေဈးသက္သာတဲ့ ႐ူဘင္ ဒီယက္စ္ကို ေပါင္ ၆၄ သန္းခဲ့ ေခၚယူခဲ့တာလို႔ အီတလီအေျခစိုက္ ေကာ္ရီယာ ဒယ္လိုစပုိ႔စ္ ေဖာ္ျပ။

– အဂၤလန္အသင္းကို ရွဳံးနိမ့္ခဲ့တဲ့ ပြဲစဥ္ရဲ႕ ဒုတိယပုိင္းမွာ ဒဏ္ရာရရွိသြားခဲ့တဲ့ ကီဗင္ ဒီဘ႐ိုင္းနားဟာ ပြဲကစားဖို႔ ႀကံ့ခိုင္မွဳ မလုံေလာက္တဲ့အတြက္ အသင္းကေန ႏုတ္ထြက္ခဲ့ၿပီလို႔ ဘယ္လ္ဂ်ီယမ္အသင္းက ေၾကျငာသြားခဲ့ၿပီး အာဆင္နယ္နဲ႔ပြဲမွာ ပါဝင္ႏုိင္ဖို႔ စိုးရိမ္ေနရ။

– မန္ခ်က္စတာစီးတီးအသင္းဘက္က ကမ္းလွမ္းခဲ့တဲ့ စာခ်ဳပ္သက္တမ္းတုိးဖို႔ ကိစၥကို ပယ္ခ်ထားခဲ့တဲ့ အဲရစ္ ဂါစီယာကို လာမယ့္ ဇန္နဝါရီမွာ လက္ရွိဆုိေဈး ယူ႐ို ၁၈ သန္းထက္ နည္းပါးတဲ့ ေငြေၾကးနဲ႔ ဘာစီလိုနာတုိ႔ ေခၚယူဖို႔ ႀကဳိးစားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဘယ်နောက်ခံလူ ဘင်ဂျမင် မန်ဒီကို သဘောမကျတော့တဲ့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ လာမယ့် ဆောင်းရာသီမှာ အိုင်းယက်စ် နောက်ခံလူ နီကိုလာ တာဂလီယာဖီကိုကို ခေါ်ယူသွားဖွယ်ရှိပြီး ပရီးမီးယားလိဂ်ပြိုင်ဘက်သုံးသင်းနဲ့အပြိုင် ကြိုးစားရဖွယ်ရှိ။

– မန်ချက်စတာစီးတီးအသင်းရဲ့ လူငယ်နောက်ခံလူ ဂျိုယယ်လ် လာတီဘိုဒီယေးအနေနဲ့ အပြောင်းအရွှေ့ မပိတ်ခင်မှာ ဆွမ်းဆီးအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ သွားရောက်ဖို့ စီစဉ်နေပြီး အသင်းအနေနဲ့ စာချုပ်ဖျက်သိမ်းပေးဖို့ရှိနေ။

– ဂွါဒီယိုလာအနေနဲ့ မန်စီးတီးအသင်းနဲ့ စာချုပ်ကို သက်တမ်းမတိုးဘဲ ထွက်ခွာခဲ့ရင် အစားထိုးဖို့ နည်းပြသစ်တွေအနေနဲ့ မက်ဆီမီလီယာနို အယ်လီဂရီ၊ မော်ရီစီယို ပိုချက်တီနိုနဲ့ မာဆယ်လီနိုတို့ကို တာဝန်ရှိသူတွေ လျာထားနေ။

– မန်ချက်စတာစီးတီးအသင်းရဲ့ စိတ်ဝင်တစား ကမ်းလှမ်းခဲ့မှုအတွက် ဂုဏ်ယူကြောင်းနဲ့ ဒါဟာ မိမိဘယ်လောက်တိုးတက်လာတယ်ဆိုတာကို ပြသလိုက်တဲ့ အသိအမှတ်ပြုမှုလည်းဖြစ်ပြီး လက်ရှိမှာတော့ စပိန်က ဆီဗီးလ်မြေမှာသာ ပျော်ရွှင်နေတယ်လို့ ပြင်သစ်ယူ-၂၁ နောက်ခံလူ ဂျူးလ် ကွန်ဒီပြောကြား။

– နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီအတွက် မန်စီးတီးဘက်က မကမ်းလှမ်းခဲ့ဘူးလို့ ငြင်းဆိုခဲ့တာဟာ မဟုတ်မှန်ဘဲ အင်္ဂလန် အသင်းအနေနဲ့ ပေါင် ၇၂ သန်း မပေးချေနိုင်ခဲ့လို့ ဈေးသက်သာတဲ့ ရူဘင် ဒီယက်စ်ကို ပေါင် ၆၄ သန်းခဲ့ ခေါ်ယူခဲ့တာလို့ အီတလီအခြေစိုက် ကော်ရီယာ ဒယ်လိုစပို့စ် ဖော်ပြ။

– အင်္ဂလန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ ဒဏ်ရာရရှိသွားခဲ့တဲ့ ကီဗင် ဒီဘရိုင်းနားဟာ ပွဲကစားဖို့ ကြံ့ခိုင်မှု မလုံလောက်တဲ့အတွက် အသင်းကနေ နုတ်ထွက်ခဲ့ပြီလို့ ဘယ်လ်ဂျီယမ်အသင်းက ကြေငြာသွားခဲ့ပြီး အာဆင်နယ်နဲ့ပွဲမှာ ပါဝင်နိုင်ဖို့ စိုးရိမ်နေရ။

– မန်ချက်စတာစီးတီးအသင်းဘက်က ကမ်းလှမ်းခဲ့တဲ့ စာချုပ်သက်တမ်းတိုးဖို့ ကိစ္စကို ပယ်ချထားခဲ့တဲ့ အဲရစ် ဂါစီယာကို လာမယ့် ဇန်နဝါရီမှာ လက်ရှိဆိုဈေး ယူရို ၁၈ သန်းထက် နည်းပါးတဲ့ ငွေကြေးနဲ့ ဘာစီလိုနာတို့ ခေါ်ယူဖို့ ကြိုးစားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.