နေမာဟာ သောကြာနေ့ညနေက အယ်လ်ဟီလာလ်အတွက် ဆော်ဒီ ပရိုလိဂ်မှာ ပွဲဦးထွက်ပွဲစဉ်အဖြစ် ပါဝင်ကစားပေးခဲ့ပြီး ပြုံးပျော်နေခဲ့ပေမယ့် ပရိသတ်တွေကတော့ ဖြစ်စဉ်တစ်ခုကြောင့် စိတ်ပျက်ခဲ့ကြပါတယ်။
နေမာဟာ ဒုတိယပိုင်းမှာ လူစားဝင်ကစားပေးခဲ့တာဖြစ်ပေမယ့်လည်း အယ်လ်ဟီလာလ်က အပြည့်အဝ ထိန်းချုပ်ထားတဲ့ပွဲစဉ်အတွင်းမှာ သေသပ်တဲ့ တိုက်စစ်ကစားပုံကနေ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။
ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီကနေ ဆော်ဒီ အာရေဗျကို ပေါင် ၇၈ သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် ပထမဆုံးပါဝင်ကစားပေးခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားဦးဆောင်သူ အယ်လ်ဟီလာလ်ကို အလက်ဇန်းဒါး မီထရိုဗစ်၊ ရူဘင် နက်ဗက်စ်နဲ့ ဘိုနိုတို့လို ကစားသမားတွေက ဦးဆောင်ခဲ့တာဖြစ်ပါတယ်။
မီထရိုဗစ်ဟာ အယ်လ်-ရီယက်ဒ်ကို ၆-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း ပထမပိုင်း ၃၀ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေ အဖွင့်ဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး ပထမပိုင်းပြီးဆုံးခါနီး နာကျင်အချိန်ပိုမှာ အယ်လ်ရှာရာနီက နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။
နက်ဆာ အယ်လ်ဒေါ်စာရီနဲ့ မယ်လ်ကွန်တို့က ၆၈ မိနစ်နဲ့ ၈၃ မိနစ်တို့မှာ နောက်ထပ် ဦးဆောင်ဂိုးတွေ သွင်းယူသွားခဲ့ပြီး ၈၇ မိနစ်မှာ အယ်လ်ဟီလာလ်အသင်း ပင်နယ်တီရခဲ့ချိန်မှာ နေမာက ကန်သွင်းယူဖို့ ငြင်းဆန်ပြီး အယ်လ်ဒေါ်စာရီက ကန်သွင်းခဲ့ချိန်မှာ ပရိသတ်တွေဆီကနေ လှောင်ပြောင်သံတွေ ထွက်လာခဲ့တာဖြစ်ပါတယ်။
နောက်ထပ် ၇ မိနစ်အကြာ နာကျင်အချိန်ပိုမှာ အယ်လ်ဒေါ်စာရီကပဲ ဟက်ထရစ်ပြည့်မြောက်စေမယ့် သွင်းဂိုးကို ထပ်မံသွင်းယူသွားခဲ့ပြီး အယ်လ်-ရီယက်ဒ်အတွက် နှစ်သိမ့်ချေပဂိုးကို အလီ အယ်လ်-ဇာကန်က ၉၀+၆ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ေနမာဟာ ေသာၾကာေန႔ညေနက အယ္လ္ဟီလာလ္အတြက္ ေဆာ္ဒီ ပ႐ိုလိဂ္မွာ ပြဲဦးထြက္ပြဲစဥ္အျဖစ္ ပါဝင္ကစားေပးခဲ့ၿပီး ၿပဳံးေပ်ာ္ေနခဲ့ေပမယ့္ ပရိသတ္ေတြကေတာ့ ျဖစ္စဥ္တစ္ခုေၾကာင့္ စိတ္ပ်က္ခဲ့ၾကပါတယ္။
ေနမာဟာ ဒုတိယပိုင္းမွာ လူစားဝင္ကစားေပးခဲ့တာျဖစ္ေပမယ့္လည္း အယ္လ္ဟီလာလ္က အျပည့္အဝ ထိန္းခ်ဳပ္ထားတဲ့ပြဲစဥ္အတြင္းမွာ ေသသပ္တဲ့ တိုက္စစ္ကစားပုံကေန ဂိုးသြင္းယူႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။
ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉးဟာ ပီအက္စ္ဂ်ီကေန ေဆာ္ဒီ အာေရဗ်ကို ေပါင္ ၇၈ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ပထမဆုံးပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး အမွတ္ေပးဇယားဦးေဆာင္သူ အယ္လ္ဟီလာလ္ကို အလက္ဇန္းဒါး မီထ႐ိုဗစ္၊ ႐ူဘင္ နက္ဗက္စ္နဲ႔ ဘိုႏိုတို႔လို ကစားသမားေတြက ဦးေဆာင္ခဲ့တာျဖစ္ပါတယ္။
မီထ႐ိုဗစ္ဟာ အယ္လ္-ရီယက္ဒ္ကို ၆-၁ နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္အတြင္း ပထမပိုင္း ၃၀ မိနစ္မွာ ရရွိခဲ့တဲ့ ပင္နယ္တီကေန အဖြင့္ဂိုးကို သြင္းယူခဲ့တာျဖစ္ၿပီး ပထမပိုင္းၿပီးဆုံးခါနီး နာက်င္အခ်ိန္ပိုမွာ အယ္လ္ရွာရာနီက ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူခဲ့တာျဖစ္ပါတယ္။
နက္ဆာ အယ္လ္ေဒၚစာရီနဲ႔ မယ္လ္ကြန္တို႔က ၆၈ မိနစ္နဲ႔ ၈၃ မိနစ္တို႔မွာ ေနာက္ထပ္ ဦးေဆာင္ဂိုးေတြ သြင္းယူသြားခဲ့ၿပီး ၈၇ မိနစ္မွာ အယ္လ္ဟီလာလ္အသင္း ပင္နယ္တီရခဲ့ခ်ိန္မွာ ေနမာက ကန္သြင္းယူဖို႔ ျငင္းဆန္ၿပီး အယ္လ္ေဒၚစာရီက ကန္သြင္းခဲ့ခ်ိန္မွာ ပရိသတ္ေတြဆီကေန ေလွာင္ေျပာင္သံေတြ ထြက္လာခဲ့တာျဖစ္ပါတယ္။
ေနာက္ထပ္ ၇ မိနစ္အၾကာ နာက်င္အခ်ိန္ပိုမွာ အယ္လ္ေဒၚစာရီကပဲ ဟက္ထရစ္ျပည့္ေျမာက္ေစမယ့္ သြင္းဂိုးကို ထပ္မံသြင္းယူသြားခဲ့ၿပီး အယ္လ္-ရီယက္ဒ္အတြက္ ႏွစ္သိမ့္ေခ်ပဂိုးကို အလီ အယ္လ္-ဇာကန္က ၉၀+၆ မိနစ္မွာ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.