Match Report Premier League

ချန်ပီယံကို ဘယ်သူမှ မတားဆီးနိုင်ကြောင်း ဝက်စ်ဟမ်းကို ဖြုတ်ပြခဲ့တဲ့ 100% မန်စီးတီး

မန်ချက်စတာစီးတီးအသင်းကို ဒီရာသီမှာလည်း ကျန်တဲ့ ပြိုင်ဘက်တွေ မျက်စောင်းထိုးလို့ မလွယ်သေးဘူးဆိုတာကို ဒီနေ့မှာ ဝက်စ်ဟမ်းကို အနိုင်ယူပြသနိုင်ခဲ့ပြီး သူတို့တွေရဲ့ ကြီးမားတဲ့ အရည်အချင်းဟာ Error Margin ကို ခံနိုင်ရည်ရှိတာဖြစ်ပြီး ဘယ်အခက်အခဲမျိုးကနေမဆို ပြန်လာနိုင်တယ် ဆိုတာကို ပညာပေးသွားခဲ့ပါတယ်။

ဂွါဒီယိုလာတစ်ယောက် ကျောဒဏ်ရာကို ခွဲစိတ်ပြီး ပထမဆုံး ပြန်လည်ကိုင်တွယ်ခဲ့တဲ့ပွဲမှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ အာကန်ဂျီ၊ ဝေါ်လ်ကာနဲ့ ဂွါဒီယောလ်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗား၊ ဖိုဒန်၊ ဟူလီယန် အယ်လ်ဗာရက်ဇ်နဲ့ ဒိုကူးတို့ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာတော့ ဟားလန်းကိုပဲ အထောင်ထားခဲ့တာပါ။

အိမ်ရှင် ဝက်စ်ဟမ်းတို့ကတော့ ဂိုးသမား အာရီယိုလား၊ ခံစစ်မှာ ဇူးမား၊ အာဂွါဒ်၊ ဆိုဖာလ်နဲ့ အီမာဆန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အက်ဒ်ဆန် အယ်လ်ဗာရက်ဇ်၊ ဆိုးချက်ခ်နဲ့ ဝါ့ဒ်-ပရောက်စ်တို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ဘိုဝင်၊ ပါကေးတာနဲ့ အန်တိုနီယိုတို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးခံစစ်မှာ ဂွါဒီယောလ်က အသင်းဖော်တွေနဲ့ နားလည်မှုရဖို့ တည်ဆောက်နေရဆဲ ကာလဖြစ်တာကြောင့် သူ့ဆီကပဲ အမှားများနေတာ တွေ့ခဲ့ရပြီး ဒိုကူးကတော့ တစ်ပွဲထက်တစ်ပွဲ အံဝင်လာခဲ့သလို ဒဏ်ရာရနေတဲ့ ဂရီးလစ်ရှ်နေရာကို အပိုင်သိမ်းပြီး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်းရဲ့ ဂိုးသမား အာရီယိုးလား ကောင်းနေတာကြောင့် ဂိုးစမရခဲ့တာပါ။

ပွဲချိန် ၃၆ မိနစ်မှာ ဝက်စ်ဟမ်းတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဆိုဖာလ်က ဘောလုံးပြန်လုပြီး ဘိုဝင်နဲ့ အတွဲအဖက်ကနေ တောင်ပံထွက်ပြီးမှ အဝေးတိုင်ဘက်ကို ဖြတ်တင်ပေးခဲ့ရာမှာ ရှက်ဖီးလ်ဒ်နဲ့ပွဲကတည်းက အားနည်းချက်ဖြစ်နေတဲ့ ဝေါ်လ်ကာရဲ့ နောက်က ကွက်လပ်ထဲကို ပြေးဝင်နိုင်ခဲ့တဲ့ ဝါ့ဒ်-ပရောက်စ် ဒိုက်ဗင်ထိုးပြီး ခေါင်းတိုက်သွင်းခဲ့တာဖြစ်ပါတယ်။

ဒိုကူးရဲ့ ဖန်တီးမှုကနေ ဟားလန်းရဲ့ ပိတ်သွင်းမှုကို အာဂွါဒ်က ဂိုးစည်းပေါ်ကနေ တားဆီးသွားနိုင်ခဲ့လို့ ပထမပိုင်းကို ဝက်စ်ဟမ်းတို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းပြန်စစချင်းမှာပဲ မန်စီးတီးတို့ ချေပဂိုး ရယူနိုင်ခဲ့ကြပြီး အယ်လ်ဗာရက်ဇ် ပေးတာကို ဘယ်ခြမ်းက ရသွားခဲ့တဲ့ ဒိုကူးက တစ်ကိုယ်တော်ခြေစွမ်းနဲ့ ဝက်စ်ဟမ်းခံစစ်သမား ၅ ယောက်ကြားကနေ တိုးဝင်ပြီး အနိမ့်ဘောကန်သွင်းယူသွားခဲ့တာပါ။

ဒီနောက်မှာတော့ ပွဲက ပိုပြီး တစ်ဖက်သတ်ဆန်နေခဲ့သလို ဂိုးသမား အာရီယိုးလား ၁၀ လုံးလောက် ကာကွယ်သွားခဲ့လို့သာ အိမ်ရှင်တွေ သက်သာခဲ့ရပြီး ကွင်းလယ်အဖျက် အက်ဒ်ဆန် အယ်လ်ဗာရက်ဇ် နာသွားခဲ့ချိန်မှာ ဗဟိုခံစစ်သမားပဲ ထည့်ရမယ့်အစား တောင်ပံသမား ဘင်ရာမာနဲ့ လူစားလဲခဲ့တဲ့ ဝက်စ်ဟမ်းတို့ရဲ့ အမှားက အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပြီး ဒေးဗစ်မွိုက်စ်ရဲ့ လုပ်ရပ်က ဂွါဒီယိုလာအတွက် ထီပေါက်သလိုဖြစ်သွားခဲ့ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ မန်စီးတီးတို့ အနိုင်ဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတွဲလုံးကနေ ဘာနာဒို ဆေးလ်ဗားနဲ့ ဝမ်းတူးရိုက်ခဲ့တဲ့ အယ်လ်ဗာရက်ဇ်က ဧရိယာအစပ်ကနေ ဂိုးရှေ့ကို လှမ်းမ,တင်ပေးရာမှာ ဝက်စ်ဟမ်းခံစစ်က နေရာယူပုံလွဲခဲ့တဲ့ အာဂွါဒ်ရဲ့ အမှားကြောင့် ပေါ်တူဂီသားက ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ခြေနဲ့ထောက်ပြီး ဂိုးထဲ ပို့ပေးနိုင်ခဲ့တာပါ။

ပွဲချိန် ၈၆ မိနစ်မှာတော့ မန်စီးတီးတို့ပဲ အနိုင်သေချာစေမယ့် တတိယဂိုးကို ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းကနေ ကောင်တာ ပြန်ဝင်လာပြီး တစ်ကိုယ်တော်ဆွဲယူလာခဲ့တဲ့ ဘာနာဒို ဆေးလ်ဗားက ဧရိယာထိပ်ကနေ ဟားလန်းဆီကို ကွက်တိခင်းပေးခဲ့ရာမှာ တစ်ပွဲလုံး အာရီယိုလာ နံနှိမ်သမျှ ခံနေခဲ့ရတဲ့ ဟားလန်းက ဂိုးရှေ့ကနေ အနိမ့်ဘော အပြင်းကန်သွင်းယူနိုင်ခဲ့လို့ သုံးဂိုး-တစ်ဂိုးနဲ့ ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲကနေ ရရှိခဲ့တဲ့ သင်ခန်းစာကတော့ ပရီးမီးယားလိဂ်မှာ မန်စီးတီးတို့ရဲ့ ချန်ပီယံဆုကို လုယူဖို့ မလွယ်သေးဘူးဆိုတာပဲဖြစ်ပြီး သူ့အိမ်ကွင်းမှာ ဦးဆောင်ဂိုး ရထားသလို ပိတ်ကစားပြီး ကောင်တာတစ်ပေါက် လျှမ်းလျှမ်းတောက်တဲ့ ဝက်စ်ဟမ်းလို အသင်းမျိုးကို ဒီလိုမျိုး ၂၉ ကြိမ်ကန်၊ ၁၅ ကြိမ် ဂိုးပေါက်တည့်ပြီး Come Back ဖို့က တော်ရုံအသင်း လုပ်နိုင်တဲ့ ကိစ္စမျိုး မဟုတ်တာကြောင့် အာဆင်နယ်နဲ့ လီဗာပူးလ်တို့ ဆုတောင်းနိုင်မှ တော်ကာကျမယ်လို့ပဲ သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းကို ဒီရာသီမွာလည္း က်န္တဲ့ ၿပိဳင္ဘက္ေတြ မ်က္ေစာင္းထိုးလို႔ မလြယ္ေသးဘူးဆိုတာကို ဒီေန႔မွာ ဝက္စ္ဟမ္းကို အႏိုင္ယူျပသႏိုင္ခဲ့ၿပီး သူတို႔ေတြရဲ႕ ႀကီးမားတဲ့ အရည္အခ်င္းဟာ Error Margin ကို ခံႏိုင္ရည္ရွိတာျဖစ္ၿပီး ဘယ္အခက္အခဲမ်ိဳးကေနမဆို ျပန္လာႏိုင္တယ္ ဆိုတာကို ပညာေပးသြားခဲ့ပါတယ္။

ဂြါဒီယိုလာတစ္ေယာက္ ေက်ာဒဏ္ရာကို ခြဲစိတ္ၿပီး ပထမဆုံး ျပန္လည္ကိုင္တြယ္ခဲ့တဲ့ပြဲမွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ႐ူဘင္ ဒီယက္စ္၊ အာကန္ဂ်ီ၊ ေဝၚလ္ကာနဲ႔ ဂြါဒီေယာလ္တို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဘာနာဒို ေဆးလ္ဗား၊ ဖိုဒန္၊ ဟူလီယန္ အယ္လ္ဗာရက္ဇ္နဲ႔ ဒိုကူးတို႔ကို ခင္းက်င္းခဲ့ၿပီး တိုက္စစ္မွာေတာ့ ဟားလန္းကိုပဲ အေထာင္ထားခဲ့တာပါ။

အိမ္ရွင္ ဝက္စ္ဟမ္းတို႔ကေတာ့ ဂိုးသမား အာရီယိုလား၊ ခံစစ္မွာ ဇူးမား၊ အာဂြါဒ္၊ ဆိုဖာလ္နဲ႔ အီမာဆန္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ အက္ဒ္ဆန္ အယ္လ္ဗာရက္ဇ္၊ ဆိုးခ်က္ခ္နဲ႔ ဝါ့ဒ္-ပေရာက္စ္တို႔ကို စုဖြဲ႕ေပးခဲ့သလို တိုက္စစ္မွာေတာ့ ဘိုဝင္၊ ပါေကးတာနဲ႔ အန္တိုနီယိုတို႔ကို ပြဲထုတ္လာခဲ့တာ ျဖစ္ပါတယ္။

မန္စီးတီးခံစစ္မွာ ဂြါဒီေယာလ္က အသင္းေဖာ္ေတြနဲ႔ နားလည္မႈရဖို႔ တည္ေဆာက္ေနရဆဲ ကာလျဖစ္တာေၾကာင့္ သူ႔ဆီကပဲ အမွားမ်ားေနတာ ေတြ႕ခဲ့ရၿပီး ဒိုကူးကေတာ့ တစ္ပြဲထက္တစ္ပြဲ အံဝင္လာခဲ့သလို ဒဏ္ရာရေနတဲ့ ဂရီးလစ္ရွ္ေနရာကို အပိုင္သိမ္းၿပီး ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ဝက္စ္ဟမ္းရဲ႕ ဂိုးသမား အာရီယိုးလား ေကာင္းေနတာေၾကာင့္ ဂိုးစမရခဲ့တာပါ။

ပြဲခ်ိန္ ၃၆ မိနစ္မွာ ဝက္စ္ဟမ္းတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဆိုဖာလ္က ေဘာလုံးျပန္လုၿပီး ဘိုဝင္နဲ႔ အတြဲအဖက္ကေန ေတာင္ပံထြက္ၿပီးမွ အေဝးတိုင္ဘက္ကို ျဖတ္တင္ေပးခဲ့ရာမွာ ရွက္ဖီးလ္ဒ္နဲ႔ပြဲကတည္းက အားနည္းခ်က္ျဖစ္ေနတဲ့ ေဝၚလ္ကာရဲ႕ ေနာက္က ကြက္လပ္ထဲကို ေျပးဝင္ႏိုင္ခဲ့တဲ့ ဝါ့ဒ္-ပေရာက္စ္ ဒိုက္ဗင္ထိုးၿပီး ေခါင္းတိုက္သြင္းခဲ့တာျဖစ္ပါတယ္။

ဒိုကူးရဲ႕ ဖန္တီးမႈကေန ဟားလန္းရဲ႕ ပိတ္သြင္းမႈကို အာဂြါဒ္က ဂိုးစည္းေပၚကေန တားဆီးသြားႏိုင္ခဲ့လို႔ ပထမပိုင္းကို ဝက္စ္ဟမ္းတို႔က တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းျပန္စစခ်င္းမွာပဲ မန္စီးတီးတို႔ ေခ်ပဂိုး ရယူႏိုင္ခဲ့ၾကၿပီး အယ္လ္ဗာရက္ဇ္ ေပးတာကို ဘယ္ျခမ္းက ရသြားခဲ့တဲ့ ဒိုကူးက တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ဝက္စ္ဟမ္းခံစစ္သမား ၅ ေယာက္ၾကားကေန တိုးဝင္ၿပီး အနိမ့္ေဘာကန္သြင္းယူသြားခဲ့တာပါ။

ဒီေနာက္မွာေတာ့ ပြဲက ပိုၿပီး တစ္ဖက္သတ္ဆန္ေနခဲ့သလို ဂိုးသမား အာရီယိုးလား ၁၀ လုံးေလာက္ ကာကြယ္သြားခဲ့လို႔သာ အိမ္ရွင္ေတြ သက္သာခဲ့ရၿပီး ကြင္းလယ္အဖ်က္ အက္ဒ္ဆန္ အယ္လ္ဗာရက္ဇ္ နာသြားခဲ့ခ်ိန္မွာ ဗဟိုခံစစ္သမားပဲ ထည့္ရမယ့္အစား ေတာင္ပံသမား ဘင္ရာမာနဲ႔ လူစားလဲခဲ့တဲ့ ဝက္စ္ဟမ္းတို႔ရဲ႕ အမွားက အလွည့္အေျပာင္းတစ္ခုျဖစ္ခဲ့ၿပီး ေဒးဗစ္မြိဳက္စ္ရဲ႕ လုပ္ရပ္က ဂြါဒီယိုလာအတြက္ ထီေပါက္သလိုျဖစ္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ မန္စီးတီးတို႔ အႏိုင္ဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းတြဲလုံးကေန ဘာနာဒို ေဆးလ္ဗားနဲ႔ ဝမ္းတူး႐ိုက္ခဲ့တဲ့ အယ္လ္ဗာရက္ဇ္က ဧရိယာအစပ္ကေန ဂိုးေရွ႕ကို လွမ္းမ,တင္ေပးရာမွာ ဝက္စ္ဟမ္းခံစစ္က ေနရာယူပုံလြဲခဲ့တဲ့ အာဂြါဒ္ရဲ႕ အမွားေၾကာင့္ ေပၚတူဂီသားက ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ေျခနဲ႔ေထာက္ၿပီး ဂိုးထဲ ပို႔ေပးႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ မန္စီးတီးတို႔ပဲ အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးကို ရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ညာျခမ္းကေန ေကာင္တာ ျပန္ဝင္လာၿပီး တစ္ကိုယ္ေတာ္ဆြဲယူလာခဲ့တဲ့ ဘာနာဒို ေဆးလ္ဗားက ဧရိယာထိပ္ကေန ဟားလန္းဆီကို ကြက္တိခင္းေပးခဲ့ရာမွာ တစ္ပြဲလုံး အာရီယိုလာ နံႏွိမ္သမွ် ခံေနခဲ့ရတဲ့ ဟားလန္းက ဂိုးေရွ႕ကေန အနိမ့္ေဘာ အျပင္းကန္သြင္းယူႏိုင္ခဲ့လို႔ သုံးဂိုး-တစ္ဂိုးနဲ႔ ပြဲၿပီးဆုံးခဲ့တာျဖစ္ပါတယ္။

ဒီေန႔ပြဲကေန ရရွိခဲ့တဲ့ သင္ခန္းစာကေတာ့ ပရီးမီးယားလိဂ္မွာ မန္စီးတီးတို႔ရဲ႕ ခ်န္ပီယံဆုကို လုယူဖို႔ မလြယ္ေသးဘူးဆိုတာပဲျဖစ္ၿပီး သူ႔အိမ္ကြင္းမွာ ဦးေဆာင္ဂိုး ရထားသလို ပိတ္ကစားၿပီး ေကာင္တာတစ္ေပါက္ လွ်မ္းလွ်မ္းေတာက္တဲ့ ဝက္စ္ဟမ္းလို အသင္းမ်ိဳးကို ဒီလိုမ်ိဳး ၂၉ ႀကိမ္ကန္၊ ၁၅ ႀကိမ္ ဂိုးေပါက္တည့္ၿပီး Come Back ဖို႔က ေတာ္႐ုံအသင္း လုပ္ႏိုင္တဲ့ ကိစၥမ်ိဳး မဟုတ္တာေၾကာင့္ အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔ ဆုေတာင္းႏိုင္မွ ေတာ္ကာက်မယ္လို႔ပဲ သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.