MLS Messi

မက်ဆီ မပါတာနဲ့ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရတဲ့ အင်တာ မိုင်ယာမီ

လီယွန်နယ် မက်ဆီဟာ စနေနေ့ညက အတ္တလန္တာ ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့ဘဲ အင်တာမိုင်ယာမီက ၅-၂ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

ပထမပိုင်းပွဲကစားချိန် ၈ မိနစ်အတွင်းမှာပဲ အင်တာ မိုင်ယာမီဟာ ၃ ဂိုးအထိ ခွင့်ပြုခဲ့ရတာဖြစ်ပြီး မူယန်ဘာ၊ မီလာ(OG)၊ လန်နွန်တို့က ၃၆ မိနစ်ကနေ ၄၄ မိနစ်အတွင်း ဂိုးတွေ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အင်တာမိုင်ယာမီအတွက် ချေပဂိုး ၂ ဂိုးကို ကမ်ပါနာက ၂၅ မိနစ်နဲ့ ၅၃ မိနစ်တို့မှာ သွင်းယူပေးခဲ့ပေမယ့်လည်း လီယွန်နယ် မက်ဆီမပါတဲ့ အင်တာ မိုင်ယာမီဟာ ရေမြွေတစ်ကောင်လိုဖြစ်နေခဲ့တာဖြစ်ပါတယ်။

အတ္တလန္တာယူနိုက်တက်က ၇၆ မိနစ်နဲ့ ၈၉ မိနစ်တွေမှာ နောက်ထပ်ဦးဆောင်ဂိုးတွေ ရရှိသွားခဲ့ပြီး အင်တာမိုင်ယာမီ ပရိသတ်တွေဟာ အာဂျင်တီးနားကြယ်ပွင့် ဘယ်ရောက်နေတာလဲလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။

ဒီပွဲမတိုင်ခင် အင်တာ မိုင်ယာမီဟာ လီယွန်နယ် မက်ဆီ ရောက်ရှိလာပြီးကတည်းက ၁၂ ပွဲအထိ ရှုံးပွဲမရှိခဲ့ရာမှာ ၁၁ ပွဲက အနိုင်ရရှိခဲံတာဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့် ပထမဆုံးအကြိမ် မပါဝင်နိုင်ချိန်မှာ လမ်းကြောင်းမှန်ပေါ်ကနေ သွေဖယ်သွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီဟာ စေနေန႔ညက အတၱလႏၲာ ယူႏိုက္တက္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ပါဝင္ကစားေပးႏိုင္ျခင္းမရွိခဲ့ဘဲ အင္တာမိုင္ယာမီက ၅-၂ နဲ႔ ရႈံးနိမ့္သြားခဲ့ပါတယ္။

ပထမပိုင္းပြဲကစားခ်ိန္ ၈ မိနစ္အတြင္းမွာပဲ အင္တာ မိုင္ယာမီဟာ ၃ ဂိုးအထိ ခြင့္ျပဳခဲ့ရတာျဖစ္ၿပီး မူယန္ဘာ၊ မီလာ(OG)၊ လန္ႏြန္တို႔က ၃၆ မိနစ္ကေန ၄၄ မိနစ္အတြင္း ဂိုးေတြ သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အင္တာမိုင္ယာမီအတြက္ ေခ်ပဂိုး ၂ ဂိုးကို ကမ္ပါနာက ၂၅ မိနစ္နဲ႔ ၅၃ မိနစ္တို႔မွာ သြင္းယူေပးခဲ့ေပမယ့္လည္း လီယြန္နယ္ မက္ဆီမပါတဲ့ အင္တာ မိုင္ယာမီဟာ ေရေႁမြတစ္ေကာင္လိုျဖစ္ေနခဲ့တာျဖစ္ပါတယ္။

အတၱလႏၲာယူႏိုက္တက္က ၇၆ မိနစ္နဲ႔ ၈၉ မိနစ္ေတြမွာ ေနာက္ထပ္ဦးေဆာင္ဂိုးေတြ ရရွိသြားခဲ့ၿပီး အင္တာမိုင္ယာမီ ပရိသတ္ေတြဟာ အာဂ်င္တီးနားၾကယ္ပြင့္ ဘယ္ေရာက္ေနတာလဲလို႔ ေမးခြန္းထုတ္ခဲ့ၾကပါတယ္။

ဒီပြဲမတိုင္ခင္ အင္တာ မိုင္ယာမီဟာ လီယြန္နယ္ မက္ဆီ ေရာက္ရွိလာၿပီးကတည္းက ၁၂ ပြဲအထိ ရႈံးပြဲမရွိခဲ့ရာမွာ ၁၁ ပြဲက အႏိုင္ရရွိခဲံတာျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္ ပထမဆုံးအႀကိမ္ မပါဝင္ႏိုင္ခ်ိန္မွာ လမ္းေၾကာင္းမွန္ေပၚကေန ေသြဖယ္သြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.