Ligue1 MLS Messi

ဗာရက်တီကို ဆုတောင်းပေးရင်း ပီအက်စ်ဂျီကို ဘယ်လောက်စိတ်နာနေလဲဆိုတာ ပြသခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ ကာတာကလပ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ပီအက်စ်ဂျီအသင်းဖော်ဟောင်း မာကို ဗာရက်တီကို ဆုတောင်းစကားပြောကြားခဲ့ရာမှာ အသင်းဟောင်းကို ဘယ်လောက်အထိ စိတ်နာနေလဲဆိုတာ ပြသခဲ့တယ်လို့ ပရိသတ်တွေက ထင်မြင်နေကြပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ဗာရက်တီဟာ ၁၁ နှစ်ကြာ ကစားပေးခဲ့တဲ့ ပီအက်စ်ဂျီကို စွန့်ခွာပြီး ကာတာကလပ် အယ်လ်-အာရာဘီကို ပြောင်းရွှေ့ခဲ့ပြီဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့တာဖြစ်ပြီး အီတလီကွင်းလယ်ကြယ်ပွင့်ရဲ့ အပြောင်းအရွှေ့အတည်ပြုခဲ့ပြီးနောက် အသင်းဖော်ဟောင်း မက်ဆီက ကံကောင်းပါစေလို့ ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။

အင်တာမိုင်ယာမီကြယ်ပွင့်က “ခင်ဗျားရဲ့ အခန်းကဏ္ဍသစ်မှာ ကံကောင်းပါစေ။ ခင်ဗျားအတွက် ကျွန်တော် အမြဲတမ်း အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပေးနေတယ်ဆိုတာ ခင်ဗျား သိပြီးသားပါ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပရိသတ်တွေဟာ မက်ဆီက အဲဒီပို့စ်ထဲမှာ ပီအက်စ်ဂျီအသင်းကို ပြစ်တင်ဝေဖန်ခဲ့တယ်လို့ ထင်မြင်နေကြပြီး အာဂျင်တီးနားကြယ်ပွင့်ဟာ ဗာရက်တီနဲ့ ပီအက်စ်ဂျီမှာ အတူတူ ကစားခဲ့တဲ့ပုံကို တင်လို့ရပေမယ့်လည်း ဖိုင်နယ်လစ်ဆီမာက ပုံကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက “ပီအက်စ်ဂျီမှာ အတူတူကစားခဲ့တဲ့ ပုံပေါင်းသောင်းခြောက်ထောင်ရှိပေမယ့် မက်ဆီက ဖိုင်နယ်လစ်ဆီမာက ပုံတွေထဲက တစ်ပုံကိုပဲ ရွေးချယ်ခဲ့တယ်။ အဲဒီအချိန်ကို မေ့ချင်နေပုံပဲ”လို့ ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ဘရိုက ပီအက်စ်ဂျီဝတ်စုံနဲ့ပုံကို တင်ကို မတင်ချင်တာ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီဟာ ကာတာကလပ္ကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းေဖာ္ေဟာင္း မာကို ဗာရက္တီကို ဆုေတာင္းစကားေျပာၾကားခဲ့ရာမွာ အသင္းေဟာင္းကို ဘယ္ေလာက္အထိ စိတ္နာေနလဲဆိုတာ ျပသခဲ့တယ္လို႔ ပရိသတ္ေတြက ထင္ျမင္ေနၾကပါတယ္။

ဗုဒၶဟူးေန႔မွာ ဗာရက္တီဟာ ၁၁ ႏွစ္ၾကာ ကစားေပးခဲ့တဲ့ ပီအက္စ္ဂ်ီကို စြန႔္ခြာၿပီး ကာတာကလပ္ အယ္လ္-အာရာဘီကို ေျပာင္းေ႐ႊ႕ခဲ့ၿပီျဖစ္တယ္လို႔ အတည္ျပဳေျပာၾကားခဲ့တာျဖစ္ၿပီး အီတလီကြင္းလယ္ၾကယ္ပြင့္ရဲ႕ အေျပာင္းအေ႐ႊ႕အတည္ျပဳခဲ့ၿပီးေနာက္ အသင္းေဖာ္ေဟာင္း မက္ဆီက ကံေကာင္းပါေစလို႔ ဆုေတာင္းေပးခဲ့တာျဖစ္ပါတယ္။

အင္တာမိုင္ယာမီၾကယ္ပြင့္က “ခင္ဗ်ားရဲ႕ အခန္းက႑သစ္မွာ ကံေကာင္းပါေစ။ ခင္ဗ်ားအတြက္ ကြၽန္ေတာ္ အၿမဲတမ္း အေကာင္းဆုံးျဖစ္ဖို႔ ဆုေတာင္းေပးေနတယ္ဆိုတာ ခင္ဗ်ား သိၿပီးသားပါ”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပရိသတ္ေတြဟာ မက္ဆီက အဲဒီပို႔စ္ထဲမွာ ပီအက္စ္ဂ်ီအသင္းကို ျပစ္တင္ေဝဖန္ခဲ့တယ္လို႔ ထင္ျမင္ေနၾကၿပီး အာဂ်င္တီးနားၾကယ္ပြင့္ဟာ ဗာရက္တီနဲ႔ ပီအက္စ္ဂ်ီမွာ အတူတူ ကစားခဲ့တဲ့ပုံကို တင္လို႔ရေပမယ့္လည္း ဖိုင္နယ္လစ္ဆီမာက ပုံကိုသာ ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

ပရိသတ္တစ္ဦးက “ပီအက္စ္ဂ်ီမွာ အတူတူကစားခဲ့တဲ့ ပုံေပါင္းေသာင္းေျခာက္ေထာင္ရွိေပမယ့္ မက္ဆီက ဖိုင္နယ္လစ္ဆီမာက ပုံေတြထဲက တစ္ပုံကိုပဲ ေ႐ြးခ်ယ္ခဲ့တယ္။ အဲဒီအခ်ိန္ကို ေမ့ခ်င္ေနပုံပဲ”လို႔ ေရးသားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ဘ႐ိုက ပီအက္စ္ဂ်ီဝတ္စုံနဲ႔ပုံကို တင္ကို မတင္ခ်င္တာ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.