Match Report Premier League

အိုနာနာကို အားနာနာနဲ့ပဲ မန်ယူကို အိမ်ကွင်း ၁၉ ပွဲမရှုံး စံချိန်ဖျက်ပေးသွားတဲ့ ဘရိုက်တန်

ဘရိုက်တန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား စတီးလ်၊ ခံစစ်မှာ ဗန်ဟက်ကာ၊ လူးဝစ္စ ဒန့်ခ်၊ ဗဲ့လ်မန်းနဲ့ လမ့်ပ်တေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂရော့စ်၊ ဒါဟုဒ်၊ အယ်လ်ဒင်ဂရာ၊ လယ်လာနာနဲ့ မီတိုမာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဝဲလ်ဘက်ခ်ကို အထောင်ထားပြီး အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်စေခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် မန်ယူအသင်းကတော့ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ လင်ဒီလော့ဖ်၊ လီဆန်ဒရို မာတီနက်ဇ်၊ ဒါလော့နဲ့ ရက်ဂီလွန်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ကာစီမီရို၊ အဲရစ်ဆန်၊ မက်တော်မီနေး၊ ဘရူနို ဖာနန်ဒက်စ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဟွိုင်လွန်းကို ပွဲထုတ်လာခဲ့တာပါ။

မန်ယူနည်းပြ တန်ဟတ်အနေနဲ့ သူ့ရဲ့ ဝါးအစည်းပြေနေတဲ့ အသင်းကို ဗျူဟာအမှားတွေနဲ့ ဆက်သွားနေခဲ့ပြီး ရက်ရှ်ဖို့ဒ်ရဲ့ တောင်ပံတစ်ခြမ်းပဲ ရှိတဲ့ ကစားကွက်က အသင်းကို ထောင့်တန်းဆွဲနေစေခဲ့သလို ညာခြမ်းက လုံးဝအလုပ်မဖြစ်ဘဲရှိခဲ့ချိန်မှာ ဘရိုက်တန်တို့ဘက်က မီတိုမာနဲ့ လမ့်ပ်တေတို့ လွတ်လွတ်လပ်လပ် ကစားနိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာ ဘရိုက်တန်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားခဲ့ကြပြီး ညာခြမ်းကနေ ဝဲလ်ဘက်ခ်နဲ့ စတင်ခဲ့တဲ့ တိုက်စစ်ကို အယ်လ်ဒင်ဂရာက တောင်ပံကနေ ဧရိယာထဲ ဖြတ်ချိုးပေးရာမှာ လယ်လာနာက ပြေးပိတ်မလိုနဲ့ ပေါင်ကြားထဲက ဟ,ပေးလိုက်တဲ့ ဘောလုံးကို ကွက်တိဝင်လာခဲ့တဲ့ ဝဲလ်ဘက်ခ်က ဘယ်ခြေနဲ့ ပိတ်သွင်းပြီး အိုနာနာကို အနိုင်ယူသွားခဲ့တာပါ။

ဒီနောက်မှာ မန်ယူတို့ တုံ့ပြန်ဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးပေါက်မတည့်တာကပဲ များခဲ့သလို ဟွိုင်လွန်းက ရှားရှားပါးပါး ဂိုးပိုက်ထဲကို ပို့နိုင်ခဲ့ပေမယ့် ရက်ရှ်ဖို့ဒ် ဖြတ်တင်ချိန်မှာ ဂိုးစည်းကို ကျော်လွန်သွားခဲ့တာကြောင့် VAR နဲ့ ပယ်ဖျက်ခံခဲ့ရပြီး ပထမပိုင်းမှာတော့ ဘရိုက်တန်တို့က အိုးလ်ထရက်ဖို့ဒ်မှာ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း မန်ယူတို့ ချေပဂိုးပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် စိတ်သွားတိုင်း ကိုယ်မပါဘဲ အသင်းဖော်ချင်း နားလည်မှု နည်းပါးနေခဲ့သလို ဘရိုက်တန်တို့ဘက်ကတော့ အက်စ်တူပီညန် မပါဝင်နိုင်ချိန်မှာ ဘယ်တောင်ပံ မီတိုမာ စိတ်ကြိုက် နေရာလွတ်တွေ မရခဲ့တာကြောင့် သိပ်အလုပ်မဖြစ်ဘဲ အိမ်ရှင်တွေ သက်သာခွင့် ရခဲ့တာပါ။

ပွဲချိန် ၅၃ မိနစ်မှာတော့ ဘရိုက်တန်တို့ပဲ ဒုတိယ ဦးဆောင်ဂိုး ထပ်မံရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက မီတိုမာနဲ့ အပေးအယူ လုပ်လာတဲ့ လမ့်ပ်တေက ဧရိယာထိပ်ကို ခင်းပေးတာကို မန်ယူခံစစ်က ဟိုလူလိုလို ဒီလူလိုလိုနဲ့ မဖျက်နိုင်ဘဲ ရှိနေခဲ့ရာမှာ ဂရော့စ်က မာတီနက်ဇ်ကို ပညာပြပြီး အနိမ့်ဘော အပြင်းကန်သွင်းယူခဲ့လို့ အိုနာနာ ငုတ်တုတ်မေ့ခဲ့ရပြန်ပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာ မန်ယူတို့ဘက်က အလုပ်ဖြစ်လိုဖြစ်ငြား ကာစီမီရိုနဲ့ ဟွိုင်လွန်းတို့ကို ထုတ်ပြီး မေဘရီနဲ့ မာစီယယ်လ်တို့ကို ထည့်သွင်းခဲ့သလို ဘရိုက်တန်တို့ဘက်ကတော့ လယ်လာနာနဲ့ ဝဲလ်ဘက်ခ်တို့ကို ထုတ်ပြီး အန်ဆူ ဖာတီနဲ့ ဂျာအို ပက်ဒရိုတို့ကို ထည့်သွင်းသွားခဲ့လို့ နည်းပြ ဒီဇာဘီရဲ့ လုပ်ရဲ ကိုင်ရဲမှုကို မြင်ခဲ့ရတာပါ။

ပွဲချိန် ၇၁ မိနစ်မှာတော့ ဘရိုက်တန်တို့ပဲ တတိယဂိုး သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဂရော့စ် ခင်းပေးလိုက်တဲ့ ဘောလုံးကို လမ့်ပ်တေက တောင်ပံတောက်လျှောက်ဆွဲပြးပြီး ဧရိယာထိပ်ကို အနိမ့်ဘော ခင်းပေးရာမှာ ဒုတိယဂိုးက ကန်သွားတဲ့ နေရာနားကနေပဲ ဂျာအို ပက်ဒရိုက မနားတမ်း ပိတ်သွင်းခဲ့ရာမှာ အိုနာနာ ကာကွယ်ပုံ ညံ့ဖျင်းခဲ့လို့ ဂိုးအလယ်နားကိုပဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာ အိမ်ထပြန်သွားခဲ့ကြတဲ့ မန်ယူဖန်တွေအတွက် အရှက်ပြေ နှစ်သိမ့်ဂိုးတစ်ဂိုးကို ပြန်လည်သွင်းယူပေးနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ မာတီနက်ဇ် ပေးတာကို မေဘရီက ရယူပြီး ဧရိယာအပြင်ကနေ ကန်သွင်းခဲ့ရာမှာ ဘရိုက်တန်နောက်ခံလူတွေကြားထဲကနေ ထွက်လာတဲ့ ဘောလုံးကို ဂိုးသမား စတီးလ် ကာကွယ်မှု နောက်ကျခဲ့တာကြောင့် ဂိုးပြန်ပေးခဲ့ရတာပါ။

ဒီနောက်မှာ ဘရိုက်တန်တို့ဘက်က လမ့်ပ်တေ၊ ဒါဟုဒ်နဲ့ အယ်လ်ဒင်ဂရာတို့အစား မီလ်နာ၊ အန်ဆူ ဖာတီနဲ့ ဖာဂူဆန်တို့ကို ထည့်သွင်းသွားခဲ့ပြီး မန်ယူတို့ဘက်ကတော့ မက်တော်မီနေး၊ မာတီနက်ဇ်နဲ့ ရက်ဂီလွန်တို့အစား ပယ်လစ္စထရီ၊ ဝန်ဘစ်ဆာကာနဲ့ ဂါနာချိုတို့ကို ပြောင်းလဲခဲ့ပြီး ဘာစီလိုနာမှာ ဂိုးသမားတည့်တည့်ကန်တာ နာမည်ကြီးတဲ့ ဖာတီကတော့ နှစ်ကြိမ်လောက် ဖြုန်းတီးသွားခဲ့လို့ ဂိုးမပြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဘရိုက်တန်တို့က မန်ယူတို့ကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရယူပြီး အိုးလ်ထရက်ဖို့ဒ်မှာ ၁၉ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ရပ်တန့်ပေးသွားခဲ့သလို တိုက်ဆိုင်စွာပဲ အဲ့ဒီစံချိန်ကို မရရှိခင်က နောက်ဆုံးရှုံးပွဲကို သူတို့တွေကပဲ ပေးစွမ်းခဲ့တာဖြစ်လို့ ငါတို့မလာခင် ကျယ်ထားသမျှ နားလိုက်တော့ဆိုပြီး ငယ်နိုင်အထာဖမ်းသွားခဲ့ကြတာလည်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘ႐ိုက္တန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား စတီးလ္၊ ခံစစ္မွာ ဗန္ဟက္ကာ၊ လူးဝစၥ ဒန႔္ခ္၊ ဗဲ့လ္မန္းနဲ႔ လမ့္ပ္ေတတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂေရာ့စ္၊ ဒါဟုဒ္၊ အယ္လ္ဒင္ဂရာ၊ လယ္လာနာနဲ႔ မီတိုမာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဝဲလ္ဘက္ခ္ကို အေထာင္ထားၿပီး အသင္းေဟာင္းနဲ႔ ျပန္လည္ရင္ဆိုင္ေစခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ မန္ယူအသင္းကေတာ့ ဂိုးသမား အိုနာနာ၊ ခံစစ္မွာ လင္ဒီေလာ့ဖ္၊ လီဆန္ဒ႐ို မာတီနက္ဇ္၊ ဒါေလာ့နဲ႔ ရက္ဂီလြန္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ကာစီမီ႐ို၊ အဲရစ္ဆန္၊ မက္ေတာ္မီေနး၊ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဟြိဳင္လြန္းကို ပြဲထုတ္လာခဲ့တာပါ။

မန္ယူနည္းျပ တန္ဟတ္အေနနဲ႔ သူ႔ရဲ႕ ဝါးအစည္းေျပေနတဲ့ အသင္းကို ဗ်ဴဟာအမွားေတြနဲ႔ ဆက္သြားေနခဲ့ၿပီး ရက္ရွ္ဖို႔ဒ္ရဲ႕ ေတာင္ပံတစ္ျခမ္းပဲ ရွိတဲ့ ကစားကြက္က အသင္းကို ေထာင့္တန္းဆြဲေနေစခဲ့သလို ညာျခမ္းက လုံးဝအလုပ္မျဖစ္ဘဲရွိခဲ့ခ်ိန္မွာ ဘ႐ိုက္တန္တို႔ဘက္က မီတိုမာနဲ႔ လမ့္ပ္ေတတို႔ လြတ္လြတ္လပ္လပ္ ကစားႏိုင္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၂၀ မွာ ဘ႐ိုက္တန္တို႔ အဖြင့္ဂိုး စတင္သြင္းယူသြားခဲ့ၾကၿပီး ညာျခမ္းကေန ဝဲလ္ဘက္ခ္နဲ႔ စတင္ခဲ့တဲ့ တိုက္စစ္ကို အယ္လ္ဒင္ဂရာက ေတာင္ပံကေန ဧရိယာထဲ ျဖတ္ခ်ိဳးေပးရာမွာ လယ္လာနာက ေျပးပိတ္မလိုနဲ႔ ေပါင္ၾကားထဲက ဟ,ေပးလိုက္တဲ့ ေဘာလုံးကို ကြက္တိဝင္လာခဲ့တဲ့ ဝဲလ္ဘက္ခ္က ဘယ္ေျခနဲ႔ ပိတ္သြင္းၿပီး အိုနာနာကို အႏိုင္ယူသြားခဲ့တာပါ။

ဒီေနာက္မွာ မန္ယူတို႔ တုံ႔ျပန္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဂိုးေပါက္မတည့္တာကပဲ မ်ားခဲ့သလို ဟြိဳင္လြန္းက ရွားရွားပါးပါး ဂိုးပိုက္ထဲကို ပို႔ႏိုင္ခဲ့ေပမယ့္ ရက္ရွ္ဖို႔ဒ္ ျဖတ္တင္ခ်ိန္မွာ ဂိုးစည္းကို ေက်ာ္လြန္သြားခဲ့တာေၾကာင့္ VAR နဲ႔ ပယ္ဖ်က္ခံခဲ့ရၿပီး ပထမပိုင္းမွာေတာ့ ဘ႐ိုက္တန္တို႔က အိုးလ္ထရက္ဖို႔ဒ္မွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း မန္ယူတို႔ ေခ်ပဂိုးျပန္ရဖို႔ ႀကိဳးစားခဲ့ေပမယ့္ စိတ္သြားတိုင္း ကိုယ္မပါဘဲ အသင္းေဖာ္ခ်င္း နားလည္မႈ နည္းပါးေနခဲ့သလို ဘ႐ိုက္တန္တို႔ဘက္ကေတာ့ အက္စ္တူပီညန္ မပါဝင္ႏိုင္ခ်ိန္မွာ ဘယ္ေတာင္ပံ မီတိုမာ စိတ္ႀကိဳက္ ေနရာလြတ္ေတြ မရခဲ့တာေၾကာင့္ သိပ္အလုပ္မျဖစ္ဘဲ အိမ္ရွင္ေတြ သက္သာခြင့္ ရခဲ့တာပါ။

ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းက မီတိုမာနဲ႔ အေပးအယူ လုပ္လာတဲ့ လမ့္ပ္ေတက ဧရိယာထိပ္ကို ခင္းေပးတာကို မန္ယူခံစစ္က ဟိုလူလိုလို ဒီလူလိုလိုနဲ႔ မဖ်က္ႏိုင္ဘဲ ရွိေနခဲ့ရာမွာ ဂေရာ့စ္က မာတီနက္ဇ္ကို ပညာျပၿပီး အနိမ့္ေဘာ အျပင္းကန္သြင္းယူခဲ့လို႔ အိုနာနာ ငုတ္တုတ္ေမ့ခဲ့ရျပန္ပါတယ္။

ပြဲခ်ိန္ ၆၄ မိနစ္မွာ မန္ယူတို႔ဘက္က အလုပ္ျဖစ္လိုျဖစ္ျငား ကာစီမီ႐ိုနဲ႔ ဟြိဳင္လြန္းတို႔ကို ထုတ္ၿပီး ေမဘရီနဲ႔ မာစီယယ္လ္တို႔ကို ထည့္သြင္းခဲ့သလို ဘ႐ိုက္တန္တို႔ဘက္ကေတာ့ လယ္လာနာနဲ႔ ဝဲလ္ဘက္ခ္တို႔ကို ထုတ္ၿပီး အန္ဆူ ဖာတီနဲ႔ ဂ်ာအို ပက္ဒ႐ိုတို႔ကို ထည့္သြင္းသြားခဲ့လို႔ နည္းျပ ဒီဇာဘီရဲ႕ လုပ္ရဲ ကိုင္ရဲမႈကို ျမင္ခဲ့ရတာပါ။

ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ပဲ တတိယဂိုး သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ဂေရာ့စ္ ခင္းေပးလိုက္တဲ့ ေဘာလုံးကို လမ့္ပ္ေတက ေတာင္ပံေတာက္ေလွ်ာက္ဆြဲျပးၿပီး ဧရိယာထိပ္ကို အနိမ့္ေဘာ ခင္းေပးရာမွာ ဒုတိယဂိုးက ကန္သြားတဲ့ ေနရာနားကေနပဲ ဂ်ာအို ပက္ဒ႐ိုက မနားတမ္း ပိတ္သြင္းခဲ့ရာမွာ အိုနာနာ ကာကြယ္ပုံ ညံ့ဖ်င္းခဲ့လို႔ ဂိုးအလယ္နားကိုပဲ ဝင္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာ အိမ္ထျပန္သြားခဲ့ၾကတဲ့ မန္ယူဖန္ေတြအတြက္ အရွက္ေျပ ႏွစ္သိမ့္ဂိုးတစ္ဂိုးကို ျပန္လည္သြင္းယူေပးႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန မာတီနက္ဇ္ ေပးတာကို ေမဘရီက ရယူၿပီး ဧရိယာအျပင္ကေန ကန္သြင္းခဲ့ရာမွာ ဘ႐ိုက္တန္ေနာက္ခံလူေတြၾကားထဲကေန ထြက္လာတဲ့ ေဘာလုံးကို ဂိုးသမား စတီးလ္ ကာကြယ္မႈ ေနာက္က်ခဲ့တာေၾကာင့္ ဂိုးျပန္ေပးခဲ့ရတာပါ။

ဒီေနာက္မွာ ဘ႐ိုက္တန္တို႔ဘက္က လမ့္ပ္ေတ၊ ဒါဟုဒ္နဲ႔ အယ္လ္ဒင္ဂရာတို႔အစား မီလ္နာ၊ အန္ဆူ ဖာတီနဲ႔ ဖာဂူဆန္တို႔ကို ထည့္သြင္းသြားခဲ့ၿပီး မန္ယူတို႔ဘက္ကေတာ့ မက္ေတာ္မီေနး၊ မာတီနက္ဇ္နဲ႔ ရက္ဂီလြန္တို႔အစား ပယ္လစၥထရီ၊ ဝန္ဘစ္ဆာကာနဲ႔ ဂါနာခ်ိဳတို႔ကို ေျပာင္းလဲခဲ့ၿပီး ဘာစီလိုနာမွာ ဂိုးသမားတည့္တည့္ကန္တာ နာမည္ႀကီးတဲ့ ဖာတီကေတာ့ ႏွစ္ႀကိမ္ေလာက္ ျဖဳန္းတီးသြားခဲ့လို႔ ဂိုးမျပတ္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဘ႐ိုက္တန္တို႔က မန္ယူတို႔ကို သုံးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရယူၿပီး အိုးလ္ထရက္ဖို႔ဒ္မွာ ၁၉ ပြဲဆက္တိုက္ ရႈံးပြဲမရွိစံခ်ိန္ကို ရပ္တန႔္ေပးသြားခဲ့သလို တိုက္ဆိုင္စြာပဲ အဲ့ဒီစံခ်ိန္ကို မရရွိခင္က ေနာက္ဆုံးရႈံးပြဲကို သူတို႔ေတြကပဲ ေပးစြမ္းခဲ့တာျဖစ္လို႔ ငါတို႔မလာခင္ က်ယ္ထားသမွ် နားလိုက္ေတာ့ဆိုၿပီး ငယ္ႏိုင္အထာဖမ္းသြားခဲ့ၾကတာလည္းျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.