Bundesliga Match Report

အလွန်ဆိုလက်အောက်မှာ အလွန်ဆိုးနေတဲ့ လေဗာကူဆင်ကို သရေကျခဲ့တဲ့ ဘိုင်ယန်မြူးနစ်

ဟာရီ ကိန်းဟာ သောကြာနေ့ည မြူးနစ်မှာ ပွဲကစားချိန် ၇ မိနစ်မပြည့်ခင်မှာပဲ ဘိုင်ယန်မြူးနစ်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး နောက်ထပ်တစ်ကြိမ် ဂိုးပေါက်ရှာတွေ့ခဲ့ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟာ လီရွိုင်း ဆာနေးရဲ့ ထောင့်ကန်ဘောကနေ ကန်တင်လိုက်တဲ့ဘောလုံးကို အာဆင်နယ်ကြယ်ပွင့်ဟောင်း ဂရာနစ် ချာကာနဲ့ ခေါင်းယှဉ်တိုက်ပြီး ဂိုးပေါက်ထဲကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘွန်ဒက်စ်လီဂါကြယ်ပွင့်သစ်ဟာ ဒုတိယပိုင်းမှာ နောက်ထပ်တစ်ကြိမ် ဂိုးပေါက်ရှာတွေ့ခြင်းမရှိခဲ့တဲ့နောက် ၈၅ မိနစ်မှာ လူစားလဲခံရချိန်မှာ ကွင်းအတွင်းကနေ မကျေမနပ်နဲ့ ထွက်ခွာခဲ့ရတာဖြစ်ပြီး လေဗာကူဆင်ဂိုးသမား ဟရာဒက်ကီက အနီးကပ်ပိတ်သွင်းမှုကို အလွန်ကောင်းမွန်တဲ့ ကာကွယ်မှုတွေ ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

အလက်ဟန်းဒရိုး ဂရီမယ်လ်ဒိုက ၂၆ မိနစ်မှာ လေဗာကူဆင်အတွက် ၎င်းရဲ့ ပထမဆုံးဘွန်ဒက်စ်လီဂါသွင်းဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပြီး အလွတ်တည်ကန်ဘောကနေ ဘိုင်ယန်မြူးနစ်ဂိုးသမား ဘယ်လိုမှ မကာကွယ်နိုင်အောင် ကန်သွင်းယူခဲ့တာဖြစ်ပြီး အာဆင်နယ်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ချာကာက ဘောလုံးပေးပို့ရာမှာ တိကျမှု ၈၇ ရာခိုင်နှုန်း၊ ဘောလုံးထိတွေ့မှု ၉၇ ကြိမ်၊ ပြိုင်ဘက်ခံစစ်ထဲကို ဘောလုံးပေးပို့မှု ၁၇ ကြိမ်၊ ရှင်းထုတ်မှု ၃ ကြိမ်၊ ကြားဝင်ဖျက်ထုတ်မှု ၄ ကြိမ်၊ ဘောလုံးပြန်လည်ဆယ်ယူမှု ၆ ကြိမ်၊ လိမ်ခေါက်ဖြတ်ကျော်မှု ၁ ကြိမ်၊ တစ်ဦးချင်းတိုက်ပွဲမှာ ၄ ကြိမ်အနိုင်ရရှိခဲ့ပြီး ဒီပွဲစဉ်မှာ လေဗာကူဆင်ရဲ့ကွင်းလယ်မှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။

လေဗာကူဆင်ဟာ ၇၇ မိနစ်မှာ ဖလိုရီယန် ဗာ့ဇ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိလုဆဲဆဲဖြစ်ခဲ့တာကြောင့် ဦးဆောင်ဂိုးရရှိဖို့ နီးစပ်ခဲ့ပြီး ပထမပိုင်းမှာ ဗစ်တာ ဘိုနီဖေ့စ်ရဲ့ သွင်းဂိုးကို လူကျွံဘောအဖြစ် ပယ်ဖျက်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အတွက် လီယွန် ဂိုဟက်စ်ကာက ၈၆ မိနစ်မှာ နောက်ကျအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီလို့ ထင်ခဲ့ပေမယ့်လည်း ၉၄ မိနစ်မှာ အယ်လ်ဖွန်ဆို ဒေးဗီးစ်က ဟော့ဖ်မန်းကို ပင်နယ်တီဧရိယာထဲမှာ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က VAR နဲ့ ပြန်လည်စစ်ဆေးပြီးနောက် လေဗာကူဆင်ကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

လေဗာကူဆင်အတွက် ပင်နယ်တီကို ပလာစီယို့စ်က အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့ပြီး နောက်ကျ ချေပဂိုးကို ရရှိခဲ့ပေမယ့်လည်း ပွဲကစားချိန် နောက်ဆုံးမိနစ်မှာ အူပါမီကာနိုက ဘိုင်ယန်မြူးနစ်အတွက် နောက်ကျအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့်လည်း လူကျွံဘောအဖြစ် ပယ်ဖျက်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဟာရီ ကိန္းဟာ ေသာၾကာေန႔ည ျမဴးနစ္မွာ ပြဲကစားခ်ိန္ ၇ မိနစ္မျပည့္ခင္မွာပဲ ဘိုင္ယန္ျမဴးနစ္အတြက္ အဖြင့္ဂိုးကို သြင္းယူေပးခဲ့ၿပီး ေနာက္ထပ္တစ္ႀကိမ္ ဂိုးေပါက္ရွာေတြ႕ခဲ့ပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ဟာ လီ႐ြိဳင္း ဆာေနးရဲ႕ ေထာင့္ကန္ေဘာကေန ကန္တင္လိုက္တဲ့ေဘာလုံးကို အာဆင္နယ္ၾကယ္ပြင့္ေဟာင္း ဂရာနစ္ ခ်ာကာနဲ႔ ေခါင္းယွဥ္တိုက္ၿပီး ဂိုးေပါက္ထဲကို အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘြန္ဒက္စ္လီဂါၾကယ္ပြင့္သစ္ဟာ ဒုတိယပိုင္းမွာ ေနာက္ထပ္တစ္ႀကိမ္ ဂိုးေပါက္ရွာေတြ႕ျခင္းမရွိခဲ့တဲ့ေနာက္ ၈၅ မိနစ္မွာ လူစားလဲခံရခ်ိန္မွာ ကြင္းအတြင္းကေန မေက်မနပ္နဲ႔ ထြက္ခြာခဲ့ရတာျဖစ္ၿပီး ေလဗာကူဆင္ဂိုးသမား ဟရာဒက္ကီက အနီးကပ္ပိတ္သြင္းမႈကို အလြန္ေကာင္းမြန္တဲ့ ကာကြယ္မႈေတြ ျပဳလုပ္သြားခဲ့တာျဖစ္ပါတယ္။

အလက္ဟန္းဒ႐ိုး ဂရီမယ္လ္ဒိုက ၂၆ မိနစ္မွာ ေလဗာကူဆင္အတြက္ ၎ရဲ႕ ပထမဆုံးဘြန္ဒက္စ္လီဂါသြင္းဂိုးကို သြင္းယူသြားခဲ့တာျဖစ္ၿပီး အလြတ္တည္ကန္ေဘာကေန ဘိုင္ယန္ျမဴးနစ္ဂိုးသမား ဘယ္လိုမွ မကာကြယ္ႏိုင္ေအာင္ ကန္သြင္းယူခဲ့တာျဖစ္ၿပီး အာဆင္နယ္ကေန ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ခ်ာကာက ေဘာလုံးေပးပို႔ရာမွာ တိက်မႈ ၈၇ ရာခိုင္ႏႈန္း၊ ေဘာလုံးထိေတြ႕မႈ ၉၇ ႀကိမ္၊ ၿပိဳင္ဘက္ခံစစ္ထဲကို ေဘာလုံးေပးပို႔မႈ ၁၇ ႀကိမ္၊ ရွင္းထုတ္မႈ ၃ ႀကိမ္၊ ၾကားဝင္ဖ်က္ထုတ္မႈ ၄ ႀကိမ္၊ ေဘာလုံးျပန္လည္ဆယ္ယူမႈ ၆ ႀကိမ္၊ လိမ္ေခါက္ျဖတ္ေက်ာ္မႈ ၁ ႀကိမ္၊ တစ္ဦးခ်င္းတိုက္ပြဲမွာ ၄ ႀကိမ္အႏိုင္ရရွိခဲ့ၿပီး ဒီပြဲစဥ္မွာ ေလဗာကူဆင္ရဲ႕ကြင္းလယ္မွာ အေကာင္းဆုံးကစားသမားျဖစ္ခဲ့တာျဖစ္ပါတယ္။

ေလဗာကူဆင္ဟာ ၇၇ မိနစ္မွာ ဖလိုရီယန္ ဗာ့ဇ္ရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမိလုဆဲဆဲျဖစ္ခဲ့တာေၾကာင့္ ဦးေဆာင္ဂိုးရရွိဖို႔ နီးစပ္ခဲ့ၿပီး ပထမပိုင္းမွာ ဗစ္တာ ဘိုနီေဖ့စ္ရဲ႕ သြင္းဂိုးကို လူကြၽံေဘာအျဖစ္ ပယ္ဖ်က္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အတြက္ လီယြန္ ဂိုဟက္စ္ကာက ၈၆ မိနစ္မွာ ေနာက္က်အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီလို႔ ထင္ခဲ့ေပမယ့္လည္း ၉၄ မိနစ္မွာ အယ္လ္ဖြန္ဆို ေဒးဗီးစ္က ေဟာ့ဖ္မန္းကို ပင္နယ္တီဧရိယာထဲမွာ ဖ်က္ထုတ္ပုံၾကမ္းတမ္းခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္က VAR နဲ႔ ျပန္လည္စစ္ေဆးၿပီးေနာက္ ေလဗာကူဆင္ကို ပင္နယ္တီ ကန္ခြင့္ေပးခဲ့တာျဖစ္ပါတယ္။

ေလဗာကူဆင္အတြက္ ပင္နယ္တီကို ပလာစီယို႔စ္က အမွားအယြင္းမရွိ ကန္သြင္းယူသြားခဲ့ၿပီး ေနာက္က် ေခ်ပဂိုးကို ရရွိခဲ့ေပမယ့္လည္း ပြဲကစားခ်ိန္ ေနာက္ဆုံးမိနစ္မွာ အူပါမီကာႏိုက ဘိုင္ယန္ျမဴးနစ္အတြက္ ေနာက္က်အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ေပမယ့္လည္း လူကြၽံေဘာအျဖစ္ ပယ္ဖ်က္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.