Ligue1

အမ်ဘာပေကယ်တင်တာတောင် မရတော့ဘဲ နိစ်ကို အိမ်ကွင်းမှာ ရှုံးတဲ့ ပီအက်စ်ဂျီ

နိစ်တိုက်စစ်မှူး တီရမ် မိုဖီဟာ သောကြာနေ့ညနေက ပီအက်စ်ဂျီကို ၃-၂ နဲ့ အနိုင်ရရှိအောင် သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ခဲ့ပြီး လီဂူးဝမ်းချန်ပီယံတွေဟာ ယခုရာသီ ပထမဆုံးသော အိမ်ကွင်းရှုံးပွဲကို ရင်ဆိုင်ခဲ့ရပါတယ်။

နိစ်တိုက်စစ်မှူး မိုဖီက ၂၁ မိနစ်မှာ အဖွင့်ဂိုး သွင်းယူခဲ့ပေမယ့်လည်း အမ်ဘာပေက ပီအက်စ်ဂျီအတွက် ၂၉ မိနစ်မှာ ပြန်လည်ချေပသွားခဲ့တာဖြစ်ပြီး ပထမပိုင်းအပြီးမှာ တစ်ဖက် ၁ ဂိုးစီ သရေကျနေခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဧည့်သည်အသင်းက ပိုအားကောင်းခဲ့ပြီး ဂေတန် လာဘော်ဒီက နိစ်အတွက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပြီး ၆၈ မိနစ်မှာ မိုဖီကပဲ တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

အမ်ဘာပေဟာ ဒုတိယပိုင်းပွဲကစားချိန်ပြီးဆုံးခါနီး ၃ မိနစ်အလိုမှာ မြေမကျကန်ချက်နဲ့ ချေပဂိုးကို သွင်းယူခဲ့ပေမယ့်လည်း နောက်ထပ်ချေပဂိုး ထပ်မံမရရှိခဲ့တာကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး လီဂူးဝမ်းထိပ်သီးအသင်းကြီးဟာ ရမှတ် ၈ မှတ်နဲ့ အဆင့် ၃ နေရာအထိ ကျဆင်းသွားခဲ့ပြီဖြစ်ပါတယ်။

နိစ်အသင်းကတော့ ပီအက်စ်ဂျီထက် ၁ မှတ်အသာ ဒုတိယနေရာမှာ ရပ်တည်နေပြီး ၂၀၂၃-၂၀၂၄ ရာသီမှာ ရှုံးပွဲမရှိသေးဘဲ မိုနာကိုက ရမှတ် ၁၂ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နိစ္တိုက္စစ္မႉး တီရမ္ မိုဖီဟာ ေသာၾကာေန႔ညေနက ပီအက္စ္ဂ်ီကို ၃-၂ နဲ႔ အႏိုင္ရရွိေအာင္ သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ျပဳလုပ္ခဲ့ၿပီး လီဂူးဝမ္းခ်န္ပီယံေတြဟာ ယခုရာသီ ပထမဆုံးေသာ အိမ္ကြင္းရႈံးပြဲကို ရင္ဆိုင္ခဲ့ရပါတယ္။

နိစ္တိုက္စစ္မႉး မိုဖီက ၂၁ မိနစ္မွာ အဖြင့္ဂိုး သြင္းယူခဲ့ေပမယ့္လည္း အမ္ဘာေပက ပီအက္စ္ဂ်ီအတြက္ ၂၉ မိနစ္မွာ ျပန္လည္ေခ်ပသြားခဲ့တာျဖစ္ၿပီး ပထမပိုင္းအၿပီးမွာ တစ္ဖက္ ၁ ဂိုးစီ သေရက်ေနခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ ဧည့္သည္အသင္းက ပိုအားေကာင္းခဲ့ၿပီး ေဂတန္ လာေဘာ္ဒီက နိစ္အတြက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့ၿပီး ၆၈ မိနစ္မွာ မိုဖီကပဲ တတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

အမ္ဘာေပဟာ ဒုတိယပိုင္းပြဲကစားခ်ိန္ၿပီးဆုံးခါနီး ၃ မိနစ္အလိုမွာ ေျမမက်ကန္ခ်က္နဲ႔ ေခ်ပဂိုးကို သြင္းယူခဲ့ေပမယ့္လည္း ေနာက္ထပ္ေခ်ပဂိုး ထပ္မံမရရွိခဲ့တာေၾကာင့္ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး လီဂူးဝမ္းထိပ္သီးအသင္းႀကီးဟာ ရမွတ္ ၈ မွတ္နဲ႔ အဆင့္ ၃ ေနရာအထိ က်ဆင္းသြားခဲ့ၿပီျဖစ္ပါတယ္။

နိစ္အသင္းကေတာ့ ပီအက္စ္ဂ်ီထက္ ၁ မွတ္အသာ ဒုတိယေနရာမွာ ရပ္တည္ေနၿပီး ၂၀၂၃-၂၀၂၄ ရာသီမွာ ရႈံးပြဲမရွိေသးဘဲ မိုနာကိုက ရမွတ္ ၁၂ မွတ္နဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.