UCL&UEL

ချန်ပီယံလိဂ်မှာ ဗိုလ်စွဲမယ့်အသင်းကို ဟောကိန်းထုတ်ခဲ့တဲ့ စူပါကွန်ပျူတာ

Opta ရဲ့ စူပါကွန်ပျူတာက ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခြေရှိတဲ့ အကောင်းဆုံး ၃ သင်းထဲမှာ အာဆင်နယ်ကို မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့နောက်မှာ ရွေးချယ်ခဲ့ပါတယ်။

ဂန်းနားတွေဟာ ၆ နှစ်ကြာ ဝေးကွာနေခဲ့တဲ့ ဥရောပထိပ်တန်းပြိုင်ပွဲကို ယခုရာသီမှာ ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာဖြစ်ပြီး ဂုဏ်သိက္ခာကြီးမားတဲ့ ချန်ပီယံလိဂ်ဖလားကြီးကို ကိုင်မြှောက်နိုင်ဖို့ တတိယမြောက် ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့လို ဥရောပ စူပါပါဝါအင်အားကြီးအသင်းကြီးတွေကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး ဂန်းနားတွေဟာ အုပ်စု B မှာ ဆီဗီလာ၊ အာစီ လွန်းစ်၊ ပီအက်စ်ဗွီတို့နဲ့ အတူကျရောက်နေတာဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ စက်တင်ဘာ ၂၀ ရက်နေ့မှာ ပီအက်စ်ဗွီကို အိမ်ကွင်းအမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်ပြီး ၂၀၂၃-၂၀၂၄ ချန်ပီယံလိဂ်ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ စူပါကွန်ပျူတာရဲ့ တွက်ချက်မှုတွေအရ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ ရေပန်းအစားဆုံးအသင်း ၃ သင်းအဖြစ် လက်ရှိ ချန်ပီယံ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ်တို့ သတ်မှတ်ခံခဲ့ရတာဖြစ်ပြီး အာဆင်နယ်ဟာ အထင်ကြီးဖွယ် အနိုင်ရာခိုင်နှုန်း ၈.၇ ရာခိုင်နှုန်းနဲ့ အမှန်တကယ် ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့အသင်းအဖြစ် ယူဆခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ရှုံးထွက်အဆင့်ကို အောင်အောင်မြင်မြင်နဲ့ တက်ရောက်နိုင်ခြေ ၈၉.၉ ရာခိုင်နှုန်းအထိ ရှိနေပြီး သမိုင်းကြောင်းအရလည်း ဂန်းနားတွေဟာ နောက်ဆုံး ၁၇ ကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

စူပါကွန်ပျူတာက အာဆင်နယ်ဟာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခြေ ၅၈.၅ ရာခိုင်နှုန်း၊ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခြေ ၁၇.၉ ရာခိုင်နှုန်းအထိ ရှိတယ်လို့ သတ်မှတ်ခဲ့တာဖြစ်ပြီး ဒုတိယရေပန်းအစားဆုံးဖြစ်တဲ့ ဥရောပ ၆ ကြိမ်ချန်ပီယံဘိုင်ယန်မြူးနစ်ကတော့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခြေ ၉၁.၁ ရာခိုင်နှုန်းနဲ့ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခြေ ၃၉.၁ ရာခိုင်နှုန်း၊ ဗိုလ်စွဲနိုင်ခြေ ၁၀.၉ ရာခိုင်နှုန်းအထိ ရှိနေခဲ့တာဖြစ်ပါတယ်။

အခြားဥရောပထိပ်သီးအသင်းကြီးတွေရဲ့ ဗိုလ်စွဲနိုင်ခြေအဖြစ် စူပါကွန်ပျူတာက ရီးရဲလ်မက်ဒရစ်(၆ ရာခိုင်နှုန်း)၊ အင်တာမီလန်(၅.၆ ရာခိုင်နှုန်း)၊ နာပိုလီ(၄.၅ ရာခိုင်နှုန်း) သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: Opta ရဲ႕ စူပါကြန္ပ်ဴတာက ယခုရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္ေျခရွိတဲ့ အေကာင္းဆုံး ၃ သင္းထဲမွာ အာဆင္နယ္ကို မန္စီးတီးနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ရဲ႕ေနာက္မွာ ေ႐ြးခ်ယ္ခဲ့ပါတယ္။

ဂန္းနားေတြဟာ ၆ ႏွစ္ၾကာ ေဝးကြာေနခဲ့တဲ့ ဥေရာပထိပ္တန္းၿပိဳင္ပြဲကို ယခုရာသီမွာ ျပန္လည္ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့တာျဖစ္ၿပီး ဂုဏ္သိကၡာႀကီးမားတဲ့ ခ်န္ပီယံလိဂ္ဖလားႀကီးကို ကိုင္ေျမႇာက္ႏိုင္ဖို႔ တတိယေျမာက္ ေရပန္းအစားဆုံးအသင္းအျဖစ္ သတ္မွတ္ခံခဲ့ရတာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာနဲ႔ ပီအက္စ္ဂ်ီတို႔လို ဥေရာပ စူပါပါဝါအင္အားႀကီးအသင္းႀကီးေတြကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ၿပီး ဂန္းနားေတြဟာ အုပ္စု B မွာ ဆီဗီလာ၊ အာစီ လြန္းစ္၊ ပီအက္စ္ဗြီတို႔နဲ႔ အတူက်ေရာက္ေနတာျဖစ္ပါတယ္။

အာတီတာရဲ႕အသင္းဟာ စက္တင္ဘာ ၂၀ ရက္ေန႔မွာ ပီအက္စ္ဗြီကို အိမ္ကြင္းအမ္းမရိတ္စ္မွာ လက္ခံယွဥ္ၿပိဳင္ၿပီး ၂၀၂၃-၂၀၂၄ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို စတင္ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။ စူပါကြန္ပ်ဴတာရဲ႕ တြက္ခ်က္မႈေတြအရ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ ေရပန္းအစားဆုံးအသင္း ၃ သင္းအျဖစ္ လက္ရွိ ခ်န္ပီယံ မန္စီးတီး၊ ဘိုင္ယန္ျမဴးနစ္နဲ႔ အာဆင္နယ္တို႔ သတ္မွတ္ခံခဲ့ရတာျဖစ္ၿပီး အာဆင္နယ္ဟာ အထင္ႀကီးဖြယ္ အႏိုင္ရာခိုင္ႏႈန္း ၈.၇ ရာခိုင္ႏႈန္းနဲ႔ အမွန္တကယ္ ၿခိမ္းေျခာက္ႏိုင္စြမ္းရွိတဲ့အသင္းအျဖစ္ ယူဆျခင္းခံခဲ့ရတာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ရႈံးထြက္အဆင့္ကို ေအာင္ေအာင္ျမင္ျမင္နဲ႔ တက္ေရာက္ႏိုင္ေျခ ၈၉.၉ ရာခိုင္ႏႈန္းအထိ ရွိေနၿပီး သမိုင္းေၾကာင္းအရလည္း ဂန္းနားေတြဟာ ေနာက္ဆုံး ၁၇ ႀကိမ္ ပါဝင္ယွဥ္ၿပိဳင္ခဲ့ရာမွာ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

စူပါကြန္ပ်ဴတာက အာဆင္နယ္ဟာ ကြာတားဖိုင္နယ္ကို တက္ေရာက္ႏိုင္ေျခ ၅၈.၅ ရာခိုင္ႏႈန္း၊ ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ေျခ ၁၇.၉ ရာခိုင္ႏႈန္းအထိ ရွိတယ္လို႔ သတ္မွတ္ခဲ့တာျဖစ္ၿပီး ဒုတိယေရပန္းအစားဆုံးျဖစ္တဲ့ ဥေရာပ ၆ ႀကိမ္ခ်န္ပီယံဘိုင္ယန္ျမဴးနစ္ကေတာ့ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ေျခ ၉၁.၁ ရာခိုင္ႏႈန္းနဲ႔ ဆီမီးဖိုင္နယ္တက္ေရာက္ႏိုင္ေျခ ၃၉.၁ ရာခိုင္ႏႈန္း၊ ဗိုလ္စြဲႏိုင္ေျခ ၁၀.၉ ရာခိုင္ႏႈန္းအထိ ရွိေနခဲ့တာျဖစ္ပါတယ္။

အျခားဥေရာပထိပ္သီးအသင္းႀကီးေတြရဲ႕ ဗိုလ္စြဲႏိုင္ေျခအျဖစ္ စူပါကြန္ပ်ဴတာက ရီးရဲလ္မက္ဒရစ္(၆ ရာခိုင္ႏႈန္း)၊ အင္တာမီလန္(၅.၆ ရာခိုင္ႏႈန္း)၊ နာပိုလီ(၄.၅ ရာခိုင္ႏႈန္း) သတ္မွတ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.