UCL&UEL

ယခုရာသီချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ခြေအများဆုံးအသင်း ၅ သင်း

ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲမှုတွေဟာ ယမန်နေ့ညမှာ အတည်ပြုနိုင်ခဲ့ပြီဖြစ်ပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ တွေ့ဆုံမှုတွေကို မြင်တွေ့ခဲ့ရပါတယ်။

နယူးကာဆယ်ရဲ့ ၂၀၀၂-၂၀၀၃ နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်အရသာဟာ ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီ၊ ဥရောပ ၇ ကြိမ်ချန်ပီယံ အေစီမီလန်အပြင် ဘွန်ဒက်စ်လီဂါဘီလူးကြီး ဒေ့ါမွန်တို့နဲ့အတူ သေမင်းတမန်အုပ်စုထဲမှာ ကျရောက်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကတော့ ဆီဗီလာ၊ ပီအက်စ်ဗွီ၊ ရာစီ လွန်းစ်တို့နဲ့ ကျရောက်ခဲ့တာကြောင့် စိတ်ကျေနပ်ခဲ့မှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကတော့ ဘိုင်ယန်မြူးနစ်၊ ဂလာတာဆာရေး၊ ကိုပင်ဟေဂင်တို့နဲ့ ကျရောက်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးကတော့ လိုက်ပ်ဇစ်၊ ရက်ဒ်စတားဘဲလ်ဂရိတ်၊ ယန်းဘွိုင်းစ်တို့နဲ့အတူ ကျရောက်ခဲ့တာကြောင့် အုပ်စုအချောင်ဆုံးဖြစ်နိုင်ပြီး ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခြေအရှိဆုံးအသင်း ၅ သင်းကို ဖော်ပြပေးလိုက်ပါတယ်။

၅။ ဘာစီလိုနာ

ဘာစီလိုနာဟာ ဥရောပထိပ်တန်းပြိုင်ပွဲမှာ ယှဉ်ပြိုင်နိုင်တဲ့အရည်အသွေးရှိကြောင်း ပြသထားတဲ့အသင်းဖြစ်ပြီး ရောဘတ် လီဗန်ဒေါ့ဗ်စကီးကလည်း ပြိုင်ဘက်ခံစစ်တွေအတွက် အိပ်မက်ဆိုးဖြစ်စေမယ့် တိုက်စစ်မှူးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားထွက်ခွာမှုတွေနဲ့ ကစားသမား မှတ်ပုံတင်ဖို့ မရေရာမသေချာမှုတွေက အသင်းရဲ့ အလားအလာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာအချို့ အဖြစ် ရှိနေပါသေးတယ်။

၄။ အာဆင်နယ်

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီ ဥရောပချန်ပီယံ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ တစ်သင်းတည်းသောအသင်းဖြစ်ခဲ့ပြီး ယခုနွေရာသီမှာ နောက်ထပ် အဓိကကစားသမားခေါ်ယူမှုတွေ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အာတီတာဟာ ၎င်းရဲ့ အကောင်းဆုံးပွဲထွက် ၁၁ ဦးစာရင်းကို သိရှိအောင် လုပ်ဖို့လိုအပ်နေဆဲဖြစ်ပြီး ပရီးမီးယားလိဂ်က ခြေစွမ်းက ချန်ပီယံလိဂ်ပြိုင်ပွဲအပေါ်မှာ အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ ဒါပေမယ့် အုပ်စုအဆင့် မဲခွဲရလဒ်အရ ဂန်းနားတွေဟာ နောက်တစ်ဆင့်တက်နိုင်ဖို့ အခွင့်အရေးကောင်းနေပြီး အဓိကကစားသမားအချို့ကိုလည်း အနားပေးခွင့် ရမှာဖြစ်ပါတယ်။

၃။ရီးရဲလ် မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အတွက် မေးခွန်းထုတ်စရာရှိတာကတော့ ဘန်ဇီးမားအလွန်မှာ ကစားသမားအစုအဖွဲ့ကို ဘယ်လို အသားကျအောင် လုပ်မလဲဆိုတာဖြစ်ပြီး ဗင်နီးရှပ်စ် ဂျူနီယာ၊ ဘယ်လင်ဟမ်၊ ဗယ်လ်ဗာဒီတို့ဟာ ယခုရာသီမှာ အသင်းအတွက် အကောင်းဆုံးပုံစံ ပြသနေတဲ့ကစားသမားတွေထဲမှာ အပါအဝင်ဖြစ်ပေမယ့်လည်း ပြိုင်ပွဲရဲ့ နောက်ပိုင်းအဆင့်တွေမှာ ပိုမိုခက်ခဲလာချိန်မှာ အဆုံးအဖြတ်ပေးနိုင်တဲ့ တိုက်စစ်ဗဟိုချက်မျိုး ကင်းမဲ့နေသေးတယ်လို့ ခံစားနေရဆဲဖြစ်ပါတယ်။

၂။ ဘိုင်ယန်မြူးနစ်

ဟာရီ ကိန်းရဲ့ ဂိုးသွင်းစွမ်းရည်က ဘိုင်ယန်မြူးနစ် ပြီးခဲ့တဲ့ရာသီက မရှိခဲ့တဲ့ လက်နက်တစ်ခုဖြစ်လာပြီး အင်္ဂလန်တိုက်စစ်မှူးရဲ့ အသင်းနဲ့ အသားကျသွားမှုက ဒီပြိုင်ပွဲမှာ ဘွန်ဒက်စ်လီဂါဘီလူးကြီးကို နောက်ဆုံးအဆင့်တွေအထိ ယူဆောင်ပေးနိုင်တယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ယခုနွေရာသီမှာ ကစားသမားခေါ်ယူမှုတွေ ကောင်းကောင်း လုပ်နိုင်ခဲ့ပြီး နည်းပြ သောမတ်စ် တူဟယ်ကလည်း ဒီဖလားရဖို့အတွက် ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်းသိတယ်ဆိုတာသက်သေပြသထားပြီးသူဖြစ်ပါတယ်။

၁။မန်စီးတီး

ဂွါဒီယိုလာရဲ့ ဖလား ၃ လုံးတပြိုင်နက်ဆွတ်ခူးခဲ့တဲ့ မန်စီးတီးထက် ဗိုလ်စွဲနိုင်ခြေရှိတဲ့အသင်းကို ရှာဖွေဖို့ဆိုတာ ခက်ခဲပြီး ဂန်ဒိုဝမ်နဲ့ မာရက်ဇ်တို့ကို ဆုံးရှုံးခဲ့ရပေမယ့်လည်း ဟာလန်းက နောက်ထပ်အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်နေတာဖြစ်ပါတယ်။ မန်စီးတီးအတွက် ပြဿနာဖြစ်လာနိုင်တဲ့အရာတစ်ခုကတော့ ကီဗင် ဒီဘရိုင်းနား ဒဏ်ရာကြောင့် မပါဝင်နိုင်မှုဖြစ်ပေမယ့်လည်း အုပ်စုအဆင့်ကို သက်တောင့်သက်သာကျော်ဖြတ်ပြီး ရှုံးထွက်အဆင့်မှာ ပြိုင်ဘက်အများစုကို ကျော်ဖြတ်ပြီး နောက်ထပ်တစ်ကြိမ် ဗိုလ်စွဲသွားနိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်န္ပီယံလိဂ္အုပ္စုအဆင့္မဲခြဲမႈေတြဟာ ယမန္ေန႔ညမွာ အတည္ျပဳႏိုင္ခဲ့ၿပီျဖစ္ၿပီး စိတ္ဝင္စားဖြယ္ေကာင္းတဲ့ ေတြ႕ဆုံမႈေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။

နယူးကာဆယ္ရဲ႕ ၂၀၀၂-၂၀၀၃ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္အရသာဟာ ျပင္သစ္ခ်န္ပီယံ ပီအက္စ္ဂ်ီ၊ ဥေရာပ ၇ ႀကိမ္ခ်န္ပီယံ ေအစီမီလန္အျပင္ ဘြန္ဒက္စ္လီဂါဘီလူးႀကီး ေဒ့ါမြန္တို႔နဲ႔အတူ ေသမင္းတမန္အုပ္စုထဲမွာ က်ေရာက္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ကေတာ့ ဆီဗီလာ၊ ပီအက္စ္ဗြီ၊ ရာစီ လြန္းစ္တို႔နဲ႔ က်ေရာက္ခဲ့တာေၾကာင့္ စိတ္ေက်နပ္ခဲ့မွာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ကေတာ့ ဘိုင္ယန္ျမဴးနစ္၊ ဂလာတာဆာေရး၊ ကိုပင္ေဟဂင္တို႔နဲ႔ က်ေရာက္ခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးကေတာ့ လိုက္ပ္ဇစ္၊ ရက္ဒ္စတားဘဲလ္ဂရိတ္၊ ယန္းဘြိဳင္းစ္တို႔နဲ႔အတူ က်ေရာက္ခဲ့တာေၾကာင့္ အုပ္စုအေခ်ာင္ဆုံးျဖစ္ႏိုင္ၿပီး ဒီရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္ေျခအရွိဆုံးအသင္း ၅ သင္းကို ေဖာ္ျပေပးလိုက္ပါတယ္။

၅။ ဘာစီလိုနာ

ဘာစီလိုနာဟာ ဥေရာပထိပ္တန္းၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ႏိုင္တဲ့အရည္အေသြးရွိေၾကာင္း ျပသထားတဲ့အသင္းျဖစ္ၿပီး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးကလည္း ၿပိဳင္ဘက္ခံစစ္ေတြအတြက္ အိပ္မက္ဆိုးျဖစ္ေစမယ့္ တိုက္စစ္မႉးျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကစားသမားထြက္ခြာမႈေတြနဲ႔ ကစားသမား မွတ္ပုံတင္ဖို႔ မေရရာမေသခ်ာမႈေတြက အသင္းရဲ႕ အလားအလာနဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္စရာအခ်ိဳ႕ အျဖစ္ ရွိေနပါေသးတယ္။

၄။ အာဆင္နယ္

အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရာသီ ဥေရာပခ်န္ပီယံ မန္စီးတီးနဲ႔ ပရီးမီးယားလိဂ္မွာ ယွဥ္ၿပိဳင္ႏိုင္ခဲ့တဲ့ တစ္သင္းတည္းေသာအသင္းျဖစ္ခဲ့ၿပီး ယခုေႏြရာသီမွာ ေနာက္ထပ္ အဓိကကစားသမားေခၚယူမႈေတြ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အာတီတာဟာ ၎ရဲ႕ အေကာင္းဆုံးပြဲထြက္ ၁၁ ဦးစာရင္းကို သိရွိေအာင္ လုပ္ဖို႔လိုအပ္ေနဆဲျဖစ္ၿပီး ပရီးမီးယားလိဂ္က ေျခစြမ္းက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအေပၚမွာ အက်ိဳးသက္ေရာက္မႈ ရွိႏိုင္ပါတယ္။ ဒါေပမယ့္ အုပ္စုအဆင့္ မဲခြဲရလဒ္အရ ဂန္းနားေတြဟာ ေနာက္တစ္ဆင့္တက္ႏိုင္ဖို႔ အခြင့္အေရးေကာင္းေနၿပီး အဓိကကစားသမားအခ်ိဳ႕ကိုလည္း အနားေပးခြင့္ ရမွာျဖစ္ပါတယ္။

၃။ရီးရဲလ္ မက္ဒရစ္

ရီးရဲလ္မက္ဒရစ္အတြက္ ေမးခြန္းထုတ္စရာရွိတာကေတာ့ ဘန္ဇီးမားအလြန္မွာ ကစားသမားအစုအဖြဲ႕ကို ဘယ္လို အသားက်ေအာင္ လုပ္မလဲဆိုတာျဖစ္ၿပီး ဗင္နီးရွပ္စ္ ဂ်ဴနီယာ၊ ဘယ္လင္ဟမ္၊ ဗယ္လ္ဗာဒီတို႔ဟာ ယခုရာသီမွာ အသင္းအတြက္ အေကာင္းဆုံးပုံစံ ျပသေနတဲ့ကစားသမားေတြထဲမွာ အပါအဝင္ျဖစ္ေပမယ့္လည္း ၿပိဳင္ပြဲရဲ႕ ေနာက္ပိုင္းအဆင့္ေတြမွာ ပိုမိုခက္ခဲလာခ်ိန္မွာ အဆုံးအျဖတ္ေပးႏိုင္တဲ့ တိုက္စစ္ဗဟိုခ်က္မ်ိဳး ကင္းမဲ့ေနေသးတယ္လို႔ ခံစားေနရဆဲျဖစ္ပါတယ္။

၂။ ဘိုင္ယန္ျမဴးနစ္

ဟာရီ ကိန္းရဲ႕ ဂိုးသြင္းစြမ္းရည္က ဘိုင္ယန္ျမဴးနစ္ ၿပီးခဲ့တဲ့ရာသီက မရွိခဲ့တဲ့ လက္နက္တစ္ခုျဖစ္လာၿပီး အဂၤလန္တိုက္စစ္မႉးရဲ႕ အသင္းနဲ႔ အသားက်သြားမႈက ဒီၿပိဳင္ပြဲမွာ ဘြန္ဒက္စ္လီဂါဘီလူးႀကီးကို ေနာက္ဆုံးအဆင့္ေတြအထိ ယူေဆာင္ေပးႏိုင္တယ္ဆိုတာကို ျပသေနတာျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္ဟာ ယခုေႏြရာသီမွာ ကစားသမားေခၚယူမႈေတြ ေကာင္းေကာင္း လုပ္ႏိုင္ခဲ့ၿပီး နည္းျပ ေသာမတ္စ္ တူဟယ္ကလည္း ဒီဖလားရဖို႔အတြက္ ဘာလုပ္ရမလဲဆိုတာ ေကာင္းေကာင္းသိတယ္ဆိုတာသက္ေသျပသထားၿပီးသူျဖစ္ပါတယ္။

၁။မန္စီးတီး

ဂြါဒီယိုလာရဲ႕ ဖလား ၃ လုံးတၿပိဳင္နက္ဆြတ္ခူးခဲ့တဲ့ မန္စီးတီးထက္ ဗိုလ္စြဲႏိုင္ေျခရွိတဲ့အသင္းကို ရွာေဖြဖို႔ဆိုတာ ခက္ခဲၿပီး ဂန္ဒိုဝမ္နဲ႔ မာရက္ဇ္တို႔ကို ဆုံးရႈံးခဲ့ရေပမယ့္လည္း ဟာလန္းက ေနာက္ထပ္အလြန္ေကာင္းမြန္တဲ့ရာသီကို ပိုင္ဆိုင္ေနတာျဖစ္ပါတယ္။ မန္စီးတီးအတြက္ ျပႆနာျဖစ္လာႏိုင္တဲ့အရာတစ္ခုကေတာ့ ကီဗင္ ဒီဘ႐ိုင္းနား ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္မႈျဖစ္ေပမယ့္လည္း အုပ္စုအဆင့္ကို သက္ေတာင့္သက္သာေက်ာ္ျဖတ္ၿပီး ရႈံးထြက္အဆင့္မွာ ၿပိဳင္ဘက္အမ်ားစုကို ေက်ာ္ျဖတ္ၿပီး ေနာက္ထပ္တစ္ႀကိမ္ ဗိုလ္စြဲသြားႏိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.