Serie A Transfer News

၄ နှစ်လောက်ပွဲပယ်ခံရနိုင်တဲ့ပေါ့ဂ်ဘာရဲ့နေရာမှာ ဂန်းနားကြယ်ပွင့်နဲ့ အစားထိုးချင်နေတဲ့ ဂျူဗင်တပ်

ဂျူဗင်တပ်ဟာ တကယ်လို့ ပေါ့ဂ်ဘာသာ ဆေးကျခဲ့မှုကို အယူခံမအောင်မြင်လို့ ကာလရှည် ပွဲပယ်ပြစ်ဒဏ်ကျခံရမယ်ဆိုရင် အာဆင်နယ်ကြယ်ပွင့် သောမတ်စ် ပါတေးနဲ့ အစားထိုးသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ပြင်သစ်ကွင်းလယ်ကြယ်ပွင့်ဟာ တက်စတိုစတီရုန်း သုံးစွဲခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီးနောက် ယာယီပွဲကစားခွင့် ပိတ်ခံထားရပြီး ၄ နှစ်အထိ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်းခံရနိုင်တဲ့အရေးနဲ့ ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်နဲ့ အူဒီးနီးစ်တို့ ဩဂုတ်လ ၂၀ ရက်နေ့က ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်အပြီးမှာ ဆေးစစ်ခံခဲ့ရာမှာ ပေါ့ဂ်ဘာဟာ အားကစားလောကမှာ တားမြစ်ထားတဲ့ ဆေးကို သုံးစွဲထားကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။

တားမြစ်ဆေးသုံးစွဲမှုအတွက် ကနဦး ၂ နှစ်ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိ သုံးစွဲခဲ့တာဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိခဲ့မယ်ဆိုရင် ပွဲပယ်ပြစ်ဒဏ်ဟာ အမြင့်ဆုံး ၄ နှစ်အထိ ကျခံရနိုင်တာဖြစ်ပါတယ်။ အီတလီက သတင်းတွေအရ ဂျူဗင်တပ်ဟာ ပေါ့ဂ်ဘာသာ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရမယ်ဆိုရင် စာချုပ်ဖျက်သိမ်းဖို့ လုပ်ဆောင်သွားမှာဖြစ်ပြီး အရေးပေါ် အစီအစဉ်ကို ဆွဲထားပြီးသား ဖြစ်တယ်လို့ သိရပါတယ်။

La Repubblica ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် သောမတ်စ် ပါတေးဟာ ဂျူဗင်တပ်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေပြီး ဂါနာကွင်းလယ်လူဟာ ယခုနွေရာသီမှာ တူရင်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း အမ်းမရိတ်စ်ကနေ ထွက်ခွာချင်လာအောင် စည်းရုံးဖို့ ခက်လိမ့်မယ်လို့ ယင်းသတင်းကပဲ ဖော်ပြခဲ့ပါတယ်။

ပါတေးဟာ လက်ရှိမှာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရပေမယ့်လည်း လာမယ့်အောက်တိုဘာလမှာ ပြန်လည်ကစားပေးနိုင်မယ်လို့ မျှော်လင့်နေပြီး ဂါနာလက်ရွေးစင်ကြယ်ပွင့်ဟာ အာဆင်နယ်ရဲ့ ယခုရာသီ ပရီးမီးယားလိဂ်ပထမဆုံး ၃ ပွဲစလုံးမှာ ပွဲထွက်ပါဝင်ခဲ့ပေမယ့်လည်း ပုံမှန်ကစားနေကျမဟုတ်တဲ့ ညာနောက်ခံနေရာကနေ ပါဝင်ကစားပေးခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ဴဗင္တပ္ဟာ တကယ္လို႔ ေပါ့ဂ္ဘာသာ ေဆးက်ခဲ့မႈကို အယူခံမေအာင္ျမင္လို႔ ကာလရွည္ ပြဲပယ္ျပစ္ဒဏ္က်ခံရမယ္ဆိုရင္ အာဆင္နယ္ၾကယ္ပြင့္ ေသာမတ္စ္ ပါေတးနဲ႔ အစားထိုးသြားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ျပင္သစ္ကြင္းလယ္ၾကယ္ပြင့္ဟာ တက္စတိုစတီ႐ုန္း သုံးစြဲခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ရၿပီးေနာက္ ယာယီပြဲကစားခြင့္ ပိတ္ခံထားရၿပီး ၄ ႏွစ္အထိ ပြဲပယ္ျပစ္ဒဏ္ ခ်မွတ္ျခင္းခံရႏိုင္တဲ့အေရးနဲ႔ ရင္ဆိုင္ရတာ ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္နဲ႔ အူဒီးနီးစ္တို႔ ဩဂုတ္လ ၂၀ ရက္ေန႔က ကစားခဲ့တဲ့ စီးရီးေအပြဲစဥ္အၿပီးမွာ ေဆးစစ္ခံခဲ့ရာမွာ ေပါ့ဂ္ဘာဟာ အားကစားေလာကမွာ တားျမစ္ထားတဲ့ ေဆးကို သုံးစြဲထားေၾကာင္း ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

တားျမစ္ေဆးသုံးစြဲမႈအတြက္ ကနဦး ၂ ႏွစ္ပြဲပယ္ျပစ္ဒဏ္က်ခံရမွာျဖစ္ၿပီး ရည္႐ြယ္ခ်က္ရွိရွိ သုံးစြဲခဲ့တာျဖစ္တယ္လို႔ စစ္ေဆးေတြ႕ရွိခဲ့မယ္ဆိုရင္ ပြဲပယ္ျပစ္ဒဏ္ဟာ အျမင့္ဆုံး ၄ ႏွစ္အထိ က်ခံရႏိုင္တာျဖစ္ပါတယ္။ အီတလီက သတင္းေတြအရ ဂ်ဴဗင္တပ္ဟာ ေပါ့ဂ္ဘာသာ ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရမယ္ဆိုရင္ စာခ်ဳပ္ဖ်က္သိမ္းဖို႔ လုပ္ေဆာင္သြားမွာျဖစ္ၿပီး အေရးေပၚ အစီအစဥ္ကို ဆြဲထားၿပီးသား ျဖစ္တယ္လို႔ သိရပါတယ္။

La Repubblica ရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ ေသာမတ္စ္ ပါေတးဟာ ဂ်ဴဗင္တပ္ရဲ႕ ပစ္မွတ္စာရင္းထဲမွာ ပါဝင္ေနၿပီး ဂါနာကြင္းလယ္လူဟာ ယခုေႏြရာသီမွာ တူရင္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြထြက္ေပၚခဲ့ေပမယ့္လည္း အမ္းမရိတ္စ္ကေန ထြက္ခြာခ်င္လာေအာင္ စည္း႐ုံးဖို႔ ခက္လိမ့္မယ္လို႔ ယင္းသတင္းကပဲ ေဖာ္ျပခဲ့ပါတယ္။

ပါေတးဟာ လက္ရွိမွာ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ အနားယူေနရေပမယ့္လည္း လာမယ့္ေအာက္တိုဘာလမွာ ျပန္လည္ကစားေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနၿပီး ဂါနာလက္ေ႐ြးစင္ၾကယ္ပြင့္ဟာ အာဆင္နယ္ရဲ႕ ယခုရာသီ ပရီးမီးယားလိဂ္ပထမဆုံး ၃ ပြဲစလုံးမွာ ပြဲထြက္ပါဝင္ခဲ့ေပမယ့္လည္း ပုံမွန္ကစားေနက်မဟုတ္တဲ့ ညာေနာက္ခံေနရာကေန ပါဝင္ကစားေပးခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.