Serie A

ရော်နယ်လ်ဒိုကို မုန်းတီးတယ်လို့ ပြောခဲ့တဲ့ ပေါ်တူဂီကြယ်ပွင့်ရဲ့အသင်းဖော်ဟောင်း

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့အသင်းဖော်ဟောင်းတွေထဲက တစ်ဦးဟာ လီယွန်နယ် မက်ဆီကို ကြည့်ပြီး ကြီးပြင်းခဲ့တာကြောင့် ပေါ်တူဂီကြယ်ပွင့်ကို မုန်းတီးတယ်လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီနဲ့ပါ တွဲကစားခဲ့ဖူးတဲ့ ရတောင့်ရခဲ အခွင့်အရေးကို ကစားသမားအနည်းငယ်သာ ရရှိခဲ့တာဖြစ်ပြီး ပေါ်လို ဒီဘာလာကလည်း တသက်တာအကောင်းဆုံးကစားသမား ၂ ဦးစလုံးနဲ့ တွဲကစားခွင့်ရခဲ့တဲ့ ကစားသမားတွေထဲမှာ တစ်ဦးဖြစ်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုနဲ့ ဂျူဗင်တပ်မှာ အတူတူ တွဲကစားခဲ့သလို လီယွန်နယ် မက်ဆီနဲ့လည်း အာဂျင်တီးနားမှာ လက်ရွေးစင်အသင်းဖော်တွေအဖြစ် တွဲကစားခဲ့တာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်နဲ့ အဝေးကွင်းပွဲစဉ်အတွက် လေယာဉ်နဲ့ ခရီးထွက်ချိန်မှာ ပြောဆိုခဲ့တဲ့ စကားဝိုင်းအကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ လက်ရှိမှာ ရိုးမားအတွက် ကစားပေးနေသူဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်နဲ့ မက်ဆီတို့ကြားက ကြီးမားတဲ့ ယှဉ်ပြိုင်မှုကြောင့် အာဂျင်တီးနားမှာ ရော်နယ်လ်ဒိုကို မုန်းတီးကြတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ကောင်းမွန်တဲ့ အချိန် ၃ နှစ် ကုန်ဆုံးခဲ့တယ်။ အသင်းက အရမ်းအားကောင်းခဲ့ပြီး သူက တစ်စုံတရာကို ပိုပြီးတော့ ဖြည့်စွက်ပေးခဲ့တယ်။ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ကြား အာဂျင်တီးနားမှာ ကြီးမားတဲ့ ယှဉ်ပြိုင်မှုတွေ ရှိပါတယ်။ တစ်ခါတုန်းက ကျွန်တော်တို့ ပွဲကစားဖို့ လေယာဉ်နဲ့ ခရီးသွားတဲ့အချိန်မှာ ကျွန်တော်က လေယာဉ် နောက်ပိုင်းမှာ ထိုင်ခဲ့ပြီး သူကတော့ နည်းနည်းလေး ရှေ့ရောက်ပါတယ်။ တစ်ချိန်ကျတော့ သူက ကျွန်တော့်ဆီ ရောက်လာပြီး အချိန်တော်တော်ကြာကြာ ဘဝနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြောခဲ့ကြတယ်။ ကျွန်တော် သူ့ကို ပြောခဲ့တာက ကလေးတုန်းက ခင်ဗျားကို တကယ် မုန်းတီးခဲ့တယ်ဆိုတာပါ။ ကျွန်တော်တို့ အဲဒါနဲ့ပတ်သက်ပြီး ရယ်မောခဲ့ကြပြီး ကျွန်တော်တို့က အမြဲတမ်း ကောင်းမွန်တဲ့ဆက်ဆံရေး ရှိခဲ့ကြပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒီဘာလာနဲ့ ရော်နယ်လ်ဒိုတို့ဟာ ဂျူဗင်တပ်မှာ အတူတူ ကစားခဲ့တဲ့ ကာလအတွင်း စီးရီးအေဖလား ၂ ကြိမ်နဲ့ ကိုပါအီတာလီယာဖလား ၁ ကြိမ် ရရှိခဲ့ပြီး ရိုးမားကြယ်ပွင့်က ၂၀၂၂ ကမ္ဘာ့ဖလားမှာ လီယွန်နယ် မက်ဆီနဲ့အတူ အောင်မြင်မှု ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕အသင္းေဖာ္ေဟာင္းေတြထဲက တစ္ဦးဟာ လီယြန္နယ္ မက္ဆီကို ၾကည့္ၿပီး ႀကီးျပင္းခဲ့တာေၾကာင့္ ေပၚတူဂီၾကယ္ပြင့္ကို မုန္းတီးတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီနဲ႔ပါ တြဲကစားခဲ့ဖူးတဲ့ ရေတာင့္ရခဲ အခြင့္အေရးကို ကစားသမားအနည္းငယ္သာ ရရွိခဲ့တာျဖစ္ၿပီး ေပၚလို ဒီဘာလာကလည္း တသက္တာအေကာင္းဆုံးကစားသမား ၂ ဦးစလုံးနဲ႔ တြဲကစားခြင့္ရခဲ့တဲ့ ကစားသမားေတြထဲမွာ တစ္ဦးျဖစ္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုနဲ႔ ဂ်ဴဗင္တပ္မွာ အတူတူ တြဲကစားခဲ့သလို လီယြန္နယ္ မက္ဆီနဲ႔လည္း အာဂ်င္တီးနားမွာ လက္ေ႐ြးစင္အသင္းေဖာ္ေတြအျဖစ္ တြဲကစားခဲ့တာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္နဲ႔ အေဝးကြင္းပြဲစဥ္အတြက္ ေလယာဥ္နဲ႔ ခရီးထြက္ခ်ိန္မွာ ေျပာဆိုခဲ့တဲ့ စကားဝိုင္းအေၾကာင္းကို ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ လက္ရွိမွာ ႐ိုးမားအတြက္ ကစားေပးေနသူျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္နဲ႔ မက္ဆီတို႔ၾကားက ႀကီးမားတဲ့ ယွဥ္ၿပိဳင္မႈေၾကာင့္ အာဂ်င္တီးနားမွာ ေရာ္နယ္လ္ဒိုကို မုန္းတီးၾကတယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ေကာင္းမြန္တဲ့ အခ်ိန္ ၃ ႏွစ္ ကုန္ဆုံးခဲ့တယ္။ အသင္းက အရမ္းအားေကာင္းခဲ့ၿပီး သူက တစ္စုံတရာကို ပိုၿပီးေတာ့ ျဖည့္စြက္ေပးခဲ့တယ္။ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ၾကား အာဂ်င္တီးနားမွာ ႀကီးမားတဲ့ ယွဥ္ၿပိဳင္မႈေတြ ရွိပါတယ္။ တစ္ခါတုန္းက ကြၽန္ေတာ္တို႔ ပြဲကစားဖို႔ ေလယာဥ္နဲ႔ ခရီးသြားတဲ့အခ်ိန္မွာ ကြၽန္ေတာ္က ေလယာဥ္ ေနာက္ပိုင္းမွာ ထိုင္ခဲ့ၿပီး သူကေတာ့ နည္းနည္းေလး ေရွ႕ေရာက္ပါတယ္။ တစ္ခ်ိန္က်ေတာ့ သူက ကြၽန္ေတာ့္ဆီ ေရာက္လာၿပီး အခ်ိန္ေတာ္ေတာ္ၾကာၾကာ ဘဝနဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြကို ေျပာခဲ့ၾကတယ္။ ကြၽန္ေတာ္ သူ႔ကို ေျပာခဲ့တာက ကေလးတုန္းက ခင္ဗ်ားကို တကယ္ မုန္းတီးခဲ့တယ္ဆိုတာပါ။ ကြၽန္ေတာ္တို႔ အဲဒါနဲ႔ပတ္သက္ၿပီး ရယ္ေမာခဲ့ၾကၿပီး ကြၽန္ေတာ္တို႔က အၿမဲတမ္း ေကာင္းမြန္တဲ့ဆက္ဆံေရး ရွိခဲ့ၾကပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဒီဘာလာနဲ႔ ေရာ္နယ္လ္ဒိုတို႔ဟာ ဂ်ဴဗင္တပ္မွာ အတူတူ ကစားခဲ့တဲ့ ကာလအတြင္း စီးရီးေအဖလား ၂ ႀကိမ္နဲ႔ ကိုပါအီတာလီယာဖလား ၁ ႀကိမ္ ရရွိခဲ့ၿပီး ႐ိုးမားၾကယ္ပြင့္က ၂၀၂၂ ကမာၻ႔ဖလားမွာ လီယြန္နယ္ မက္ဆီနဲ႔အတူ ေအာင္ျမင္မႈ ရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.