La Liga Ligue1

အမ်ဘာပေအတွက် ရီးရဲလ်မက်ဒရစ်ကို လက်စားချေဖို့ စီစဉ်နေတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာ ကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေကို ချဉ်းကပ်ခဲ့မှုအတွက် ရီးရဲလ်မက်ဒရစ်ကို လက်စားချေဖို့ ကစားသမား ၅ ဦးအထိ ပစ်မှတ်ထားထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အမ်ဘာပေဟာ ယခုရာသီမှာ ပီအက်စ်ဂျီအတွက် ကစားပေးနေဆဲဖြစ်ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှု ခံနေရတာကြောင့် အသင်းနဲ့ လူသိရှင်ကြား ဆက်ဆံရေး မပြေမလည်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ခဲ့ပြီးနောက် ယခုနွေရာသီမှာ ပီအက်စ်ဂျီကို စွန့်ခွာမယ့်ပုံပေါ်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ လီဂူးဝမ်းချန်ပီယံတွေက ပြင်သစ်တိုက်စစ်မှူးကို အသင်းရဲ့ ရာသီကြိုခရီးစဉ်မှာ ပါဝင်ခွင့်မပေးခဲ့သလို ပထမအသင်းနဲ့ လေ့ကျင့်ရေးပြုလုပ်ခွင့်လည်း ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

နွေရာသီအပြောင်းအရွှေ့စျေးကွက်က လက်ရှိမှာ ပိတ်သွားခဲ့ပြီဖြစ်ပေမယ့်လည်း အမ်ဘာပေရဲ့ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းဟာ ၁ နှစ်အောက်သာ ကျန်ရှိတော့တာကြောင့် အနာဂတ် မရေမရာဖြစ်နေဆဲဖြစ်ပြီး လီဂူးဝမ်းကလပ်ဟာ လာမယ့်နွေရာသီမှာ ပြင်သစ်တိုက်စစ်မှူးကို ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ခွင့်ပြုမယ်လို့ သဘောတူညီမှုပေးထားပြီး ပြန်ကစားခိုင်းထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ပီအက်စ်ဂျီအသင်းဥက္ကဌ နက်ဆာ အယ်လ်ခါလီဖီက ပြန်လည်လက်စားချေတဲ့အနေနဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ၅ ဦးကို ခေါ်ယူချင်နေပြီး OkDiario ရဲ့ ဖော်ပြချက်အရ ဗင်နီးရှပ်စ် ဂျူနီယာနဲ့ ရိုဒရီဂိုတို့ဟာ ထိပ်တန်းပစ်မှတ် ၂ ဦးဖြစ်တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီဟာ လီဗာပူးလ်ပစ်မှတ်ဖြစ်တဲ့ အော်ရယ်လီယန် ချွင်မင်နီ၊ အက်ဒွါဒို ကမာဗင်ဂါနဲ့ ဗယ်လ်ဗာဒီတို့ကိုလည်း ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး မာကို ဗာရက်တီက ကာတာ ကလပ် အယ်လ် အာရာဘီကို ယူရို ၄၅ သန်းနဲ့ ပြောင်းရွှေ့သွားတာကြောင့် လီဂူးဝမ်းကလပ်အနေနဲ့ ကွင်းလယ်ကို အင်အားပြန်ဖြည့်တည်းဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပီအက်စ်ဂျီအတွက် ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်တွေကို ခေါ်ယူဖို့အတွက် အကြီးမားဆုံး အတားအဆီးကတော့ လာလီဂါကလပ်က ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားတွေကို ကြီးမားတဲ့ စာချုပ်လျော်ကြေးထည့်သွင်းထားတာဖြစ်ပြီး ဗင်နီးရှပ်စ် ဂျူနီယာရဲ့ စာချုပ်လျော်ကြေးဟာ ပေါင်သန်း ၈၆၀ ဝန်းကျင်ဖြစ်တယ်လို့ သိရပါတယ်။

ဒီပြဿနာကို ပိုပြီးဆိုးရွားစေတာကတော့ ပီအက်စ်ဂျီဟာ လာမယ့်နွေရာသီမှာ အမ်ဘာပေအတွက် တပြားမှ မရဘဲ ထွက်ခွာခွင့်ပေးရတော့မှာဖြစ်ပြီး ဒီအပြောင်းအရွှေ့အမှန်တကယ် ဖြစ်ပေါ်လာဖို့က တော်တော်လေး ခဲယဉ်းမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီဟာ ၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပကို ခ်ဥ္းကပ္ခဲ့မႈအတြက္ ရီးရဲလ္မက္ဒရစ္ကို လက္စားေခ်ဖို႔ ကစားသမား ၅ ဦးအထိ ပစ္မွတ္ထားထားတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အမ္ဘာေပဟာ ယခုရာသီမွာ ပီအက္စ္ဂ်ီအတြက္ ကစားေပးေနဆဲျဖစ္ေပမယ့္လည္း ရီးရဲလ္မက္ဒရစ္ရဲ႕ စိတ္ဝင္စားမႈ ခံေနရတာေၾကာင့္ အသင္းနဲ႔ လူသိရွင္ၾကား ဆက္ဆံေရး မေျပမလည္ျဖစ္ခဲ့တာျဖစ္ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ျငင္းဆန္ခဲ့ၿပီးေနာက္ ယခုေႏြရာသီမွာ ပီအက္စ္ဂ်ီကို စြန႔္ခြာမယ့္ပုံေပၚခဲ့တာျဖစ္ၿပီး ေနာက္ဆက္တြဲအေနနဲ႔ လီဂူးဝမ္းခ်န္ပီယံေတြက ျပင္သစ္တိုက္စစ္မႉးကို အသင္းရဲ႕ ရာသီႀကိဳခရီးစဥ္မွာ ပါဝင္ခြင့္မေပးခဲ့သလို ပထမအသင္းနဲ႔ ေလ့က်င့္ေရးျပဳလုပ္ခြင့္လည္း ပိတ္ပင္ခဲ့တာျဖစ္ပါတယ္။

ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္က လက္ရွိမွာ ပိတ္သြားခဲ့ၿပီျဖစ္ေပမယ့္လည္း အမ္ဘာေပရဲ႕ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္းဟာ ၁ ႏွစ္ေအာက္သာ က်န္ရွိေတာ့တာေၾကာင့္ အနာဂတ္ မေရမရာျဖစ္ေနဆဲျဖစ္ၿပီး လီဂူးဝမ္းကလပ္ဟာ လာမယ့္ေႏြရာသီမွာ ျပင္သစ္တိုက္စစ္မႉးကို ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ဖို႔ ခြင့္ျပဳမယ္လို႔ သေဘာတူညီမႈေပးထားၿပီး ျပန္ကစားခိုင္းထားတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ပီအက္စ္ဂ်ီအသင္းဥကၠဌ နက္ဆာ အယ္လ္ခါလီဖီက ျပန္လည္လက္စားေခ်တဲ့အေနနဲ႔ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ ၅ ဦးကို ေခၚယူခ်င္ေနၿပီး OkDiario ရဲ႕ ေဖာ္ျပခ်က္အရ ဗင္နီးရွပ္စ္ ဂ်ဴနီယာနဲ႔ ႐ိုဒရီဂိုတို႔ဟာ ထိပ္တန္းပစ္မွတ္ ၂ ဦးျဖစ္တယ္လို႔ သိရပါတယ္။

ပီအက္စ္ဂ်ီဟာ လီဗာပူးလ္ပစ္မွတ္ျဖစ္တဲ့ ေအာ္ရယ္လီယန္ ခြၽင္မင္နီ၊ အက္ဒြါဒို ကမာဗင္ဂါနဲ႔ ဗယ္လ္ဗာဒီတို႔ကိုလည္း ပစ္မွတ္အျဖစ္ သတ္မွတ္ထားၿပီး မာကို ဗာရက္တီက ကာတာ ကလပ္ အယ္လ္ အာရာဘီကို ယူ႐ို ၄၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕သြားတာေၾကာင့္ လီဂူးဝမ္းကလပ္အေနနဲ႔ ကြင္းလယ္ကို အင္အားျပန္ျဖည့္တည္းဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပီအက္စ္ဂ်ီအတြက္ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေတြကို ေခၚယူဖို႔အတြက္ အႀကီးမားဆုံး အတားအဆီးကေတာ့ လာလီဂါကလပ္က ၎တို႔ရဲ႕ ၾကယ္ပြင့္ကစားသမားေတြကို ႀကီးမားတဲ့ စာခ်ဳပ္ေလ်ာ္ေၾကးထည့္သြင္းထားတာျဖစ္ၿပီး ဗင္နီးရွပ္စ္ ဂ်ဴနီယာရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးဟာ ေပါင္သန္း ၈၆၀ ဝန္းက်င္ျဖစ္တယ္လို႔ သိရပါတယ္။

ဒီျပႆနာကို ပိုၿပီးဆိုး႐ြားေစတာကေတာ့ ပီအက္စ္ဂ်ီဟာ လာမယ့္ေႏြရာသီမွာ အမ္ဘာေပအတြက္ တျပားမွ မရဘဲ ထြက္ခြာခြင့္ေပးရေတာ့မွာျဖစ္ၿပီး ဒီအေျပာင္းအေ႐ႊ႕အမွန္တကယ္ ျဖစ္ေပၚလာဖို႔က ေတာ္ေတာ္ေလး ခဲယဥ္းမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.