La Liga

လီဗန်ဒေါ့ဗ်စကီးကို စာချုပ်ဖျက်သိမ်းနိုင်တဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာ ရောဘတ် လီဗန်ဒေါ့ဗ်စကီးနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်ထဲမှာ ပိုလန်ကြယ်ပွင့်အနေနဲ့ ၂၀၂၄-၂၀၂၅ ရာသီမှာ ပွဲစဉ်အားလုံးပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းအောက်သာ ပါဝင်ကစားပေးနိုင်မယ်ဆိုရင် စာချုပ်ကို ဖျက်သိမ်းနိုင်တယ်ဆိုတဲ့ အထူးအချက်ကို ထည့်သွင်းချုပ်ဆိုထားတယ်လို့ Mundo Deportivo က ဖော်ပြခဲ့ပါတယ်။

လီဗန်ဒေါ့ဗ်စကီးဟာ မကြာသေးမီက ခြေစွမ်းပိုင်း အနည်းငယ်ကျဆင်းနေပေမယ့်လည်း ဘာစီလိုနာအတွက် တန်ဖိုးအရှိဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ရှိနေဆဲဖြစ်ပြီး ဇာဗီက လူစာရင်းထဲမှာ ပိုမိုငယ်ရွယ်ပြီး လွှမ်းမိုးမှုရှိနိုင်တဲ့ တစ်စုံတစ်ယောက်ကို ရှာဖွေနေတာဖြစ်ပါတယ်။

အမှန်တကယ်လည်း လီဗန်ဒေါ့ဗ်စကီးဟာ အသက်အရွယ်အားဖြင့် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်တာကြောင့် ကစားသမားဘဝ နေဝင်ချိန်နဲ့ နီးကပ်နေပြီဖြစ်ပြီး ဘာစီလိုနာဟာ လာမယ့်နွေရာသီမှာ ဗစ်တာ ရော့ကို အပြီးသတ်ခေါ်ယူနိုင်မှာဖြစ်တာကြောင့် ပိုလန်ကြယ်ပွင့်ရဲ့ ပွဲကစားချိန်က ၂၀၂၄-၂၀၂၅ ရာသီမှာ သိသိသာသာ နည်းပါးလာတော့မှာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် နွေရာသီမှာ ဘာစီလိုနာဟာ ဘိုင်ယန်မြူးနစ်ကနေ လီဗန်ဒေါ့ဗ်စကီးကို ယူရို ၄၅ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ထပ်ဆောင်းပေးချေမှုတွေ ပါဝင်ရင် ယူရိုသန်း ၅၀ အထိ မြင့်တက်သွားနိုင်တဲ့ သဘောတူညီမှုနဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ပိုလန်ဝါရင့်တိုက်စစ်မှူးဟာ နူးကမ့်မှာ ဂျာမနီက ဂိုးသွင်းခြေစွမ်းအတိုင်း ထပ်မံ ပြသခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာဟာ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးနဲ႔ ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္ထဲမွာ ပိုလန္ၾကယ္ပြင့္အေနနဲ႔ ၂၀၂၄-၂၀၂၅ ရာသီမွာ ပြဲစဥ္အားလုံးေပါင္းရဲ႕ ၅၀ ရာခိုင္ႏႈန္းေအာက္သာ ပါဝင္ကစားေပးႏိုင္မယ္ဆိုရင္ စာခ်ဳပ္ကို ဖ်က္သိမ္းႏိုင္တယ္ဆိုတဲ့ အထူးအခ်က္ကို ထည့္သြင္းခ်ဳပ္ဆိုထားတယ္လို႔ Mundo Deportivo က ေဖာ္ျပခဲ့ပါတယ္။

လီဗန္ေဒါ့ဗ္စကီးဟာ မၾကာေသးမီက ေျခစြမ္းပိုင္း အနည္းငယ္က်ဆင္းေနေပမယ့္လည္း ဘာစီလိုနာအတြက္ တန္ဖိုးအရွိဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ ရွိေနဆဲျဖစ္ၿပီး ဇာဗီက လူစာရင္းထဲမွာ ပိုမိုငယ္႐ြယ္ၿပီး လႊမ္းမိုးမႈရွိႏိုင္တဲ့ တစ္စုံတစ္ေယာက္ကို ရွာေဖြေနတာျဖစ္ပါတယ္။

အမွန္တကယ္လည္း လီဗန္ေဒါ့ဗ္စကီးဟာ အသက္အ႐ြယ္အားျဖင့္ ၃၅ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တာေၾကာင့္ ကစားသမားဘဝ ေနဝင္ခ်ိန္နဲ႔ နီးကပ္ေနၿပီျဖစ္ၿပီး ဘာစီလိုနာဟာ လာမယ့္ေႏြရာသီမွာ ဗစ္တာ ေရာ့ကို အၿပီးသတ္ေခၚယူႏိုင္မွာျဖစ္တာေၾကာင့္ ပိုလန္ၾကယ္ပြင့္ရဲ႕ ပြဲကစားခ်ိန္က ၂၀၂၄-၂၀၂၅ ရာသီမွာ သိသိသာသာ နည္းပါးလာေတာ့မွာျဖစ္ပါတယ္။

၂၀၂၂ ခုႏွစ္ ေႏြရာသီမွာ ဘာစီလိုနာဟာ ဘိုင္ယန္ျမဴးနစ္ကေန လီဗန္ေဒါ့ဗ္စကီးကို ယူ႐ို ၄၅ သန္းနဲ႔ အၿပီးသတ္ေခၚယူႏိုင္ခဲ့တာျဖစ္ၿပီး ထပ္ေဆာင္းေပးေခ်မႈေတြ ပါဝင္ရင္ ယူ႐ိုသန္း ၅၀ အထိ ျမင့္တက္သြားႏိုင္တဲ့ သေဘာတူညီမႈနဲ႔ ၄ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

ပိုလန္ဝါရင့္တိုက္စစ္မႉးဟာ ႏူးကမ့္မွာ ဂ်ာမနီက ဂိုးသြင္းေျခစြမ္းအတိုင္း ထပ္မံ ျပသခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီ ၿပိဳင္ပြဲစုံမွာ သြင္းဂိုး ၃၅ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.