Bundesliga Premier League

ဆန္ခ်ိဳနဲ႔ ဗာနာတို႔ႏွစ္ေယာက္စလံုးကို လီဗာပူးလ္ေခၚဖို႔ ကာေရဂါ တိုက္တြန္း

ဒီႏွစ္ေႏြရာသီမွာ ဘြန္ဒက္စ္လီဂါၾကယ္ပြင့္ေတြျဖစ္ၾကတဲ့ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ိဳနဲ႔ တိုက္စစ္မွဴး တီမို ဗာနာတို႔ ႏွစ္ေယာက္စလံုးကို လီဗာပူးလ္အသင္းအေနနဲ႔ ေခၚယူဖို႔ အသင္းေနာက္ခံလူေဟာင္း ေဂ်မီ ကာေရဂါက တိုက္တြန္းေျပာၾကားလိုက္ပါတယ္။

ဗာနာနဲ႔ ဆန္ခ်ိဳတို႔ႏွစ္ေယာက္စလံုးဟာ ဒီရာသီ ဘြန္ဒက္စ္လီဂါမွာ ေျခစြမ္းျပေနတဲ့ ကစားသမားေတြျဖစ္ၾကၿပီး ၾကားရက္က ခ်န္ပီယံလိဂ္ပြဲေတြမွာလည္း ေျခစြမ္းျပသြားခဲ့ပါတယ္။ သူတို႔ကို လီဗာပူးလ္အပါအ၀င္ ပရီးမီးယားလိဂ္ထိပ္တန္းအသင္းေတြကေခၚယူမယ္လို႔ သတင္းထြက္ေနေပမယ့္ တရား၀င္ကမ္းလွမ္းရေသးတာမ်ဳိးေတာ့ မရွိေသးဘူးလို႔လဲ သိရပါတယ္။

ေဂ်မီ ကာေရဂါက “ဒီႏွစ္ေႏြရာသီမွာ တိုက္စစ္ကစားသမားေတြ အားျဖည့္ဖို႔ လီဗာပူးလ္အေနနဲ႔ အထူးလိုအပ္ေနပါတယ္။ ဆန္ခ်ိဳလား ဗာနာလားလို႔ေမးရင္ ႏွစ္ေယာက္စလံုးကို ကၽြန္ေတာ္ ေခၚေစခ်င္ပါတယ္။ ဒီလိုေခၚလိုက္လို႔ အသင္းက ဘယ္သူ႔ကို ထုတ္ေရာင္းရမယ္လို႔ မဆိုလိုပါဘူး။ ဘယ္သူ႔ကိုမွ ထုတ္ေရာင္းစရာမလိုဘဲ ရွိၿပီးသား ကစားသမားအင္အားကိုပဲ ထပ္ျဖည့္ဖို႔ လိုပါတယ္”လို႔ ဆိုပါတယ္။

ဒါ့အျပင္ ဒီေနာက္ခံလူေဟာင္းက ေငြေၾကးသုံးစြဲမွဳနဲ႔ ပတ္သက္လို႔ “ၿပီးခဲ့တဲ့ေႏြရာသီက လီဗာပူးအသင္းဟာ ကစားသမားတစ္ေယာက္မွ မေခၚခဲ့ဘူး ဆိုတာကိုလည္း မေမ့ပါနဲ႔ဦး။ ဒါေၾကာင့္ လာမယ့္ေႏြရာသီမွာ ေငြေၾကးအေျမာက္အျမားသံုးမယ္လို႔ ေမွ်ာ္လင့္မယ္ဆို ေမွ်ာ္လင့္လို႔ ရပါတယ္”လို႔လည္း ေျပာပါတယ္။

လီဗာပူးအသင္းဟာ ဇန္န၀ါရီေစ်းကြက္တုန္းက ဂ်ပန္လက္ေရြးစင္ တာကူးမား မီနာမီႏိုကို ေခၚယူအားျဖည့္ခဲ့ေပမယ့္ လာမယ့္ရာသီမွာ အာဖရိကႏိုင္ငံမ်ားဖလားေၾကာင့္ မိုဟာမက္ ဆာလားနဲ႔ ဆာဒီယို မာေနးတို႔ ႏွစ္ေယာက္စလံုးကို တစ္လေလာက္ လက္လႊတ္ရႏိုင္ခ်ိန္မွာ အရန္အျဖစ္နဲ႔ ထားရွိေနတဲ့ ဒီေဗာ့ခ္ အိုရီဂီဟာ အစားဝင္ႏုိင္တဲ့ အဆင့္မရွိလို႔ ဒီကစားသမားႏွစ္ဦးကို မျဖစ္မေန ေခၚယူပါလို႔လည္း ကာေရဂါက သုံးသပ္သြားေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ဒီနှစ်နွေရာသီမှာ ဘွန်ဒက်စ်လီဂါကြယ်ပွင့်တွေဖြစ်ကြတဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုနဲ့ တိုက်စစ်မှူး တီမို ဗာနာတို့ နှစ်ယောက်စလုံးကို လီဗာပူးလ်အသင်းအနေနဲ့ ခေါ်ယူဖို့ အသင်းနောက်ခံလူဟောင်း ဂျေမီ ကာရေဂါက တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဗာနာနဲ့ ဆန်ချိုတို့နှစ်ယောက်စလုံးဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေဖြစ်ကြပြီး ကြားရက်က ချန်ပီယံလိဂ်ပွဲတွေမှာလည်း ခြေစွမ်းပြသွားခဲ့ပါတယ်။ သူတို့ကို လီဗာပူးလ်အပါအဝင် ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတွေကခေါ်ယူမယ်လို့ သတင်းထွက်နေပေမယ့် တရားဝင်ကမ်းလှမ်းရသေးတာမျိုးတော့ မရှိသေးဘူးလို့လဲ သိရပါတယ်။

ဂျေမီ ကာရေဂါက “ဒီနှစ်နွေရာသီမှာ တိုက်စစ်ကစားသမားတွေ အားဖြည့်ဖို့ လီဗာပူးလ်အနေနဲ့ အထူးလိုအပ်နေပါတယ်။ ဆန်ချိုလား ဗာနာလားလို့မေးရင် နှစ်ယောက်စလုံးကို ကျွန်တော် ခေါ်စေချင်ပါတယ်။ ဒီလိုခေါ်လိုက်လို့ အသင်းက ဘယ်သူ့ကို ထုတ်ရောင်းရမယ်လို့ မဆိုလိုပါဘူး။ ဘယ်သူ့ကိုမှ ထုတ်ရောင်းစရာမလိုဘဲ ရှိပြီးသား ကစားသမားအင်အားကိုပဲ ထပ်ဖြည့်ဖို့ လိုပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီနောက်ခံလူဟောင်းက ငွေကြေးသုံးစွဲမှုနဲ့ ပတ်သက်လို့ “ပြီးခဲ့တဲ့နွေရာသီက လီဗာပူးအသင်းဟာ ကစားသမားတစ်ယောက်မှ မခေါ်ခဲ့ဘူး ဆိုတာကိုလည်း မမေ့ပါနဲ့ဦး။ ဒါကြောင့် လာမယ့်နွေရာသီမှာ ငွေကြေးအမြောက်အမြားသုံးမယ်လို့ မျှော်လင့်မယ်ဆို မျှော်လင့်လို့ ရပါတယ်”လို့လည်း ပြောပါတယ်။

လီဗာပူးအသင်းဟာ ဇန်နဝါရီဈေးကွက်တုန်းက ဂျပန်လက်ရွေးစင် တာကူးမား မီနာမီနိုကို ခေါ်ယူအားဖြည့်ခဲ့ပေမယ့် လာမယ့်ရာသီမှာ အာဖရိကနိုင်ငံများဖလားကြောင့် မိုဟာမက် ဆာလားနဲ့ ဆာဒီယို မာနေးတို့ နှစ်ယောက်စလုံးကို တစ်လလောက် လက်လွှတ်ရနိုင်ချိန်မှာ အရန်အဖြစ်နဲ့ ထားရှိနေတဲ့ ဒီဗော့ခ် အိုရီဂီဟာ အစားဝင်နိုင်တဲ့ အဆင့်မရှိလို့ ဒီကစားသမားနှစ်ဦးကို မဖြစ်မနေ ခေါ်ယူပါလို့လည်း ကာရေဂါက သုံးသပ်သွားကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.