International Match Report

နည်းပြမရှိမှ စွတ်ကောင်းပြီး ပြင်သစ်ကိုပါ သမသွားတဲ့ ဂျာမနီ

ဂျာမနီဟာ အင်္ဂါနေ့ညက ဒေ့ါမွန်မှာ ပြင်သစ်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ နည်းပြ မရှိဘဲ ၂-၁ နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ပထမပိုင်း ၄ မိနစ်မှာ ဂျာမနီလက်ရွေးစင်အသင်းထဲ ပြန်လည်ခေါ်ယူခြင်းခံခဲ့ရတဲ့ သောမတ်စ် မူလာက သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ၈၇ မိနစ်မှာ လီရွိုင်း ဆာနေးက နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပြင်သစ်အသင်းဘက်မှာ ခီလီယန် အမ်ဘာပေက ပွဲထွက်ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့သလို လူစားဝင်ကစားသမားအဖြစ်လည်း ပါဝင်ကစားပေးခဲ့ခြင်းမရှိတာဖြစ်ပြီး ဂျာမနီဟာ ဆစ်ဂနယ် အီဒူနာပါ့ခ်မှာ ပြင်သစ်ကို ၂-၁ နဲ့ အနိုင်ယူပြီးနောက် ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရူဒီ ဗော်လာက ဂျာမနီကို ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပြီး ပြင်သစ်အတွက် တစ်လုံးတည်းသော ချေပဂိုးကို ကမာဗင်ဂါကို ဆာနေး ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကနေ ဂရစ်ဇ်မန်းက ၈၉ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ာမနီဟာ အဂၤါေန႔ညက ေဒ့ါမြန္မွာ ျပင္သစ္နဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲစဥ္မွာ နည္းျပ မရွိဘဲ ၂-၁ နဲ႔ အႏိုင္ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

ပထမပိုင္း ၄ မိနစ္မွာ ဂ်ာမနီလက္ေ႐ြးစင္အသင္းထဲ ျပန္လည္ေခၚယူျခင္းခံခဲ့ရတဲ့ ေသာမတ္စ္ မူလာက သြင္းယူခဲ့တဲ့ သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ၈၇ မိနစ္မွာ လီ႐ြိဳင္း ဆာေနးက ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ျပင္သစ္အသင္းဘက္မွာ ခီလီယန္ အမ္ဘာေပက ပြဲထြက္ပါဝင္ကစားေပးႏိုင္ျခင္းမရွိခဲ့သလို လူစားဝင္ကစားသမားအျဖစ္လည္း ပါဝင္ကစားေပးခဲ့ျခင္းမရွိတာျဖစ္ၿပီး ဂ်ာမနီဟာ ဆစ္ဂနယ္ အီဒူနာပါ့ခ္မွာ ျပင္သစ္ကို ၂-၁ နဲ႔ အႏိုင္ယူၿပီးေနာက္ ရႈံးပြဲဆက္ေနမႈကို ရပ္တန႔္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

႐ူဒီ ေဗာ္လာက ဂ်ာမနီကို ယာယီနည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္ခဲ့တာျဖစ္ၿပီး ျပင္သစ္အတြက္ တစ္လုံးတည္းေသာ ေခ်ပဂိုးကို ကမာဗင္ဂါကို ဆာေနး ဖ်က္ထုတ္ပုံၾကမ္းတမ္းခဲ့တာေၾကာင့္ ရရွိခဲ့တဲ့ ပင္နယ္တီကေန ဂရစ္ဇ္မန္းက ၈၉ မိနစ္မွာ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.