International

ဂေါင်းကြီးမွှေပေမယ့် သမိုင်းဝင် ခြေစမ်းပွဲမှာ အနိုင်ရခဲ့တဲ့ အင်္ဂလန်

အင်္ဂလန်ရဲ့ လူငယ်ကြယ်ပွင့်တွေဟာ အင်္ဂါနေ့ညက စကော့တလန်ကို ၃-၁ နဲ့ ဟမ့်ပ်ဒန်ပါ့ခ်မှာ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ တောက်ပခဲ့ကြပြီး သမိုင်းဝင်ခြေစမ်းပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။

ဖိုဒန်နဲ့ ဘယ်လင်ဟမ်တို့ရဲ့ လျင်မြန်တဲ့ သွင်းဂိုး ၂ ဂိုးက အင်္ဂလန်ကို ထိန်းချုပ်မှု ရရှိစေခဲ့တာဖြစ်ပြီး ဟယ်ရီ မက်ဂွိုင်းယားရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ဂိုးကြောင့် ချေပဂိုး ပြန်ပေးခဲ့ရပေမယ့်လည်း ဟယ်ရီ ကိန်းက အနိုင်သေချာစေမယ့် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်နိုင်ငံတွေဟာ ပထမဆုံးသော နိုင်ငံတကာ ဘောလုံးပွဲကစားခဲ့တာ နှစ်ပေါင်း ၁၅၀ ပြည့်အထိမ်းအမှတ်အဖြစ်နဲ့ ခြေစမ်းပွဲတွေ ကစားခဲ့ကြတာဖြစ်ပြီး အစဉ်အလာပြိုင်ဘက်တွေဖြစ်ခဲ့တဲ့ အင်္ဂလန်နဲ့ စကော့တလန်တို့အတွက် ခြေစမ်းပွဲဆိုတာ မရှိခဲ့ဘဲ ပွဲစကတည်းက အကြိတ်အနယ်ရှိခဲ့ကြတာဖြစ်ပါတယ်။

၃၂ မိနစ်မှာ ဖိုဒန်က ဝေါ်ကာရဲ့ အားပါတဲ့ ဖြတ်တင်ပေးပို့မှုကို အနီးကပ်ပိတ်သွင်းပြီး အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် မိနစ်အနည်းငယ်အကြာမှာ ၎င်းရဲ့ ဖြတ်တင်ဘောကို ရောဘတ်ဆန် ထိန်းသိမ်းရာမှာ မသေမသပ်ဖြစ်ခဲ့တာကြောင့် ဘယ်လင်ဟမ်ရသွားခဲ့ပြီး နောက်ထပ်ဦးဆောင်ဂိုး သွင်းသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ၆၇ မိနစ်မှာ ရောဘတ်ဆန်ရဲ့ ဖြတ်တင်ပေးပို့မှုကို လူစားဝင်ကစားပေးခဲ့တဲ့ ဟယ်ရီ မက်ဂွိုင်းယား ရှင်းထုတ်ဖို့ ကြိုးပမ်းရာမှာ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာကြောင့် စကော့တလန်တို့ ချေပဂိုး ရသွားခဲ့ပြီး ပွဲစဉ်ထဲ ပြန်လည်ဝင်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီ ကိန်းက အနိုင်သေချာစေမယ့် နောက်ထပ်ဦးဆောင်ဂိုးကို ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဘယ်လင်ဟမ်ရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤလန္ရဲ႕ လူငယ္ၾကယ္ပြင့္ေတြဟာ အဂၤါေန႔ညက စေကာ့တလန္ကို ၃-၁ နဲ႔ ဟမ့္ပ္ဒန္ပါ့ခ္မွာ အႏိုင္ရခဲ့တဲ့ ေျခစမ္းပြဲမွာ ေတာက္ပခဲ့ၾကၿပီး သမိုင္းဝင္ေျခစမ္းပြဲမွာ အႏိုင္ရရွိခဲ့ပါတယ္။

ဖိုဒန္နဲ႔ ဘယ္လင္ဟမ္တို႔ရဲ႕ လ်င္ျမန္တဲ့ သြင္းဂိုး ၂ ဂိုးက အဂၤလန္ကို ထိန္းခ်ဳပ္မႈ ရရွိေစခဲ့တာျဖစ္ၿပီး ဟယ္ရီ မက္ဂြိဳင္းယားရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တဲ့ဂိုးေၾကာင့္ ေခ်ပဂိုး ျပန္ေပးခဲ့ရေပမယ့္လည္း ဟယ္ရီ ကိန္းက အႏိုင္ေသခ်ာေစမယ့္ တတိယေျမာက္ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ႏိုင္ငံေတြဟာ ပထမဆုံးေသာ ႏိုင္ငံတကာ ေဘာလုံးပြဲကစားခဲ့တာ ႏွစ္ေပါင္း ၁၅၀ ျပည့္အထိမ္းအမွတ္အျဖစ္နဲ႔ ေျခစမ္းပြဲေတြ ကစားခဲ့ၾကတာျဖစ္ၿပီး အစဥ္အလာၿပိဳင္ဘက္ေတြျဖစ္ခဲ့တဲ့ အဂၤလန္နဲ႔ စေကာ့တလန္တို႔အတြက္ ေျခစမ္းပြဲဆိုတာ မရွိခဲ့ဘဲ ပြဲစကတည္းက အႀကိတ္အနယ္ရွိခဲ့ၾကတာျဖစ္ပါတယ္။

၃၂ မိနစ္မွာ ဖိုဒန္က ေဝၚကာရဲ႕ အားပါတဲ့ ျဖတ္တင္ေပးပို႔မႈကို အနီးကပ္ပိတ္သြင္းၿပီး အဖြင့္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ မိနစ္အနည္းငယ္အၾကာမွာ ၎ရဲ႕ ျဖတ္တင္ေဘာကို ေရာဘတ္ဆန္ ထိန္းသိမ္းရာမွာ မေသမသပ္ျဖစ္ခဲ့တာေၾကာင့္ ဘယ္လင္ဟမ္ရသြားခဲ့ၿပီး ေနာက္ထပ္ဦးေဆာင္ဂိုး သြင္းသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ၆၇ မိနစ္မွာ ေရာဘတ္ဆန္ရဲ႕ ျဖတ္တင္ေပးပို႔မႈကို လူစားဝင္ကစားေပးခဲ့တဲ့ ဟယ္ရီ မက္ဂြိဳင္းယား ရွင္းထုတ္ဖို႔ ႀကိဳးပမ္းရာမွာ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာေၾကာင့္ စေကာ့တလန္တို႔ ေခ်ပဂိုး ရသြားခဲ့ၿပီး ပြဲစဥ္ထဲ ျပန္လည္ဝင္ေရာက္လာႏိုင္ခဲ့တာျဖစ္ပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီ ကိန္းက အႏိုင္ေသခ်ာေစမယ့္ ေနာက္ထပ္ဦးေဆာင္ဂိုးကို ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ ဘယ္လင္ဟမ္ရဲ႕ ဖန္တီးေပးပို႔မႈကေနတဆင့္ သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.