La Liga

ငမွဲဘဝက လွတ်မြောက်ပြီး ဥရောပအကောင်းဆုံးအသင်းပြန်ဖြစ်လာတော့မယ့် ဘာဆာ

ဘာစီလိုနာရဲ့ ဘဏ္ဍာရေးပြဿနာဟာ တကမ္ဘာလုံးက ပရိသတ်တွေ သိရှိထားပြီးကိစ္စဖြစ်ပေမယ့်လည်း ကတ်တလန်အသင်းကြီးဟာ လစာပေးချေနေရတဲ့ပမာဏကို သိသိသာသာ လျှော့ချနိုင်ပြီးနောက် အကြပ်အတည်းကနေ စတင်သက်သာလာနေပြီဖြစ်ပါတယ်။

အလုပ်များတဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ နူးကမ့်ကို ကစားသမား ၁၂ ဦးအထိ စွန့်ခွာသွားတာကြောင့် ဘာစီလိုနာအနေနဲ့ တော်တော်လေး အသက်ရှူချောင်သွားခဲ့တယ်လို့ Catalunya Radio က ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာရဲ့ လစာပေးချေနေရမှုပမာဏဟာ ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်အပြီးမှာ ယူရို ၁၆၁၇၅၁၆၁၂ အထိ လျှော့ချနိုင်ခဲ့ပြီး ယူရို ၅၆၆၄၆၀၇၆၇ ကနေ ယူရို ၄၀၄၇၀၉၁၅၅ အထိ လျော့ကျသွားခဲ့တာဖြစ်ပါတယ်။

ဒီလျော့ကျသွားမှုကြောင့် ဘာစီလိုနာရဲ့ လစာပေးချေနေရမှုဟာ အသင်းလည်ပတ်ငွေရဲ့ ၇၃ ရာခိုင်နှုန်းကနေ ၅၄ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့တာဖြစ်ပြီး ဂရစ်ဇ်မန်း၊ ပီကေး၊ ဒမ်ဘီလီ၊ ယော်ဒီ အယ်လ်ဘာ၊ ထရင်ကာအို၊ ဆာဂီယို ဘူးစ်ကတ်တို့လို လစာပေးချေရမှုများပြားတဲ့ကစားသမားတွေကို ရှင်းထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာဟာ ကစားသမားသစ်တွေ ပြန်လည်ခေါ်ယူခဲ့ပေမယ့်လည်း လုပ်ခလစာနည်းနည်းနဲ့ စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး အိုရီယို ရိုမီအူ၊ ဂန်ဒိုဝမ်၊ ဂျာအို ဖဲလစ်၊ ဂျာအို ကန်ဆယ်လို၊ အီနီဂို မာတီနက်ဇ်တို့အားလုံးကို အလွတ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာရဲ႕ ဘ႑ာေရးျပႆနာဟာ တကမာၻလုံးက ပရိသတ္ေတြ သိရွိထားၿပီးကိစၥျဖစ္ေပမယ့္လည္း ကတ္တလန္အသင္းႀကီးဟာ လစာေပးေခ်ေနရတဲ့ပမာဏကို သိသိသာသာ ေလွ်ာ့ခ်ႏိုင္ၿပီးေနာက္ အၾကပ္အတည္းကေန စတင္သက္သာလာေနၿပီျဖစ္ပါတယ္။

အလုပ္မ်ားတဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ႏူးကမ့္ကို ကစားသမား ၁၂ ဦးအထိ စြန႔္ခြာသြားတာေၾကာင့္ ဘာစီလိုနာအေနနဲ႔ ေတာ္ေတာ္ေလး အသက္ရႉေခ်ာင္သြားခဲ့တယ္လို႔ Catalunya Radio က ေဖာ္ျပခဲ့ပါတယ္။ ဘာစီလိုနာရဲ႕ လစာေပးေခ်ေနရမႈပမာဏဟာ ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္အၿပီးမွာ ယူ႐ို ၁၆၁၇၅၁၆၁၂ အထိ ေလွ်ာ့ခ်ႏိုင္ခဲ့ၿပီး ယူ႐ို ၅၆၆၄၆၀၇၆၇ ကေန ယူ႐ို ၄၀၄၇၀၉၁၅၅ အထိ ေလ်ာ့က်သြားခဲ့တာျဖစ္ပါတယ္။

ဒီေလ်ာ့က်သြားမႈေၾကာင့္ ဘာစီလိုနာရဲ႕ လစာေပးေခ်ေနရမႈဟာ အသင္းလည္ပတ္ေငြရဲ႕ ၇၃ ရာခိုင္ႏႈန္းကေန ၅၄ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ႏိုင္ခဲ့တာျဖစ္ၿပီး ဂရစ္ဇ္မန္း၊ ပီေကး၊ ဒမ္ဘီလီ၊ ေယာ္ဒီ အယ္လ္ဘာ၊ ထရင္ကာအို၊ ဆာဂီယို ဘူးစ္ကတ္တို႔လို လစာေပးေခ်ရမႈမ်ားျပားတဲ့ကစားသမားေတြကို ရွင္းထုတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာဟာ ကစားသမားသစ္ေတြ ျပန္လည္ေခၚယူခဲ့ေပမယ့္လည္း လုပ္ခလစာနည္းနည္းနဲ႔ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး အိုရီယို ႐ိုမီအူ၊ ဂန္ဒိုဝမ္၊ ဂ်ာအို ဖဲလစ္၊ ဂ်ာအို ကန္ဆယ္လို၊ အီနီဂို မာတီနက္ဇ္တို႔အားလုံးကို အလြတ္နဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.