International

ဂျပန်ကို ဂိုးပြတ်ရှုံးပြီး ယူရိုအိမ်ရှင်အဖြစ် ကျင်းပခါနီးမှာ စိတ်ပျက်ဖွယ် ရှုံးပွဲဆက်နေတဲ့ ဂျာမနီ

ဂျာမနီဟာ ဂျပန်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဟန်ဆီ ဖလစ်ဟာ ရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ဂျာမနီဟာ စနေနေ့ညက ဝုဖ်ဘာ့ဂ်မှာ ဂျပန်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ၄-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ၂၀၀၁ ခုနှစ်တုန်းက အင်္ဂလန်ကို ၅-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အကြီးမားဆုံး အိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဟန်ဆီ ဖလစ်ဟာ လက်ရှိမှာတော့ အင်္ဂါနေ့ ပြင်သစ်နဲ့ ကစားရမယ့် နောက်ထပ် ခြေစမ်းပွဲစဉ်မတိုင်ခင် နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့အတွက် ကြီးမားတဲ့ ဖိအားတွေအောက်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ဂျာမနီဟာ လက်ရှိမှာတော့ ၅ ပွဲကစားခဲ့ရာမှာ ၄ ပွဲမြောက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဒီစိတ်ပျက်ဖွယ် ရလဒ်ဆိုးဆက်နေမှုအတွင်း သွင်းဂိုး ၁၁ ဂိုးအထိ ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ ဂျာမနီဟာ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အုပ်စုအဆင့်မှာပဲ ပြုတ်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကနေ လက်ရှိအချိန်အထိ ဘာတိုးတက်မှုမှ မရှိလာဘူးဆိုတာ ဂျပန်နဲ့ ပွဲစဉ်မှာ သိသာထင်ရှားခဲ့တာဖြစ်ပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ၁ နှစ်တောင် မလိုတော့တဲ့အချိန်မှာ ဂျာမနီလက်ရွေးစင်အသင်းဟာ နောက်ဆုံး ၁၆ ပွဲမှာ ၄ ပွဲသာ နိုင်ပွဲရယူနိုင်ခဲ့တဲ့အထိ အခြေအနေဆိုးနေခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ာမနီဟာ ဂ်ပန္ကို ဂိုးျပတ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ နည္းျပ ဟန္ဆီ ဖလစ္ဟာ ရာထူးကေန ထုတ္ပယ္ခံရဖို႔ နီးစပ္ေနၿပီျဖစ္ပါတယ္။

ဂ်ာမနီဟာ စေနေန႔ညက ဝုဖ္ဘာ့ဂ္မွာ ဂ်ပန္နဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲမွာ ၄-၁ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ၂၀၀၁ ခုႏွစ္တုန္းက အဂၤလန္ကို ၅-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း အႀကီးမားဆုံး အိမ္ကြင္းရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။

ဟန္ဆီ ဖလစ္ဟာ လက္ရွိမွာေတာ့ အဂၤါေန႔ ျပင္သစ္နဲ႔ ကစားရမယ့္ ေနာက္ထပ္ ေျခစမ္းပြဲစဥ္မတိုင္ခင္ နည္းျပရာထူးကေန ထုတ္ပယ္ခံရဖို႔အတြက္ ႀကီးမားတဲ့ ဖိအားေတြေအာက္ကို ေရာက္ရွိေနၿပီျဖစ္ပါတယ္။

ဂ်ာမနီဟာ လက္ရွိမွာေတာ့ ၅ ပြဲကစားခဲ့ရာမွာ ၄ ပြဲေျမာက္ ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ဒီစိတ္ပ်က္ဖြယ္ ရလဒ္ဆိုးဆက္ေနမႈအတြင္း သြင္းဂိုး ၁၁ ဂိုးအထိ ခြင့္ျပဳခဲ့ရတာ ျဖစ္ပါတယ္။ ဂ်ာမနီဟာ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း အုပ္စုအဆင့္မွာပဲ ျပဳတ္ခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္ကေန လက္ရွိအခ်ိန္အထိ ဘာတိုးတက္မႈမွ မရွိလာဘူးဆိုတာ ဂ်ပန္နဲ႔ ပြဲစဥ္မွာ သိသာထင္ရွားခဲ့တာျဖစ္ပါတယ္။

ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပဖို႔ ၁ ႏွစ္ေတာင္ မလိုေတာ့တဲ့အခ်ိန္မွာ ဂ်ာမနီလက္ေ႐ြးစင္အသင္းဟာ ေနာက္ဆုံး ၁၆ ပြဲမွာ ၄ ပြဲသာ ႏိုင္ပြဲရယူႏိုင္ခဲ့တဲ့အထိ အေျခအေနဆိုးေနခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.