International Match Report World Cup

နေမာနဲ့ ရိုဒရီဂိုတို့ တောက်မှုနဲ့အတူ ဘိုလစ်ဗီးယားကို ဂိုးပြတ်အနိုင်ယူတဲ့ ဘရာဇီးလ်

ယနေ့နံနက် ၇ နာရီ ၁၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရာဇီးလ်နဲ့ ဘိုလစ်ဗီးယားတို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘရာဇီးလ်က ၅-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဘရာဇီးလ်က ခံစစ်မှာ ဂါဘရီယဲလ်၊ မာကင်ညို့စ်၊ ဒါနီလို၊ လိုဒီတို့ကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာ ကာစီမီရို၊ ဂီမာရေးစ်၊ တိုက်စစ်မှာ ရာဖင်ညာ၊ နေမာ၊ ရိုဒရီဂို၊ ရစ်ချာလီဆန်တို့နဲ့ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း စတင်ချိန်ကတည်းက ဘရာဇီးလ်က အသာစီးရယူကစားနိုင်ခဲ့ပြီး ၁၄ မိနစ်မှာ ရိုဒရီဂိုရဲ့ ဖြတ်တင်ပေးပို့မှုကို ဂျူဆီနိုက ပိတ်ဆို့ခဲ့ရာမှာ လက်ထိတယ်ဆိုပြီး ကွင်းလယ်ဒိုင်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ရာမှာ နေမာရဲ့ ကန်သွင်းမှုကို ဘိုလစ်ဗီးယားဂိုးသမားက မယုံနိုင်ဖွယ်ကာကွယ်သွားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘရာဇီးလ်ဟာ အဖွင့်ဂိုးရဖို့ သိပ်မစောင့်ဆိုင်းခဲ့ရဘဲ ၂၄ မိနစ်မှာ ရိုဒရီဂိုက ရာဖင်ညာရဲ့ အနီးကပ်ကန်သွင်းမှုကို ဘိုလစ်ဗီးယားဂိုးသမား ဗစ်စ်ကာရာ ပုတ်ထုတ်ရာကနေ လျှံထွက်လာတဲ့ဘောလုံးကို ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီးနောက် ၂ မိနစ်အကြာမှာပဲ ရာဖင်ညာက ပထမပိုင်းမှာတုန်းက ၎င်းရဲ့ ကန်သွင်းမှုတွေကို လက်စွမ်းပြကာကွယ်ခဲ့တဲ့ ဗစ်စ်ကာရာကို အလဲထိုးနိုင်ခဲ့ပြီး ၅၃ မိနစ်မှာ ရိုဒရီဂိုကပဲ ဘရူနို ဂီမာရေးစ်ရဲ့ ပေးပို့မှုကနေ နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၆၁ မိနစ်မှာ နေမာက ပထမပိုင်း ပင်နယ်တီ လွဲချော်ခဲ့မှုကို ပြန်လည်ပေးဆပ်တဲ့အနေနဲ့ နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပြီး ဘိုလစ်ဗီးယားအတွက် တစ်လုံးတည်းသော ချေပဂိုးကို အက်ဘရီဂိုက ၇၈ မိနစ်မှာ ပြန်လည်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၉၃ မိနစ်မှာ နေမာက ရာဖင်ညာရဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် ဗစ်စ်ကာရာရဲ့ ချိုင်းအောက်ကနေ ကန်သွင်းယူပြီး ပဉ္စမမြောက်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ နေမာဟာ ဘိုလစ်ဗီးယားနဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ဘရာဇီးလ်ရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်အဖြစ် စံချိန်တင်ထားတဲ့ ဂန္တဝင်တိုက်စစ်မှူးကြီး ပီလီရဲ့ စံချိန်ကို ၇၉ ဂိုးနဲ့ ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယေန႔နံနက္ ၇ နာရီ ၁၅ မိနစ္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဘရာဇီးလ္နဲ႔ ဘိုလစ္ဗီးယားတို႔ရဲ႕ ကမာၻ႔ဖလားေျခစစ္ပြဲမွာ ဘရာဇီးလ္က ၅-၁ နဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

ဘရာဇီးလ္က ခံစစ္မွာ ဂါဘရီယဲလ္၊ မာကင္ညိဳ႕စ္၊ ဒါနီလို၊ လိုဒီတို႔ကို ပြဲထုတ္ခဲ့ၿပီး ကြင္းလယ္မွာ ကာစီမီ႐ို၊ ဂီမာေရးစ္၊ တိုက္စစ္မွာ ရာဖင္ညာ၊ ေနမာ၊ ႐ိုဒရီဂို၊ ရစ္ခ်ာလီဆန္တို႔နဲ႔ ပြဲထြက္လာခဲ့တာျဖစ္ပါတယ္။

ပထမပိုင္း စတင္ခ်ိန္ကတည္းက ဘရာဇီးလ္က အသာစီးရယူကစားႏိုင္ခဲ့ၿပီး ၁၄ မိနစ္မွာ ႐ိုဒရီဂိုရဲ႕ ျဖတ္တင္ေပးပို႔မႈကို ဂ်ဴဆီႏိုက ပိတ္ဆို႔ခဲ့ရာမွာ လက္ထိတယ္ဆိုၿပီး ကြင္းလယ္ဒိုင္က ပင္နယ္တီ သတ္မွတ္ေပးခဲ့ရာမွာ ေနမာရဲ႕ ကန္သြင္းမႈကို ဘိုလစ္ဗီးယားဂိုးသမားက မယုံႏိုင္ဖြယ္ကာကြယ္သြားခဲ့ပါတယ္။

ဒါေပမယ့္လည္း ဘရာဇီးလ္ဟာ အဖြင့္ဂိုးရဖို႔ သိပ္မေစာင့္ဆိုင္းခဲ့ရဘဲ ၂၄ မိနစ္မွာ ႐ိုဒရီဂိုက ရာဖင္ညာရဲ႕ အနီးကပ္ကန္သြင္းမႈကို ဘိုလစ္ဗီးယားဂိုးသမား ဗစ္စ္ကာရာ ပုတ္ထုတ္ရာကေန လွ်ံထြက္လာတဲ့ေဘာလုံးကို ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ၿပီးေနာက္ ၂ မိနစ္အၾကာမွာပဲ ရာဖင္ညာက ပထမပိုင္းမွာတုန္းက ၎ရဲ႕ ကန္သြင္းမႈေတြကို လက္စြမ္းျပကာကြယ္ခဲ့တဲ့ ဗစ္စ္ကာရာကို အလဲထိုးႏိုင္ခဲ့ၿပီး ၅၃ မိနစ္မွာ ႐ိုဒရီဂိုကပဲ ဘ႐ူႏို ဂီမာေရးစ္ရဲ႕ ေပးပို႔မႈကေန ေနာက္ထပ္ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၆၁ မိနစ္မွာ ေနမာက ပထမပိုင္း ပင္နယ္တီ လြဲေခ်ာ္ခဲ့မႈကို ျပန္လည္ေပးဆပ္တဲ့အေနနဲ႔ ေနာက္ထပ္ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့ၿပီး ဘိုလစ္ဗီးယားအတြက္ တစ္လုံးတည္းေသာ ေခ်ပဂိုးကို အက္ဘရီဂိုက ၇၈ မိနစ္မွာ ျပန္လည္သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပို ၉၃ မိနစ္မွာ ေနမာက ရာဖင္ညာရဲ႕ ျဖတ္တင္ေပးပို႔မႈကေနတဆင့္ ဗစ္စ္ကာရာရဲ႕ ခ်ိဳင္းေအာက္ကေန ကန္သြင္းယူၿပီး ပၪၥမေျမာက္ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ေနမာဟာ ဘိုလစ္ဗီးယားနဲ႔ပြဲစဥ္မွာ သြင္းယူခဲ့တဲ့ သြင္းဂိုး ၂ ဂိုးေၾကာင့္ ဘရာဇီးလ္ရဲ႕ တသက္တာထိပ္တန္းဂိုးသြင္းရွင္အျဖစ္ စံခ်ိန္တင္ထားတဲ့ ဂႏၲဝင္တိုက္စစ္မႉးႀကီး ပီလီရဲ႕ စံခ်ိန္ကို ၇၉ ဂိုးနဲ႔ ျဖတ္ေက်ာ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.