MLS Messi Premier League

ဘလွန်ဒေါဆုအတွက် မက်ဆီကို သတိပေးလိုက်တဲ့ ဟာလန်း

အာလင်း ဟာလန်းဟာ ဘလွန်ဒေါဆုကို ရရှိနိုင်တဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး ဖွင့်ဟပြောဆိုလိုက်ပြီး ယခုနှစ် တစ်ဦးချင်းဆုအတွက် လီယွန်နယ် မက်ဆီကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

ဟာလန်းနဲ့ မက်ဆီတို့ဟာ ဘောလုံးလောကရဲ့ အကြီးမားဆုံးဆုဖလားတွေကို ရရှိခဲ့ကြပြီးနောက် ၂၀၂၃ ဘလွန်ဒေါဆုပေးပွဲမှာ အနိုင်ရရှိဖို့အတွက် ထိပ်ဆုံးကနေ ဦးဆောင်နေကြတာဖြစ်ပြီး နော်ဝေကြယ်ပွင့်က ပြီးခဲ့တဲ့ရာသီ မန်စီးတီးအတွက် ဖလား ၃ လုံးတပြိုင်နက် ရရှိအောင် ကူညီပေးနိုင်ခဲ့သလို အာဂျင်တီးနားဂန္တဝင်ကလည်း ဒီဇင်ဘာလမှာ ကမ္ဘာ့ဖလားရရှိခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်ခင် ဟာလန်းက ဘလွန်ဒေါဆုအတွက် လီယွန်နယ် မက်ဆီကို စိန်ခေါ်နိုင်တဲ့ အခွင့်အရေးရှိတယ်လို့ ယုံကြည်ကြောင်း France Football ကို ပြောကြားခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အကောင်းဆုံးတိုက်စစ်မှူးအဖြစ် ကိုယ့်ကိုကိုယ် ယူဆထားလားလို့ မေးမြန်းခဲ့ရာမှာ ဟာလန်းက “ကျွန်တော့်စိတ်ထဲမှာတော့ တိုက်စစ်မှူးတစ်ယောက်လို့ ကျွန်တော်တို့ အဓိပ္ပာယ်ဖွင့်ထားတဲ့အရာအားလုံးအပေါ်မှာ မူတည်ပါတယ်။ အဲဒါက ဖြေရခက်တဲ့မေးခွန်းပါ။ ကျွန်တော်က တိုက်စစ်မှူးကောင်းထဲမှာ ပါတာ ကျိန်းသေပါတယ်။ ကျွန်တော်က အကောင်းဆုံးလားဆိုရင်တော့ ဟုတ်ရင်လည်း ဟုတ်မှာပါ။ ကျွန်တော်က အရမ်းကောင်းတဲ့ကစားသမားအဖြစ် တိုးတက်လာနိုင်သေးတယ်ဆိုတာ သိပါတယ် ။ကျွန်တော်က ငယ်ပါသေးတယ်။ ဒါပေမယ့် ဟုတ်ပါတယ်။ ကျွန်တော် ဒီနှစ် ဘလွန်ဒေါဆုအတွက် အခွင့်အရေးရှိတယ်လို့ ယုံကြည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာလင္း ဟာလန္းဟာ ဘလြန္ေဒါဆုကို ရရွိႏိုင္တဲ့ အခြင့္အေရးနဲ႔ပတ္သက္ၿပီး ဖြင့္ဟေျပာဆိုလိုက္ၿပီး ယခုႏွစ္ တစ္ဦးခ်င္းဆုအတြက္ လီယြန္နယ္ မက္ဆီကို စိန္ေခၚႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း ဝန္ခံေျပာၾကားခဲ့ပါတယ္။

ဟာလန္းနဲ႔ မက္ဆီတို႔ဟာ ေဘာလုံးေလာကရဲ႕ အႀကီးမားဆုံးဆုဖလားေတြကို ရရွိခဲ့ၾကၿပီးေနာက္ ၂၀၂၃ ဘလြန္ေဒါဆုေပးပြဲမွာ အႏိုင္ရရွိဖို႔အတြက္ ထိပ္ဆုံးကေန ဦးေဆာင္ေနၾကတာျဖစ္ၿပီး ေနာ္ေဝၾကယ္ပြင့္က ၿပီးခဲ့တဲ့ရာသီ မန္စီးတီးအတြက္ ဖလား ၃ လုံးတၿပိဳင္နက္ ရရွိေအာင္ ကူညီေပးႏိုင္ခဲ့သလို အာဂ်င္တီးနားဂႏၲဝင္ကလည္း ဒီဇင္ဘာလမွာ ကမာၻ႔ဖလားရရွိခဲ့တာျဖစ္ပါတယ္။

ကမာၻ႔ဖလားေျခစစ္ပြဲမတိုင္ခင္ ဟာလန္းက ဘလြန္ေဒါဆုအတြက္ လီယြန္နယ္ မက္ဆီကို စိန္ေခၚႏိုင္တဲ့ အခြင့္အေရးရွိတယ္လို႔ ယုံၾကည္ေၾကာင္း France Football ကို ေျပာၾကားခဲ့ပါတယ္။

ကမာၻေပၚမွာ အေကာင္းဆုံးတိုက္စစ္မႉးအျဖစ္ ကိုယ့္ကိုကိုယ္ ယူဆထားလားလို႔ ေမးျမန္းခဲ့ရာမွာ ဟာလန္းက “ကြၽန္ေတာ့္စိတ္ထဲမွာေတာ့ တိုက္စစ္မႉးတစ္ေယာက္လို႔ ကြၽန္ေတာ္တို႔ အဓိပၸာယ္ဖြင့္ထားတဲ့အရာအားလုံးအေပၚမွာ မူတည္ပါတယ္။ အဲဒါက ေျဖရခက္တဲ့ေမးခြန္းပါ။ ကြၽန္ေတာ္က တိုက္စစ္မႉးေကာင္းထဲမွာ ပါတာ က်ိန္းေသပါတယ္။ ကြၽန္ေတာ္က အေကာင္းဆုံးလားဆိုရင္ေတာ့ ဟုတ္ရင္လည္း ဟုတ္မွာပါ။ ကြၽန္ေတာ္က အရမ္းေကာင္းတဲ့ကစားသမားအျဖစ္ တိုးတက္လာႏိုင္ေသးတယ္ဆိုတာ သိပါတယ္ ။ကြၽန္ေတာ္က ငယ္ပါေသးတယ္။ ဒါေပမယ့္ ဟုတ္ပါတယ္။ ကြၽန္ေတာ္ ဒီႏွစ္ ဘလြန္ေဒါဆုအတြက္ အခြင့္အေရးရွိတယ္လို႔ ယုံၾကည္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.