MLS Messi

လက်ရွေးစင်ရောက်နေတဲ့ မက်ဆီ စိတ်အေးစေဖို့ ကန်းဆတ်စီးတီးကို အနိုင်ကစားပြခဲ့တဲ့ မိုင်ယာမီ

အင်တာ မိုင်ယာမီဟာ စနေနေ့ညက ဖို့တ် လော်ဒါဒေးလ်မှာ လီယွန်နယ် မက်ဆီ မပါဝင်ဘဲ ကစားခဲ့ရပေမယ့်လည်း စပို့တင်း ကန်းဆတ်စီးတီးကို ၃-၂ နဲ့ အနိုင်ရရှိခဲ့ပြီး မေဂျာလိဂ် Play-off ကစားခွင့်အတွက် ဆက်လက် မျှော်လင့်နိုင်ခဲ့ပြီဖြစ်ပါတယ်။

မိုင်ယာမီဟာ လက်ရွေးစင်အသင်းနဲ့ သွားရောက်ပူးပေါင်းနေတဲ့ လီယွန်နယ် မက်ဆီ မပါဝင်ဘဲ ကစားခဲ့ရတာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ မေဂျာလိဂ် ၄ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေကျခဲ့တဲ့ ရလဒ်ကို တိုးတက်အောင် လုပ်ဆောင်နိုင်ဆဲဖြစ်ပြီး ပြိုင်ပွဲစုံ ၁၂ ဆက်တိုက် ရှုံးပွဲမရှိခဲ့တာဖြစ်ပါတယ်။

ကန်းဆတ်စီးတီးဟာ နောက်ဆုံး ၂ ပွဲဆက်တိုက် နိုင်ပွဲ ရရှိခဲ့ပြီး မေလ ၂၀ ရက်နေ့နောက်ပိုင်း မေဂျာလိဂ်မှာ ပထမဆုံးအကြိမ် သွင်းဂိုး ၃ ဂိုးအထိ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ကန်းဆတ်စီးတီးကြယ်ပွင့် ဒန်နီရယ် ဆာလိုဝါက ပထမပိုင်း ၉ မိနစ်မှာ အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး မိုင်ယာမီဂိုးသမား ဒရိတ်ခ် ကာလန်ဒါက ဖိလစ်ပီ ဂူတီယာရက်ဇ်ရဲ့ အဝေးကန်ချက်ကို ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ဆာလိုဝါရဲ့ ပိတ်သွင်းမှုကိုတော့ မကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

လီယိုနာဒို ကမ်ပါနာက ၂၅ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေ အင်တာမိုင်ယာမီအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ၄၅ မိနစ်မှာ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အင်တာ မိုင်ယာမီဟာ မိနစ် ၆၀ မှာ ကန်းဆတ်စီးတီးကို နောက်ထပ် ဦးဆောင်ဂိုးထပ်မံသွင်းယူခဲ့ပြီး နောက်ခံလူ အန်ဒရီယူ ဖွန်တက်စ်က လက်ထိဘောအတွက် ငြင်းခုံနေချိန်မှာ ဆာဂီယို ဘူးစ်ကတ်က အလွတ်တည်ကန်ဘောကနေ ဖာကွန်ဒို ဖားရီးယပ်စ်ဆီ ကန်တင်ပေးခဲ့ရာမှာ လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

အလန် ပူလီဒိုက ၇၈ မိနစ်မှာ ကန်းဆတ်စီးတီးအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ၈၅ မိနစ်မှာ တင် လေဘိုးက နောက်ထပ် ချေပဂိုးကို သွင်းယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း မိုင်ယာမီနောက်ခံလူ ကာမယ် မီလာက ပိတ်ဆို့နိုင်ခဲ့တာကြောင့် အင်တာ မိုင်ယာမီတို့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

အရှေ့ပိုင်းကွန်းဖရင့်ဇုန် Play-offs ကစားခွင့်အတွက် ဆက်လက် ထိတွေ့သွားရဦးမှာ ဖြစ်တာကြောင့် အင်တာမိုင်ယာမီနဲ့ စပို့တင်း ကန်းဆတ်စီးတီးတို့ကြား ပထမဆုံး တွေ့ဆုံမှုဟာ ဟီရွန်စ်တွေအတွက် ချိုမြိန်တဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အင္တာ မိုင္ယာမီဟာ စေနေန႔ညက ဖို႔တ္ ေလာ္ဒါေဒးလ္မွာ လီယြန္နယ္ မက္ဆီ မပါဝင္ဘဲ ကစားခဲ့ရေပမယ့္လည္း စပို႔တင္း ကန္းဆတ္စီးတီးကို ၃-၂ နဲ႔ အႏိုင္ရရွိခဲ့ၿပီး ေမဂ်ာလိဂ္ Play-off ကစားခြင့္အတြက္ ဆက္လက္ ေမွ်ာ္လင့္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

မိုင္ယာမီဟာ လက္ေ႐ြးစင္အသင္းနဲ႔ သြားေရာက္ပူးေပါင္းေနတဲ့ လီယြန္နယ္ မက္ဆီ မပါဝင္ဘဲ ကစားခဲ့ရတာျဖစ္ၿပီး ေနာက္ဆုံးကစားခဲ့တဲ့ ေမဂ်ာလိဂ္ ၄ ပြဲမွာ ၃ ပြဲႏိုင္ ၁ ပြဲသေရက်ခဲ့တဲ့ ရလဒ္ကို တိုးတက္ေအာင္ လုပ္ေဆာင္ႏိုင္ဆဲျဖစ္ၿပီး ၿပိဳင္ပြဲစုံ ၁၂ ဆက္တိုက္ ရႈံးပြဲမရွိခဲ့တာျဖစ္ပါတယ္။

ကန္းဆတ္စီးတီးဟာ ေနာက္ဆုံး ၂ ပြဲဆက္တိုက္ ႏိုင္ပြဲ ရရွိခဲ့ၿပီး ေမလ ၂၀ ရက္ေန႔ေနာက္ပိုင္း ေမဂ်ာလိဂ္မွာ ပထမဆုံးအႀကိမ္ သြင္းဂိုး ၃ ဂိုးအထိ ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။ ကန္းဆတ္စီးတီးၾကယ္ပြင့္ ဒန္နီရယ္ ဆာလိုဝါက ပထမပိုင္း ၉ မိနစ္မွာ အဖြင့္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး မိုင္ယာမီဂိုးသမား ဒရိတ္ခ္ ကာလန္ဒါက ဖိလစ္ပီ ဂူတီယာရက္ဇ္ရဲ႕ အေဝးကန္ခ်က္ကို ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ဆာလိုဝါရဲ႕ ပိတ္သြင္းမႈကိုေတာ့ မကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

လီယိုနာဒို ကမ္ပါနာက ၂၅ မိနစ္မွာ ရရွိခဲ့တဲ့ ပင္နယ္တီကေန အင္တာမိုင္ယာမီအတြက္ ေခ်ပဂိုးကို သြင္းယူေပးခဲ့ၿပီး ၄၅ မိနစ္မွာ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ အင္တာ မိုင္ယာမီဟာ မိနစ္ ၆၀ မွာ ကန္းဆတ္စီးတီးကို ေနာက္ထပ္ ဦးေဆာင္ဂိုးထပ္မံသြင္းယူခဲ့ၿပီး ေနာက္ခံလူ အန္ဒရီယူ ဖြန္တက္စ္က လက္ထိေဘာအတြက္ ျငင္းခုံေနခ်ိန္မွာ ဆာဂီယို ဘူးစ္ကတ္က အလြတ္တည္ကန္ေဘာကေန ဖာကြန္ဒို ဖားရီးယပ္စ္ဆီ ကန္တင္ေပးခဲ့ရာမွာ လြတ္လြတ္ကြၽတ္ကြၽတ္ ကန္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

အလန္ ပူလီဒိုက ၇၈ မိနစ္မွာ ကန္းဆတ္စီးတီးအတြက္ ေခ်ပဂိုးကို သြင္းယူေပးခဲ့ၿပီးေနာက္ ၈၅ မိနစ္မွာ တင္ ေလဘိုးက ေနာက္ထပ္ ေခ်ပဂိုးကို သြင္းယူႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္လည္း မိုင္ယာမီေနာက္ခံလူ ကာမယ္ မီလာက ပိတ္ဆို႔ႏိုင္ခဲ့တာေၾကာင့္ အင္တာ မိုင္ယာမီတို႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

အေရွ႕ပိုင္းကြန္းဖရင့္ဇုန္ Play-offs ကစားခြင့္အတြက္ ဆက္လက္ ထိေတြ႕သြားရဦးမွာ ျဖစ္တာေၾကာင့္ အင္တာမိုင္ယာမီနဲ႔ စပို႔တင္း ကန္းဆတ္စီးတီးတို႔ၾကား ပထမဆုံး ေတြ႕ဆုံမႈဟာ ဟီ႐ြန္စ္ေတြအတြက္ ခ်ိဳၿမိန္တဲ့ပြဲစဥ္တစ္ပြဲျဖစ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.