မန်ချက်စတာစီးတီးကြယ်ပွင့် ကီဗင် ဒီဘရိုင်းနားဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ ၂ ဦးထဲက ဘယ်သူနဲ့ ပိုပြီး တွဲကစားချင်လဲလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ ပေါ်တူဂီကြယ်ပွင့်ကို ရွေးချယ်ခဲ့ပြီး ဘာကြောင့် အာဂျင်တီးနားကြယ်ပွင့်နဲ့ တွဲကစားဖို့ ငြင်းပယ်ခဲ့လဲဆိုတာကိုလည်း ရှင်းပြခဲ့ပါတယ်။
ဒီဘရိုင်းနားဟာ ယခုမျိုးဆက်မှာ အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး မန်စီးတီးကြယ်ပွင့် မက်ဆီဟာ ၎င်းနဲ့ တူညီတဲ့ ကစားကွက်ဖန်တီးရှင်အဖြစ် ကစားနေတာကြောင့် ရော်နယ်လ်ဒိုနဲ့ တွဲကစားတာက ပိုပြီး အကျိုးအမြတ်ရှိလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
ဘယ်လ်ဂျီယမ်လက်ရွေးစင်ကြယ်ပွင့်ဟာ ကလပ်အသင်းအဆင့်နဲ့ နိုင်ငံတကာအဆင့်မှာ ရော်နယ်လ်ဒိုနဲ့ရော မက်ဆီနဲ့ပါ ရင်ဆိုင်ကစားခဲ့ဖူးသူဖြစ်ပြီး အသက် ၃၈ နှစ်အရွယ် မန်ယူနိုက်တက်ဂန္တဝင်က တိုက်စစ်မှူးစစ်စစ်ဖြစ်တာကြောင့် ပိုပြီး တွဲကစားချင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်ကတော့ ရော်နယ်လ်ဒိုလို့ပဲ ပြောရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူက ပိုပြီး တိုက်စစ်မှူးစစ်စစ် ဖြစ်နေလို့ပါ။ မက်ဆီကတော့ ကစားကွက်ဖန်တီးရှင် ပိုပြီးဆန်ပါတယ်။ ကျွန်တော်ကလည်း ကစားကွက်ဖန်တီးရှင်ပါ။ ခင်ဗျား ကျွန်တော့်ကို တိုက်စစ်မှူးတစ်ယောက်ပေးနိုင်ပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: မန်ချက်စတာစီးတီးကြယ်ပွင့် ကီဗင် ဒီဘရိုင်းနားဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ ၂ ဦးထဲက ဘယ်သူနဲ့ ပိုပြီး တွဲကစားချင်လဲလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ ပေါ်တူဂီကြယ်ပွင့်ကို ရွေးချယ်ခဲ့ပြီး ဘာကြောင့် အာဂျင်တီးနားကြယ်ပွင့်နဲ့ တွဲကစားဖို့ ငြင်းပယ်ခဲ့လဲဆိုတာကိုလည်း ရှင်းပြခဲ့ပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.