ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သောကြာနေ့ညက ဆလိုဗက်ကီးယားကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း မာတင် ဒူဗရက်ကာကို ခြေထောက်နဲ့ နင်းခဲ့မိပေမယ့်လည်း ကံကောင်းထောက်မစွာနဲ့ အနီကတ်နဲ့ လွဲချော်ခဲ့ပါတယ်။
အယ်လ်နာဆာကြယ်ပွင့်ဟာ ဒုတိယပိုင်းက ဖြစ်စဉ်အတွင်း ပင်နယ်တီဧရိယာထဲမှာ ဘောလုံးရယူဖို့အတွက် လျှောထိုးခဲ့ရာမှာ ဆလိုဗက်ကီးယားဂိုးသမားက အရင်ဦးသွားခဲ့တာကြောင့် ရော်နယ်လ်ဒိုရဲ့ ဘောကန်ဖိနပ်က ဒူဗရက်ကာရဲ့မျက်နှာနဲ့ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။
ရော်နယ်လ်ဒိုဟာ အဲဒီပြစ်ဒဏ်ကျူးလွန်မှုကြောင့် အဝါကတ်ပြား ပြသခြင်းခံခဲ့ရတာကြောင့် တနင်္လာနေ့မှာ လူဇင်ဘာ့ဂ်နဲ့ ကစားရမယ့် ပွဲစဉ်ကို လွဲချော်တော့မှာဖြစ်ပြီး ပွဲအပြီးမှာ ပေါ်တူဂီကြယ်ပွင့်က ဆလိုဗက်ကီးယာဂိုးသမားကို မတော်တဆဖြစ်ခဲ့မှုအတွက် တောင်းပန်ခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲကြောင့် ပေါ်တူဂီဟာ အုပ်စု J မှာ ၅ ပွဲကစား ၅ ပွဲနိုင်နဲ့ ပေးဂိုးမရှိ အုပ်စုဗိုလ်အဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဆလိုဗက်ကီးယားနဲ့ပွဲစဉ်မှာ အုပ်စုအဆင့် အဝါကတ်ပြား ၃ ကတ်ပြည့်မြောက်ခဲ့တာတောင် လာမယ့် လူဇင်ဘာ့ဂ်နဲ့ ပွဲစဉ်ကို လွဲချော်မှာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်အတွက် နိုင်ငံတကာသွင်းဂိုးစံချိန်ကို တိုးမြှင့်နိုင်မယ့် အခွင့်အရေး လွဲချော်ခဲ့တာလို့ ဆိုရမှာဖြစ်ပါတယ်။
ရော်နယ်လ်ဒိုဟာ လူဇင်ဘာ့ဂ်နဲ့ ၁၁ ကြိမ် တွေ့ဆုံခဲ့ရာမှာ သွင်းဂိုး ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် တနင်္လာနေ့ပွဲစဉ်မှာသာ ပါဝင်ကစားခွင့်ရရှိခဲ့မယ်ဆိုရင် နောက်ထပ်သွင်းဂိုးတွေ ထပ်မံသွင်းယူနိုင်ဖို့ သေချာသလောက် ရှိနေတာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ေသာၾကာေန႔ညက ဆလိုဗက္ကီးယားကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္း မာတင္ ဒူဗရက္ကာကို ေျခေထာက္နဲ႔ နင္းခဲ့မိေပမယ့္လည္း ကံေကာင္းေထာက္မစြာနဲ႔ အနီကတ္နဲ႔ လြဲေခ်ာ္ခဲ့ပါတယ္။
အယ္လ္နာဆာၾကယ္ပြင့္ဟာ ဒုတိယပိုင္းက ျဖစ္စဥ္အတြင္း ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးရယူဖို႔အတြက္ ေလွ်ာထိုးခဲ့ရာမွာ ဆလိုဗက္ကီးယားဂိုးသမားက အရင္ဦးသြားခဲ့တာေၾကာင့္ ေရာ္နယ္လ္ဒိုရဲ႕ ေဘာကန္ဖိနပ္က ဒူဗရက္ကာရဲ႕မ်က္ႏွာနဲ႔ မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။
ေရာ္နယ္လ္ဒိုဟာ အဲဒီျပစ္ဒဏ္က်ဴးလြန္မႈေၾကာင့္ အဝါကတ္ျပား ျပသျခင္းခံခဲ့ရတာေၾကာင့္ တနလၤာေန႔မွာ လူဇင္ဘာ့ဂ္နဲ႔ ကစားရမယ့္ ပြဲစဥ္ကို လြဲေခ်ာ္ေတာ့မွာျဖစ္ၿပီး ပြဲအၿပီးမွာ ေပၚတူဂီၾကယ္ပြင့္က ဆလိုဗက္ကီးယာဂိုးသမားကို မေတာ္တဆျဖစ္ခဲ့မႈအတြက္ ေတာင္းပန္ခဲ့တာျဖစ္ပါတယ္။
ေပၚတူဂီအတြက္ တစ္လုံးတည္းေသာအႏိုင္ဂိုးကို မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ ဘ႐ူႏို ဖာနန္ဒက္စ္က သြင္းယူေပးခဲ့တာျဖစ္ၿပီး ဒီႏိုင္ပြဲေၾကာင့္ ေပၚတူဂီဟာ အုပ္စု J မွာ ၅ ပြဲကစား ၅ ပြဲႏိုင္နဲ႔ ေပးဂိုးမရွိ အုပ္စုဗိုလ္အျဖစ္ ရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ဆလိုဗက္ကီးယားနဲ႔ပြဲစဥ္မွာ အုပ္စုအဆင့္ အဝါကတ္ျပား ၃ ကတ္ျပည့္ေျမာက္ခဲ့တာေတာင္ လာမယ့္ လူဇင္ဘာ့ဂ္နဲ႔ ပြဲစဥ္ကို လြဲေခ်ာ္မွာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္အတြက္ ႏိုင္ငံတကာသြင္းဂိုးစံခ်ိန္ကို တိုးျမႇင့္ႏိုင္မယ့္ အခြင့္အေရး လြဲေခ်ာ္ခဲ့တာလို႔ ဆိုရမွာျဖစ္ပါတယ္။
ေရာ္နယ္လ္ဒိုဟာ လူဇင္ဘာ့ဂ္နဲ႔ ၁၁ ႀကိမ္ ေတြ႕ဆုံခဲ့ရာမွာ သြင္းဂိုး ၁၁ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာေၾကာင့္ တနလၤာေန႔ပြဲစဥ္မွာသာ ပါဝင္ကစားခြင့္ရရွိခဲ့မယ္ဆိုရင္ ေနာက္ထပ္သြင္းဂိုးေတြ ထပ္မံသြင္းယူႏိုင္ဖို႔ ေသခ်ာသေလာက္ ရွိေနတာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.