International World Cup

အလွတ်တည်ကန်ဘောသွင်းဂိုးနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အာဂျင်အတွက် မက်ဆီယူပေးတဲ့ နိုင်ပွဲ

လီယွန်နယ် မက်ဆီဟာ ကြာသပတေးနေ့ည(မြန်မာစံတော်ချိန် ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်)မှာ အီကွေဒေါနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အလွတ်တည်ကန်ဘောကနေ ဂိုးသွင်းယူပြီး ၁-၀ နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

မက်ဆီဟာ ယခုနွေရာသီမှာ ပီအက်စ်ဂျီကနေ အင်တာမိုင်ယာမီကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဇူလိုင်လ ၂၁ ရက်နေ့ ပွဲဦးထွက်ပွဲစဉ်မှာ အလွတ်တည်ကန်ဘောကနေ ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပြီး အီကွေဒေါနဲ့ ပွဲစဉ်မှာလည်း ၇၈ မိနစ်မှာ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီအတွက်တော့ ဒီသွင်းဂိုးဟာ ကစားသမားဘဝ အလွတ်တည်ကန်ဘောကနေ သွင်းယူခဲ့တဲ့ ၆၅ ဂိုးမြောက်သွင်းဂိုးဖြစ်ခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ သွင်းယူခဲ့တဲ့ ၂၉ ဂိုးမြောက်သွင်းဂိုးလည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းဖော်ဟောင်း လူးဝစ္စ ဆွာရက်ဇ်နဲ့အတူ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲသမိုင်းမှာ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့ပြီဖြစ်ပြီး လက်ရှိ ကမ္ဘာ့ချန်ပီယံအာဂျင်တီးနားဟာ စက်တင်ဘာ ၁၂ ရက်နေ့မှာ ဘိုလစ်ဗီးယားနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီဟာ ၾကာသပေတးေန႔ည(ျမန္မာစံေတာ္ခ်ိန္ ယေန႔နံနက္ ၆ နာရီ ၃၀ မိနစ္)မွာ အီေကြေဒါနဲ႔ ကစားခဲ့တဲ့ ကမာၻ႔ဖလား ေျခစစ္ပြဲမွာ အလြတ္တည္ကန္ေဘာကေန ဂိုးသြင္းယူၿပီး ၁-၀ နဲ႔ အႏိုင္ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့ပါတယ္။

မက္ဆီဟာ ယခုေႏြရာသီမွာ ပီအက္စ္ဂ်ီကေန အင္တာမိုင္ယာမီကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ ဇူလိုင္လ ၂၁ ရက္ေန႔ ပြဲဦးထြက္ပြဲစဥ္မွာ အလြတ္တည္ကန္ေဘာကေန ဂိုးသြင္းယူႏိုင္ခဲ့သူျဖစ္ၿပီး အီေကြေဒါနဲ႔ ပြဲစဥ္မွာလည္း ၇၈ မိနစ္မွာ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီအတြက္ေတာ့ ဒီသြင္းဂိုးဟာ ကစားသမားဘဝ အလြတ္တည္ကန္ေဘာကေန သြင္းယူခဲ့တဲ့ ၆၅ ဂိုးေျမာက္သြင္းဂိုးျဖစ္ခဲ့ၿပီး ကမာၻ႔ဖလားေျခစစ္ပြဲမွာ သြင္းယူခဲ့တဲ့ ၂၉ ဂိုးေျမာက္သြင္းဂိုးလည္း ျဖစ္ခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ လီယြန္နယ္ မက္ဆီဟာ ဘာစီလိုနာအသင္းေဖာ္ေဟာင္း လူးဝစၥ ဆြာရက္ဇ္နဲ႔အတူ ေတာင္အေမရိကဇုန္ ကမာၻ႔ဖလားေျခစစ္ပြဲသမိုင္းမွာ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ပူးတြဲရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ၿပီး လက္ရွိ ကမာၻ႔ခ်န္ပီယံအာဂ်င္တီးနားဟာ စက္တင္ဘာ ၁၂ ရက္ေန႔မွာ ဘိုလစ္ဗီးယားနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.