International Match Report

ဒမ်းဖရီးစ်ရဲ့ ဖန်တီးမှုတွေနဲ့ အောက်ဆုံးကနေ ဒုတိယနေရာ ရောက်လာတဲ့ နယ်သာလန်

နယ်သာလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဖလက်ကင်၊ ခံစစ်မှာ ဗန်ဒိုက်၊ ဂီယာထရီဒါနဲ့ အာကေတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဒမ်းဖရီးစ်၊ ဘလင်းဒ်၊ ဒရွန်းနဲ့ ဖရင်ကီ ဒယုံးတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဇာဗီ ဆီမွန်စ်၊ ဂက်ခ်ပိုနဲ့ ဗက်ဂ်ဟော့စ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဂရိအသင်းကတော့ ဂိုးသမား ဗလာချိုဒီမော့စ်၊ ခံစစ်မှာ ရက်ဆော့စ်၊ ဟတ်ဇီဒီယာကော့စ်၊ ရိုတာနဲ့ ဆီမီကတ်စ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဆီယိုပစ်၊ ကူရ်ဘီလစ်၊ ဘာကာဆီတာ့စ်၊ မက်ဆူရာ့စ်နဲ့ မန်တာလော့စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ပက်ဗလီဒစ် တစ်ဦးတည်းကို အထောင်ထားလာခဲ့တာပါ။

ပွဲချိန် ၁၇ မိနစ်မှာ နယ်သာလန်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကနေ ဘလင်းဒ် ကန်တင်ပေးတာကို အမြင့်ဆုံး ခုန်နိုင်ခဲ့တဲ့ ဒမ်းဖရီးစ်က ခေါင်းတိုက်ချပေးရမှာ ဂရိနောက်ခံလူတစ်ဦးနဲ့ ရှပ်ထိပြီး ကျလာတဲ့ ဘောလုံးကို ဒရွန်းက Half Volley ကန်သွင်းပြီး သူ့ရဲ့ ပထမဆုံး နိုင်ငံတကာဂိုးအဖြစ် ရယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၁ မိနစ်မှာတော့ နယ်သာလန်တို့ကပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာတောင်ပံတိုက်စစ်ကနေ ဆီမွန်စ်က အတွင်းကို ချိုးပေးရာမှာ ဒမ်းဖရီးစ်က ကန်မလိုလိုနဲ့ အဝေးတိုင်ဘက်ကို ခုတ်တင်ပေးခဲ့တဲ့ ဘောလုံးကို ဂက်ခ်ပိုက ရင်ဘတ်နဲ့ တစ်ချက်ထိန်းပြီး အပိုင်ကန်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၃၉ မိနစ်မှာလည်း နယ်သာလန်တို့ကပဲ တတိယ အနိုင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဂက်ခ်ပို ဆွဲယူလာပြီး ညာတောင်ပံကို ထုတ်ပေးတဲ့ ဘောလုံးကို ဒမ်းဖရီးစ်ကပဲ ဂိုးရှေ့ ဖြတ်တင်ပေးရာမှာ ဗက်ဂ်ဟော့စ်က ဒိုက်ဗင်ခေါင်းတိုက်ချက်နဲ့ ရယူသွားခဲ့တာကြောင့် ပထမပိုင်းမှာ သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဒတ်ချ်တို့ရဲ့ ညာတောင်ပံက Wing Back ဒမ်းဖရီးစ်ကတော့ အထူးခြေစွမ်းပြနိုင်ခဲ့ပြီး ပထမဂိုးမှာလည်း သူ့ရဲ့ ခေါင်းတိုက်ချက် ဂရိနောက်ခံလူနဲ့ ရှပ်ထိခဲ့တာ မဟုတ်ရင် ဖန်တီးမှု သုံးကြိမ်အထိ စာရင်းပေါက်မှာဖြစ်သလို ဒုတိယဂိုးကို ဖြတ်တင်ပေးအပြီးမှာ သူ့ရဲ့ ၃၆ မိနစ် ကန်ချက်က တိုင်ထိထွက်ခဲ့လို့ ဂိုးမရခဲ့တာဖြစ်ပြီး တတိယဂိုးကိုလည်း ထပ်မံဖန်တီးပေးနိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ နယ်သာလန်တို့တွေက ပွဲကို ထိန်းကစားသွားခဲ့ကြပြီး အာကေ၊ ဒရွန်း၊ ဂက်ခ်ပို၊ ဒယုံးနဲ့ ဒမ်းဖရီးစ်တို့အစား ဒီဗရိုင်း၊ ရိန်းဒါးစ်၊ နိုအာလန်း၊ ဗီးယားမန်းနဲ့ ဒလစ်ချ်တို့ကို လဲကစားသွားခဲ့တဲ့နောက်မှာတော့ မိနစ် ၉၀ အပြည့်မှာ ပထမပိုင်းက ရလဒ်အတိုင်း ဂရိတို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး စတုတ္ထနေရာကနေ သုံးပွဲကစား နှစ်ပွဲနိုင်နဲ့ ဒုတိယနေရာကို ပြန်လည်တက်လှမ်းလာနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယ္သာလန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဖလက္ကင္၊ ခံစစ္မွာ ဗန္ဒိုက္၊ ဂီယာထရီဒါနဲ႔ အာေကတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒမ္းဖရီးစ္၊ ဘလင္းဒ္၊ ဒ႐ြန္းနဲ႔ ဖရင္ကီ ဒယုံးတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဇာဗီ ဆီမြန္စ္၊ ဂက္ခ္ပိုနဲ႔ ဗက္ဂ္ေဟာ့စ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဂရိအသင္းကေတာ့ ဂိုးသမား ဗလာခ်ိဳဒီေမာ့စ္၊ ခံစစ္မွာ ရက္ေဆာ့စ္၊ ဟတ္ဇီဒီယာေကာ့စ္၊ ႐ိုတာနဲ႔ ဆီမီကတ္စ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆီယိုပစ္၊ ကူရ္ဘီလစ္၊ ဘာကာဆီတာ့စ္၊ မက္ဆူရာ့စ္နဲ႔ မန္တာေလာ့စ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ပက္ဗလီဒစ္ တစ္ဦးတည္းကို အေထာင္ထားလာခဲ့တာပါ။

ပြဲခ်ိန္ ၁၇ မိနစ္မွာ နယ္သာလန္တို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကေန ဘလင္းဒ္ ကန္တင္ေပးတာကို အျမင့္ဆုံး ခုန္ႏိုင္ခဲ့တဲ့ ဒမ္းဖရီးစ္က ေခါင္းတိုက္ခ်ေပးရမွာ ဂရိေနာက္ခံလူတစ္ဦးနဲ႔ ရွပ္ထိၿပီး က်လာတဲ့ ေဘာလုံးကို ဒ႐ြန္းက Half Volley ကန္သြင္းၿပီး သူ႔ရဲ႕ ပထမဆုံး ႏိုင္ငံတကာဂိုးအျဖစ္ ရယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ နယ္သာလန္တို႔ကပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ညာေတာင္ပံတိုက္စစ္ကေန ဆီမြန္စ္က အတြင္းကို ခ်ိဳးေပးရာမွာ ဒမ္းဖရီးစ္က ကန္မလိုလိုနဲ႔ အေဝးတိုင္ဘက္ကို ခုတ္တင္ေပးခဲ့တဲ့ ေဘာလုံးကို ဂက္ခ္ပိုက ရင္ဘတ္နဲ႔ တစ္ခ်က္ထိန္းၿပီး အပိုင္ကန္သြင္းသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၉ မိနစ္မွာလည္း နယ္သာလန္တို႔ကပဲ တတိယ အႏိုင္ဂိုးကို ရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဂက္ခ္ပို ဆြဲယူလာၿပီး ညာေတာင္ပံကို ထုတ္ေပးတဲ့ ေဘာလုံးကို ဒမ္းဖရီးစ္ကပဲ ဂိုးေရွ႕ ျဖတ္တင္ေပးရာမွာ ဗက္ဂ္ေဟာ့စ္က ဒိုက္ဗင္ေခါင္းတိုက္ခ်က္နဲ႔ ရယူသြားခဲ့တာေၾကာင့္ ပထမပိုင္းမွာ သုံးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ဒတ္ခ်္တို႔ရဲ႕ ညာေတာင္ပံက Wing Back ဒမ္းဖရီးစ္ကေတာ့ အထူးေျခစြမ္းျပႏိုင္ခဲ့ၿပီး ပထမဂိုးမွာလည္း သူ႔ရဲ႕ ေခါင္းတိုက္ခ်က္ ဂရိေနာက္ခံလူနဲ႔ ရွပ္ထိခဲ့တာ မဟုတ္ရင္ ဖန္တီးမႈ သုံးႀကိမ္အထိ စာရင္းေပါက္မွာျဖစ္သလို ဒုတိယဂိုးကို ျဖတ္တင္ေပးအၿပီးမွာ သူ႔ရဲ႕ ၃၆ မိနစ္ ကန္ခ်က္က တိုင္ထိထြက္ခဲ့လို႔ ဂိုးမရခဲ့တာျဖစ္ၿပီး တတိယဂိုးကိုလည္း ထပ္မံဖန္တီးေပးႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ နယ္သာလန္တို႔ေတြက ပြဲကို ထိန္းကစားသြားခဲ့ၾကၿပီး အာေက၊ ဒ႐ြန္း၊ ဂက္ခ္ပို၊ ဒယုံးနဲ႔ ဒမ္းဖရီးစ္တို႔အစား ဒီဗ႐ိုင္း၊ ရိန္းဒါးစ္၊ ႏိုအာလန္း၊ ဗီးယားမန္းနဲ႔ ဒလစ္ခ်္တို႔ကို လဲကစားသြားခဲ့တဲ့ေနာက္မွာေတာ့ မိနစ္ ၉၀ အျပည့္မွာ ပထမပိုင္းက ရလဒ္အတိုင္း ဂရိတို႔ကို သုံးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး စတုတၳေနရာကေန သုံးပြဲကစား ႏွစ္ပြဲႏိုင္နဲ႔ ဒုတိယေနရာကို ျပန္လည္တက္လွမ္းလာႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.