International

အိုင်ယာလန်ကို အနိုင်ယူပြီး ယူရို ၂၀၂၄ ခြေစစ်ပွဲအောင်ဖို့ နီးစပ်သွားတဲ့ ပြင်သစ်

ပြင်သစ်အသင်းအနေနဲ့ ဒီနေ့ပွဲကို ပီအက်စ်ဂျီအသင်းရဲ့ အိမ်ကွင်း ပါ့ခ်ဒေပရွန့်စ်မှာ လက်ခံကစားခဲ့ရတာဖြစ်ပြီး ပြိုင်ဘက် အိုင်ယာလန် အသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူနိုင်ခဲ့တာကြောင့် ငါးပွဲကစားရာမှာ ငါးပွဲအနိုင်ရလဒ်နဲ့ ဒုတိယနေရာက နယ်သာလန်နဲ့ တတိယနေရာက ဂရိတို့ကို ကိုးမှတ်ဖြတ်ပြီး ခြေစစ်ပွဲအောင်ဖို့ တစ်မှတ်သာလိုတော့တာဖြစ်ပါတယ်။

ဒီနေ့မှာ အိမ်ရှင် ကြက်ဖတွေအနေနဲ့ ဂိုးသမား မေညွန်၊ ခံစစ်မှာ ကွန်ဒေ၊ အူပါမီကာနို၊ သီယို ဟာနန်ဒက်ဇ်နဲ့ လူကာ ဟာနန်ဒက်ဇ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဟာဗျို၊ ချွာမင်နီနဲ့ ဂရစ်ဇ်မန်းတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဒမ်ဘေလေ၊ အမ်ဘာပေနဲ့ ဂျီရူးတို့ကို ပွဲထုတ်လာခဲ့တာပါ။

ဧည့်သည် အိုင်ယာလန်တို့ကတော့ ဂိုးသမား ဘာဇူးနူး၊ ခံစစ်မှာ ဒပ်ဖီ၊ ကောလင်းစ်၊ အီဂန်နဲ့ စတီဗင်စ်တို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ဘရောင်း၊ ကာလန်၊ မိုလွန်ဘီ၊ နိုက်နဲ့ အော့ဘီနီတို့ကို စုဖွဲ့ပေးခဲ့ပြီး တိုက်စစ်မှာတော့ အီဒါးတစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ပွဲချိန် ၁၉ မိနစ်မှာ ပြင်သစ်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းက ထောင့်ကန်ဘောကနေ ပြန်ထွက်လာတာကို ဒမ်ဘေလေက ထပ်မံဖြတ်တင်ပေးရာမှာ အိုင်ယာလန်တို့ ခေါင်းတိုက်ရှင်းထုတ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို အမ်ဘာပေက တစ်ချက်ထိန်းပြီး နောက်ကို ချပေးတာကို ချွာမင်နီက ဧရိယာထိပ်ကနေ လှမ်းကန်ရာမှာ ဘာဇူးနူး ဘာမှ မတတ်နိုင်ဘဲ ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာတော့ တိုက်စစ်မှူး ဂျီရူး နာသွားခဲ့လို့ သူ့နေရာမှာ မားကပ်စ် သူရမ် ဝင်ရောက်ကစားခဲ့ရသလို ပထမပိုင်းကိုတော့ ပြင်သစ်တို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ အိုင်ယာလန်တို့ဘက်က စတီဗင်စ်အစား မက္ကလီးန်ကို ထည့်ပြီး တိုက်စစ်ပြန်ကစားဖို့ ကြိုးစားလာခဲ့တာပါ။

ဒါပေမယ့် ပွဲချိန် ၄၈ မိနစ်မှာတော့ ပြင်သစ်တို့ကပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းက ဂရစ်ဇ်မန်းနဲ့ တွဲဖက်လာခဲ့တဲ့ သီယို ဟာနန်ဒက်ဇ်က ဧရိယာထဲကို ချိုးပေးခဲ့တဲ့ ဘောလုံးကို အမ်ဘာပေ ကန်ရာမှာ လူထိပြီး ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို သူရမ်က မနားတမ်း ကန်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်သွားခဲ့ပါတယ်။

ဒီနောက်မှာတော့ ပြင်သစ်တို့ဘက်က လူကာ ဟာနန်ဒက်ဇ်၊ ဒမ်ဘေလေ၊ ကွန်ဒေနဲ့ ဂရစ်ဇ်မန်းတို့အစား ဆာလီဘာ၊ ကိုမွန်၊ ပါဗတ်နဲ့ ကာမာဗင်ဂါတို့ကို လဲကစားခဲ့ပြီး ရလဒ်ကို ထိန်းသိမ်းသွားခဲ့လို့ ပွဲချိန်အပြည့်မှာတော့ အိုင်ယာလန်ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး လက်ကျန်သုံးပွဲမှာ နောက်ထပ် တစ်မှတ်ရရင်ကို ခြေစစ်ပွဲအောင်တော့မှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ျပင္သစ္အသင္းအေနနဲ႔ ဒီေန႔ပြဲကို ပီအက္စ္ဂ်ီအသင္းရဲ႕ အိမ္ကြင္း ပါ့ခ္ေဒပ႐ြန႔္စ္မွာ လက္ခံကစားခဲ့ရတာျဖစ္ၿပီး ၿပိဳင္ဘက္ အိုင္ယာလန္ အသင္းကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ယူႏိုင္ခဲ့တာေၾကာင့္ ငါးပြဲကစားရာမွာ ငါးပြဲအႏိုင္ရလဒ္နဲ႔ ဒုတိယေနရာက နယ္သာလန္နဲ႔ တတိယေနရာက ဂရိတို႔ကို ကိုးမွတ္ျဖတ္ၿပီး ေျခစစ္ပြဲေအာင္ဖို႔ တစ္မွတ္သာလိုေတာ့တာျဖစ္ပါတယ္။

ဒီေန႔မွာ အိမ္ရွင္ ၾကက္ဖေတြအေနနဲ႔ ဂိုးသမား ေမၫြန္၊ ခံစစ္မွာ ကြန္ေဒ၊ အူပါမီကာႏို၊ သီယို ဟာနန္ဒက္ဇ္နဲ႔ လူကာ ဟာနန္ဒက္ဇ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဟာဗ်ိဳ၊ ခြၽာမင္နီနဲ႔ ဂရစ္ဇ္မန္းတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဒမ္ေဘေလ၊ အမ္ဘာေပနဲ႔ ဂ်ီ႐ူးတို႔ကို ပြဲထုတ္လာခဲ့တာပါ။

ဧည့္သည္ အိုင္ယာလန္တို႔ကေတာ့ ဂိုးသမား ဘာဇူးႏူး၊ ခံစစ္မွာ ဒပ္ဖီ၊ ေကာလင္းစ္၊ အီဂန္နဲ႔ စတီဗင္စ္တို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ ဘေရာင္း၊ ကာလန္၊ မိုလြန္ဘီ၊ ႏိုက္နဲ႔ ေအာ့ဘီနီတို႔ကို စုဖြဲ႕ေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ အီဒါးတစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

ပြဲခ်ိန္ ၁၉ မိနစ္မွာ ျပင္သစ္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းက ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတာကို ဒမ္ေဘေလက ထပ္မံျဖတ္တင္ေပးရာမွာ အိုင္ယာလန္တို႔ ေခါင္းတိုက္ရွင္းထုတ္လို႔ ျပန္ထြက္လာတဲ့ ေဘာလုံးကို အမ္ဘာေပက တစ္ခ်က္ထိန္းၿပီး ေနာက္ကို ခ်ေပးတာကို ခြၽာမင္နီက ဧရိယာထိပ္ကေန လွမ္းကန္ရာမွာ ဘာဇူးႏူး ဘာမွ မတတ္ႏိုင္ဘဲ ဂိုးေပးလိုက္ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ တိုက္စစ္မႉး ဂ်ီ႐ူး နာသြားခဲ့လို႔ သူ႔ေနရာမွာ မားကပ္စ္ သူရမ္ ဝင္ေရာက္ကစားခဲ့ရသလို ပထမပိုင္းကိုေတာ့ ျပင္သစ္တို႔က တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္းအစမွာေတာ့ အိုင္ယာလန္တို႔ဘက္က စတီဗင္စ္အစား မကၠလီးန္ကို ထည့္ၿပီး တိုက္စစ္ျပန္ကစားဖို႔ ႀကိဳးစားလာခဲ့တာပါ။

ဒါေပမယ့္ ပြဲခ်ိန္ ၄၈ မိနစ္မွာေတာ့ ျပင္သစ္တို႔ကပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းက ဂရစ္ဇ္မန္းနဲ႔ တြဲဖက္လာခဲ့တဲ့ သီယို ဟာနန္ဒက္ဇ္က ဧရိယာထဲကို ခ်ိဳးေပးခဲ့တဲ့ ေဘာလုံးကို အမ္ဘာေပ ကန္ရာမွာ လူထိၿပီး ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို သူရမ္က မနားတမ္း ကန္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္သြားခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ ျပင္သစ္တို႔ဘက္က လူကာ ဟာနန္ဒက္ဇ္၊ ဒမ္ေဘေလ၊ ကြန္ေဒနဲ႔ ဂရစ္ဇ္မန္းတို႔အစား ဆာလီဘာ၊ ကိုမြန္၊ ပါဗတ္နဲ႔ ကာမာဗင္ဂါတို႔ကို လဲကစားခဲ့ၿပီး ရလဒ္ကို ထိန္းသိမ္းသြားခဲ့လို႔ ပြဲခ်ိန္အျပည့္မွာေတာ့ အိုင္ယာလန္ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရၿပီး လက္က်န္သုံးပြဲမွာ ေနာက္ထပ္ တစ္မွတ္ရရင္ကို ေျခစစ္ပြဲေအာင္ေတာ့မွာျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.