International World Cup

မက်ဆီရဲ့ ကမ္ဘာ့ဖလားအောင်ပွဲက အကြံအဖန်ဆိုတဲ့ ဗန်ဟားလ်ရဲ့ စကားကို တုံ့ပြန်ခဲ့တဲ့ ဗန်ဒိုက်

နယ်သာလန်လက်ရွေးစင်နည်းပြဟောင်း လူးဝစ္စ ဗန်ဟားလ်က လီယွန်နယ် မက်ဆီရဲ့ ကမ္ဘာ့ဖလားအောင်ပွဲဟာ အကြံအဖန်လို့ ပြောဆိုခဲ့တာဖြစ်ပြီး ဒတ်ချ်လက်ရွေးစင်နောက်ခံလူ ဗန်ဒိုက်က အဲဒီမှတ်ချက်ကို တုံ့ပြန်ခဲ့ပါတယ်။

နိုင်ငံတကာအဆင့်မှာ စိတ်ပျက်စရာတွေ အများအပြားနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် မက်ဆီဟာ ၁၉၈၆ ခုနှစ်နောက်ပိုင်း အာဂျင်တီးနားကို ပထမဆုံး ကမ္ဘာ့ဖလား ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တာဖြစ်ပြီး ပြင်သစ်ကို စိတ်လှုပ်ရှားဖွယ် အနိုင်ယူပြီး ကာတာမှာ ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

ရွှေဘောလုံးဆုရှင် လီယွန်နယ် မက်ဆီဟာ သွင်းဂိုး ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အမ်ဘာပေက ဟက်ထရစ် သွင်းယူနိုင်ခဲ့ပေမယ့် ဂွန်ဇာလို မွန်တီရယ်ရဲ့ ပင်နယ်တီ အဆုံးအဖြတ်သွင်းဂိုးက လူဆေးလ်ကွင်းထဲမှာ အာဂျင်တီးနားအတွက် အဆုံးအဖြတ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီအတွက် ကစားသမားဘဝမှာ လိုအပ်နေတဲ့ နောက်ဆုံး အဓိကဆုဖလားအောင်မြင်မှုကို ရရှိခဲ့တာဖြစ်ပေမယ့်လည်း ကွာတားဖိုင်နယ်မှာ အာဂျင်တီးနားကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ နယ်သာလန်လက်ရွေးစင်နည်းပြဟောင်း လူးဝစ္စ ဗန်ဟားကတော့ အင်တာမိုင်ယာမီကြယ်ပွင့်ရဲ့အောင်မြင်မှုကို မုဒိတာ မပွားနိုင်တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းဟာ အာဂျင်တီးနားနဲ့ ၎င်းရဲ့အသင်းတို့ ကစားခဲ့တဲ့ပွဲစဉ်မှာ မက်တဲအူ လားဟို့ဇ်က အဝါကတ် ၁၈ ကတ်နဲ့ အနီကတ် တစ်ကတ်ပြသခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး အဲဒီပွဲစဉ်ဟာ ကြိုတင်ဇာတ်တိုက်ထားပြီး မက်ဆီကို ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာဖို့အတွက် ဂွင်ဖန်ထားတာလို့တောင် သွယ်ဝိုက်ပြောဆိုခဲ့တာဖြစ်ပါတယ်။

နယ်သာလန်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ အသင်းခေါင်းဆောင် ဗန်ဒိုက်က ဗန်ဟားလ်ရဲ့ မှတ်ချက်စကားကို သဘောမတူညီခဲ့ပေမယ့် ကိုယ်ထင်တာ ကိုယ်ပြောခွင့်ရှိတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“မက်ဆီနဲ့ပတ်သက်ပြီး ဗန်ဟားလ်ရဲ့ စကားတွေလား။ သူ ပြောချင်တာ သူပြောနိုင်ပါတယ်။ အဲဒါက သူ့ရဲ့ ထင်မြင်ချက်ပါ။ ဒါပေမယ့် ကျွန်တော် သူပြောတာ သဘောမတူပါဘူး။ ကျွန်တော့်မှာ သူနဲ့ တူညီတဲ့ထင်မြင်ချက်မရှိပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယ္သာလန္လက္ေ႐ြးစင္နည္းျပေဟာင္း လူးဝစၥ ဗန္ဟားလ္က လီယြန္နယ္ မက္ဆီရဲ႕ ကမာၻ႔ဖလားေအာင္ပြဲဟာ အႀကံအဖန္လို႔ ေျပာဆိုခဲ့တာျဖစ္ၿပီး ဒတ္ခ်္လက္ေ႐ြးစင္ေနာက္ခံလူ ဗန္ဒိုက္က အဲဒီမွတ္ခ်က္ကို တုံ႔ျပန္ခဲ့ပါတယ္။

ႏိုင္ငံတကာအဆင့္မွာ စိတ္ပ်က္စရာေတြ အမ်ားအျပားနဲ႔ ရင္ဆိုင္ခဲ့ရၿပီးေနာက္ မက္ဆီဟာ ၁၉၈၆ ခုႏွစ္ေနာက္ပိုင္း အာဂ်င္တီးနားကို ပထမဆုံး ကမာၻ႔ဖလား ရရွိေအာင္ ဦးေဆာင္ေပးႏိုင္ခဲ့တာျဖစ္ၿပီး ျပင္သစ္ကို စိတ္လႈပ္ရွားဖြယ္ အႏိုင္ယူၿပီး ကာတာမွာ ဗိုလ္စြဲခဲ့တာျဖစ္ပါတယ္။

ေ႐ႊေဘာလုံးဆုရွင္ လီယြန္နယ္ မက္ဆီဟာ သြင္းဂိုး ၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး အမ္ဘာေပက ဟက္ထရစ္ သြင္းယူႏိုင္ခဲ့ေပမယ့္ ဂြန္ဇာလို မြန္တီရယ္ရဲ႕ ပင္နယ္တီ အဆုံးအျဖတ္သြင္းဂိုးက လူေဆးလ္ကြင္းထဲမွာ အာဂ်င္တီးနားအတြက္ အဆုံးအျဖတ္ျဖစ္ခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီအတြက္ ကစားသမားဘဝမွာ လိုအပ္ေနတဲ့ ေနာက္ဆုံး အဓိကဆုဖလားေအာင္ျမင္မႈကို ရရွိခဲ့တာျဖစ္ေပမယ့္လည္း ကြာတားဖိုင္နယ္မွာ အာဂ်င္တီးနားကို ပင္နယ္တီ အဆုံးအျဖတ္နဲ႔ ရႈံးနိမ့္ခဲ့တဲ့ နယ္သာလန္လက္ေ႐ြးစင္နည္းျပေဟာင္း လူးဝစၥ ဗန္ဟားကေတာ့ အင္တာမိုင္ယာမီၾကယ္ပြင့္ရဲ႕ေအာင္ျမင္မႈကို မုဒိတာ မပြားႏိုင္တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နည္းျပေဟာင္းဟာ အာဂ်င္တီးနားနဲ႔ ၎ရဲ႕အသင္းတို႔ ကစားခဲ့တဲ့ပြဲစဥ္မွာ မက္တဲအူ လားဟို႔ဇ္က အဝါကတ္ ၁၈ ကတ္နဲ႔ အနီကတ္ တစ္ကတ္ျပသခဲ့တာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ၿပီး အဲဒီပြဲစဥ္ဟာ ႀကိဳတင္ဇာတ္တိုက္ထားၿပီး မက္ဆီကို ကမာၻ႔ဖလားခ်န္ပီယံျဖစ္လာဖို႔အတြက္ ဂြင္ဖန္ထားတာလို႔ေတာင္ သြယ္ဝိုက္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

နယ္သာလန္လက္ေ႐ြးစင္အသင္းအတြက္ ပါဝင္ကစားေပးခဲ့တဲ့ အသင္းေခါင္းေဆာင္ ဗန္ဒိုက္က ဗန္ဟားလ္ရဲ႕ မွတ္ခ်က္စကားကို သေဘာမတူညီခဲ့ေပမယ့္ ကိုယ္ထင္တာ ကိုယ္ေျပာခြင့္ရွိတယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“မက္ဆီနဲ႔ပတ္သက္ၿပီး ဗန္ဟားလ္ရဲ႕ စကားေတြလား။ သူ ေျပာခ်င္တာ သူေျပာႏိုင္ပါတယ္။ အဲဒါက သူ႔ရဲ႕ ထင္ျမင္ခ်က္ပါ။ ဒါေပမယ့္ ကြၽန္ေတာ္ သူေျပာတာ သေဘာမတူပါဘူး။ ကြၽန္ေတာ့္မွာ သူနဲ႔ တူညီတဲ့ထင္ျမင္ခ်က္မရွိပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.