Premier League

ခုမှ VAR မှားတယ်လို့ ပရမ်းပတာပြောနေတဲ့ ခေါင်းပြတ်ကြက်လို ဟောင်းဝပ်ဝက်ဘ်

ပရီးမီးယားလိဂ်မှာ မန်ယူဒိုင်လို့ လူသိများတဲ့ ဟောင်းဝပ် ဝက်ဘ်ကတော့ သူ့ကို PGMOL ရဲ့ ဒိုင်လူကြီး အကြီးအကဲဖြစ်လာကတည်းက ဘယ်သူမှ အယုံအကြည် မရှိဘဲဖြစ်နေခဲ့ချိန်မှာ ရိုးသားဖြောင့်မတ်တဲ့ ပုံစံမျိုးကိုလည်း မပြသနိုင်ဘဲ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာမှ ကမန်းကတန်း ထရှင်းတဲ့ ပုံစံနဲ့ အိယောင်ဝါးစကားတွေ ပြောဆိုလာခဲ့ပါတယ်။

သူ့အနေနဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့က မန်ယူနဲ့ ဝုလ်ဗ်စ်တို့ရဲ့ အိုးလ်ထရက်ဖို့ဒ်က ပွဲစဉ်မှာ ဧည့်သည်အသင်းရဲ့ နောက်က ပင်နယ်တီဂိုးကို ဒိုင်လူကြီး စတိဗ် ဟူးပါးက မပေးခဲ့တဲ့ အပေါ်မှာ ခုမှ ဆုံးဖြတ်ချက်တွေ သုံးသပ်ချက်တွေ လုပ်လာခဲ့ပြီး စကိုင်းပို့စ်က Match Official’s Mic’up Show မှာ ဘာမှ မပြောင်းလဲနိုင်တဲ့ ရလဒ်တွေအပေါ် ရုပ်တည်ကြီးနဲ့ ထိုင်ပွားသွားခဲ့တာပါ။

စတော့ခ်လီပါ့ခ်က သောက်ရူးတွေလို့ ပရိသတ်တွေ ဆဲလေ့ရှိတဲ့ VAR ဒိုင်လူကြီးတွေကတော့ ပိုမိုမုန်းတီးစရာလည်းဖြစ်ခဲ့ပြီး မန်ယူနဲ့ ဝုလ်ဗ်စ်တို့ ပွဲမှာ မိုက်ကယ် ဆာလစ္စဘာရီအနေနဲ့ အချိန်ဆွဲနေခဲ့တယ်လို့ ဝက်ဘ်က ခေါင်းပေါ်ပုံချပေးခဲ့သလို ဂိုးသမား အိုနာနာအနေနဲ့ တစ်ဖက်တိုက်စစ်မှူး ကာလိုင်ဂျစ်ချ်ကို ဘောလုံးထက် နောက်ကျပြီး ဆွဲလှဲခဲ့တာကြောင့် ပင်နယ်တီ ရသင့်တယ်လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မန်စီးတီးနဲ့ ဖူလ်ဟမ်တို့ကို ပွဲမှာလည်း နေသန် အာကေရဲ့ ဒုတိယဂိုးမှာ အသင်းဖော် အာကန်ဂျီအနေနဲ့ လူကျွံအနေအထားမှာ ရှိနေပြီး တစ်ဖက်ဂိုးသမား ဘန်းဒ် လီနိုကို အနှောင့်အယှက်ပြုတာ သိသာလွန်းနေပေမယ့် VAR ဒိုင်အနေနဲ့ ဒါကို နားလည်အသုံးချနိုင်ခြင်း မရှိကြောင်းနဲ့ နောက်ကို ဒီလိုမျိုး မဖြစ်ရအောင် ပညာပေးလုပ်ဆောင်သွားမယ်လို့ ဝက်ဘ်က ဆိုသွားခဲ့တာပါ။

အာဆင်နယ်နဲ့ မန်ယူတို့ရဲ့ ပွဲစဉ်(၄)က ခိုင် ဟာဗတ်ဇ်ရဲ့ ပင်နယ်တီကို ပယ်ဖျက်ခဲ့တဲ့ VAR ဂျရတ် ဂျီးလက်နဲ့ ဒိုင်လူကြီး အန်ထော်နီ တေလာတို့ရဲ့ ဆုံးဖြတ်ချက်ကိုတော့ မှန်ကန်ကြောင်း ဝက်ဘ်က ကြိုဆိုသွားခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ ဒါမျိုးမှ ရွေးထောက်ခံရသလားလို့ မန်ယူ ဝတ်စုံနဲ့ ခဏခဏ ဖိုတိုရှော့အလုပ်ခံရတဲ့ ဂတုံးကို ထပ်လှောင်ဖို့တော့ ဖြစ်လာခဲ့ပါတယ်။

ဟောင်းဝပ် ဝပ်ဘ်အနေနဲ့ ပရီးမီးယားလိဂ်ကနေ အနားယူအပြီးမှာ ဒီရာသီအစမှာမှ ဒိုင်အကြီးအကဲ မိုက်ခ် ရိုင်းလီရဲ့နေရာကို အစားထိုးဖို့ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး သူ့ရဲ့ အသုံးမဝင်တဲ့ စကားတွေကတော့ “Operation is Successful, Patient is Dead – ခွဲစိတ်မှုက အောင်မြင်တယ်၊ လူနာတော့ ဆုံးသွားပြီ”ဆိုသလိုပဲ လူရယ်စရာဖြစ်နေခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္မွာ မန္ယူဒိုင္လို႔ လူသိမ်ားတဲ့ ေဟာင္းဝပ္ ဝက္ဘ္ကေတာ့ သူ႔ကို PGMOL ရဲ႕ ဒိုင္လူႀကီး အႀကီးအကဲျဖစ္လာကတည္းက ဘယ္သူမွ အယုံအၾကည္ မရွိဘဲျဖစ္ေနခဲ့ခ်ိန္မွာ ႐ိုးသားေျဖာင့္မတ္တဲ့ ပုံစံမ်ိဳးကိုလည္း မျပသႏိုင္ဘဲ ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြ ထြက္ေပၚလာမွ ကမန္းကတန္း ထရွင္းတဲ့ ပုံစံနဲ႔ အိေယာင္ဝါးစကားေတြ ေျပာဆိုလာခဲ့ပါတယ္။

သူ႔အေနနဲ႔ ၿပီးခဲ့တဲ့ ဩဂုတ္လ ၁၅ ရက္ေန႔က မန္ယူနဲ႔ ဝုလ္ဗ္စ္တို႔ရဲ႕ အိုးလ္ထရက္ဖို႔ဒ္က ပြဲစဥ္မွာ ဧည့္သည္အသင္းရဲ႕ ေနာက္က ပင္နယ္တီဂိုးကို ဒိုင္လူႀကီး စတိဗ္ ဟူးပါးက မေပးခဲ့တဲ့ အေပၚမွာ ခုမွ ဆုံးျဖတ္ခ်က္ေတြ သုံးသပ္ခ်က္ေတြ လုပ္လာခဲ့ၿပီး စကိုင္းပို႔စ္က Match Official’s Mic’up Show မွာ ဘာမွ မေျပာင္းလဲႏိုင္တဲ့ ရလဒ္ေတြအေပၚ ႐ုပ္တည္ႀကီးနဲ႔ ထိုင္ပြားသြားခဲ့တာပါ။

စေတာ့ခ္လီပါ့ခ္က ေသာက္႐ူးေတြလို႔ ပရိသတ္ေတြ ဆဲေလ့ရွိတဲ့ VAR ဒိုင္လူႀကီးေတြကေတာ့ ပိုမိုမုန္းတီးစရာလည္းျဖစ္ခဲ့ၿပီး မန္ယူနဲ႔ ဝုလ္ဗ္စ္တို႔ ပြဲမွာ မိုက္ကယ္ ဆာလစၥဘာရီအေနနဲ႔ အခ်ိန္ဆြဲေနခဲ့တယ္လို႔ ဝက္ဘ္က ေခါင္းေပၚပုံခ်ေပးခဲ့သလို ဂိုးသမား အိုနာနာအေနနဲ႔ တစ္ဖက္တိုက္စစ္မႉး ကာလိုင္ဂ်စ္ခ်္ကို ေဘာလုံးထက္ ေနာက္က်ၿပီး ဆြဲလွဲခဲ့တာေၾကာင့္ ပင္နယ္တီ ရသင့္တယ္လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ မန္စီးတီးနဲ႔ ဖူလ္ဟမ္တို႔ကို ပြဲမွာလည္း ေနသန္ အာေကရဲ႕ ဒုတိယဂိုးမွာ အသင္းေဖာ္ အာကန္ဂ်ီအေနနဲ႔ လူကြၽံအေနအထားမွာ ရွိေနၿပီး တစ္ဖက္ဂိုးသမား ဘန္းဒ္ လီႏိုကို အေႏွာင့္အယွက္ျပဳတာ သိသာလြန္းေနေပမယ့္ VAR ဒိုင္အေနနဲ႔ ဒါကို နားလည္အသုံးခ်ႏိုင္ျခင္း မရွိေၾကာင္းနဲ႔ ေနာက္ကို ဒီလိုမ်ိဳး မျဖစ္ရေအာင္ ပညာေပးလုပ္ေဆာင္သြားမယ္လို႔ ဝက္ဘ္က ဆိုသြားခဲ့တာပါ။

အာဆင္နယ္နဲ႔ မန္ယူတို႔ရဲ႕ ပြဲစဥ္(၄)က ခိုင္ ဟာဗတ္ဇ္ရဲ႕ ပင္နယ္တီကို ပယ္ဖ်က္ခဲ့တဲ့ VAR ဂ်ရတ္ ဂ်ီးလက္နဲ႔ ဒိုင္လူႀကီး အန္ေထာ္နီ ေတလာတို႔ရဲ႕ ဆုံးျဖတ္ခ်က္ကိုေတာ့ မွန္ကန္ေၾကာင္း ဝက္ဘ္က ႀကိဳဆိုသြားခဲ့တာေၾကာင့္ ပရိသတ္ေတြအေနနဲ႔ ဒါမ်ိဳးမွ ေ႐ြးေထာက္ခံရသလားလို႔ မန္ယူ ဝတ္စုံနဲ႔ ခဏခဏ ဖိုတိုေရွာ့အလုပ္ခံရတဲ့ ဂတုံးကို ထပ္ေလွာင္ဖို႔ေတာ့ ျဖစ္လာခဲ့ပါတယ္။

ေဟာင္းဝပ္ ဝပ္ဘ္အေနနဲ႔ ပရီးမီးယားလိဂ္ကေန အနားယူအၿပီးမွာ ဒီရာသီအစမွာမွ ဒိုင္အႀကီးအကဲ မိုက္ခ္ ႐ိုင္းလီရဲ႕ေနရာကို အစားထိုးဖို႔ ျပန္လည္ေရာက္ရွိလာခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ အသုံးမဝင္တဲ့ စကားေတြကေတာ့ “Operation is Successful, Patient is Dead – ခြဲစိတ္မႈက ေအာင္ျမင္တယ္၊ လူနာေတာ့ ဆုံးသြားၿပီ”ဆိုသလိုပဲ လူရယ္စရာျဖစ္ေနခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.