အာဆင်နယ်တိုက်စစ်မှူး အက်ဒီ နကီးတီးယားအနေနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွေမှာ ခြေစွမ်းပြနိုင်ခဲ့အပြီးမှာ အင်္ဂလန်လက်ရွေးစင် အသင်းရဲ့ ယူကရိန်းနဲ့ ကစားမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်အတွက် အရွေးချယ်ခံခဲ့ရခြင်းအပေါ်မှာ သူ့ရဲ့ သင်ဆရာ မြင်ဆရာတွေဖြစ်ကြတဲ့ သီယာရီ အွန်နရီနဲ့ အီယန်ရိုက်တို့ရဲ့ ကျေးဇူးကြီးမားကြောင်း ပြောပြသွားခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ သူနဲ့ ရွယ်တူ အသင်းဖော်သစ် ဒက်ကလန် ရိုက်စ်နဲ့အတူ အင်္ဂလန်မှာ ပါဝင်ခွင့်ရခဲ့ပြီး ပိုလန်နိုင်ငံမှာ သွားရောက်ကစားရမယ့် ယူကရိန်းနဲ့ ပွဲစဉ်အတွက် စိတ်အားထက်သန်နေခဲ့သလို ဒီအသင်းမှာ ဆက်နေပြီး ကြိုးစားမှုကို ပြသခွင့်ရခဲ့တာဟာ အမြဲတမ်း အားပေးတဲ့ အီယန်ရိုက်နဲ့ ဆရာဟောင်းဖြစ်ခဲ့တဲ့ အွန်နရီတို့ လွှမ်းမိုးမှုက ကြီးမားကြောင်း ဆိုခဲ့တာပါ။
“သီယာရီက ကျွန်တော့်အတွက် သိပ်ကို ထူးခြားတဲ့သူပေါ့ဗျာ… အာဆင်နယ် အကယ်ဒမီမှာ အသက် ၁၆ နှစ် လူငယ် စကောလားရှစ်ရတော့ သူက နည်းပြခဲ့တာလေ… သိပ်ကောင်းတဲ့ အတွေ့အကြုံဖြစ်ပြီး ကျွန်တော့်ဘဝရဲ့ အကောင်းဆုံး နည်းပြတစ်ဦးလည်းဖြစ်ပါတယ်။ သိပ်ကို ပျော်ခဲ့ရတဲ့ အချိန်တွေပါပဲ”လို့ နကီးတီးယားက ပြောပြခဲ့ပါတယ်။
“အသက် ၁၆-၁၇ လောက်မှာ ခင်ဗျားကို ဒီလိုအားပေးတဲ့သူတစ်ယောက်ရှိတာ သိပ်ကောင်းတာပေါ့ဗျာ… သူက ကျွန်တော့်ကို ကြည့်ပြီး ခြေစွမ်းကို သဘောကျကြောင်းနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ ကြိုးစားဖို့ မှာခဲ့တယ်။ ဒါကြောင့်လည်း စိတ်ကြိုက်နံပါတ်ကို ရွေးချယ်ခွင့်ရခဲ့တဲ့အခါ သူဝတ်ခဲ့တဲ့ နံပါတ် ၁၄ ကိုပဲ ရွေးခဲ့တာပါ။ ကျွန်တော်နဲ့ အာဆင်နယ်အတွက် သိပ်ကို အဓိပ္ပါယ်ရှိတဲ့ နံပါတ်ဖြစ်လို့ပါ”လို့ သူက ဆိုပါတယ်။
“အီယန်ရိုက်ကတော့ ကျွန်တော့်ကို အကြံကောင်းတွေ အများကြီးပေးခဲ့ပါတယ်။ အမြဲတမ်း ကျွန်တော့်ကို အားပေးနှစ်သိမ့်ဖို့ အဆင်သင့်ရှိနေတဲ့ ဆရာကြီးတစ်ပါးပေါ့ဗျာ… တလောက ဓာတ်ပုံရိုက်တုန်းကတောင် သူနဲ့ ဆုံခဲ့ပါသေးတယ်။ နောက်တစ်ခါတွေ့ရင်တော့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ကစားတဲ့အကြောင်းကို ဆွေးနွေးရမှာပေါ့”လို့ ထုတ်ဖော်သွားခဲ့တာပါ။
နကီးတီးယားအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက ဂါနာလက်ရွေးစင်အသင်းမှာ ပါဝင်ကစားခွင့်အတွက် စည်းရုံးခံခဲ့ရပေမယ့် ငြင်းပယ်ခဲ့ပြီး အင်္ဂလန်အသင်းကိုပဲ ဆက်လက်စောင့်ဆိုင်းဖို့ ရွေးချယ်မှုက လက်ရှိမှာတော့ အိပ်မက်တွေအတိုင်း လက်တွေ့ဖြစ်ခဲ့ပြီလို့ ဆိုရမှာဖြစ်ပြီး အာဆင်နယ်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့မှုတွေက ဒီအတွက် ထိုက်တန်ခဲ့တာဖြစ်ပါတယ်။
သူက လက်ရှိအသင်းဖော် ဒက်ကလန် ရိုက်စ်နဲ့အတူ ငါးနှစ်ကြာ ကစားခဲ့တဲ့ ချဲလ်ဆီးလူငယ်အကယ်ဒမီကနေ ဆက်လက်ထိန်းသိမ်းဖို့ ပယ်ချခံခဲ့ရတာကလည်း ကစားသမားဘဝအတွက် ပိုမိုကြိုးစားဖို့ တွန်းအားဖြစ်စေခဲ့ပြီး ဝက်စ်ဟမ်းကပ္ပတိန်နဲ့ အာဆင်နယ်အသင်းမှာ ပြန်ဆုံနိုင်ခဲ့သလို အင်္ဂလန်အထိ ရောက်ခဲ့အပြီးမှာတော့ နိုင်ငံအသင်းအတွက် အကျိုးပြုဖို့ အဆင်သင့်ဖြစ်နေကြောင်းလည်း ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: အာဆင္နယ္တိုက္စစ္မႉး အက္ဒီ နကီးတီးယားအေနနဲ႔ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္ေတြမွာ ေျခစြမ္းျပႏိုင္ခဲ့အၿပီးမွာ အဂၤလန္လက္ေ႐ြးစင္ အသင္းရဲ႕ ယူကရိန္းနဲ႔ ကစားမယ့္ ယူ႐ို ၂၀၂၄ ေျခစစ္ပြဲစဥ္အတြက္ အေ႐ြးခ်ယ္ခံခဲ့ရျခင္းအေပၚမွာ သူ႔ရဲ႕ သင္ဆရာ ျမင္ဆရာေတြျဖစ္ၾကတဲ့ သီယာရီ အြန္နရီနဲ႔ အီယန္႐ိုက္တို႔ရဲ႕ ေက်းဇူးႀကီးမားေၾကာင္း ေျပာျပသြားခဲ့ပါတယ္။
အသက္ ၂၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအေနနဲ႔ သူနဲ႔ ႐ြယ္တူ အသင္းေဖာ္သစ္ ဒက္ကလန္ ႐ိုက္စ္နဲ႔အတူ အဂၤလန္မွာ ပါဝင္ခြင့္ရခဲ့ၿပီး ပိုလန္ႏိုင္ငံမွာ သြားေရာက္ကစားရမယ့္ ယူကရိန္းနဲ႔ ပြဲစဥ္အတြက္ စိတ္အားထက္သန္ေနခဲ့သလို ဒီအသင္းမွာ ဆက္ေနၿပီး ႀကိဳးစားမႈကို ျပသခြင့္ရခဲ့တာဟာ အၿမဲတမ္း အားေပးတဲ့ အီယန္႐ိုက္နဲ႔ ဆရာေဟာင္းျဖစ္ခဲ့တဲ့ အြန္နရီတို႔ လႊမ္းမိုးမႈက ႀကီးမားေၾကာင္း ဆိုခဲ့တာပါ။
“သီယာရီက ကြၽန္ေတာ့္အတြက္ သိပ္ကို ထူးျခားတဲ့သူေပါ့ဗ်ာ… အာဆင္နယ္ အကယ္ဒမီမွာ အသက္ ၁၆ ႏွစ္ လူငယ္ စေကာလားရွစ္ရေတာ့ သူက နည္းျပခဲ့တာေလ… သိပ္ေကာင္းတဲ့ အေတြ႕အႀကဳံျဖစ္ၿပီး ကြၽန္ေတာ့္ဘဝရဲ႕ အေကာင္းဆုံး နည္းျပတစ္ဦးလည္းျဖစ္ပါတယ္။ သိပ္ကို ေပ်ာ္ခဲ့ရတဲ့ အခ်ိန္ေတြပါပဲ”လို႔ နကီးတီးယားက ေျပာျပခဲ့ပါတယ္။
“အသက္ ၁၆-၁၇ ေလာက္မွာ ခင္ဗ်ားကို ဒီလိုအားေပးတဲ့သူတစ္ေယာက္ရွိတာ သိပ္ေကာင္းတာေပါ့ဗ်ာ… သူက ကြၽန္ေတာ့္ကို ၾကည့္ၿပီး ေျခစြမ္းကို သေဘာက်ေၾကာင္းနဲ႔ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈအျပည့္နဲ႔ ႀကိဳးစားဖို႔ မွာခဲ့တယ္။ ဒါေၾကာင့္လည္း စိတ္ႀကိဳက္နံပါတ္ကို ေ႐ြးခ်ယ္ခြင့္ရခဲ့တဲ့အခါ သူဝတ္ခဲ့တဲ့ နံပါတ္ ၁၄ ကိုပဲ ေ႐ြးခဲ့တာပါ။ ကြၽန္ေတာ္နဲ႔ အာဆင္နယ္အတြက္ သိပ္ကို အဓိပၸါယ္ရွိတဲ့ နံပါတ္ျဖစ္လို႔ပါ”လို႔ သူက ဆိုပါတယ္။
“အီယန္႐ိုက္ကေတာ့ ကြၽန္ေတာ့္ကို အႀကံေကာင္းေတြ အမ်ားႀကီးေပးခဲ့ပါတယ္။ အၿမဲတမ္း ကြၽန္ေတာ့္ကို အားေပးႏွစ္သိမ့္ဖို႔ အဆင္သင့္ရွိေနတဲ့ ဆရာႀကီးတစ္ပါးေပါ့ဗ်ာ… တေလာက ဓာတ္ပုံ႐ိုက္တုန္းကေတာင္ သူနဲ႔ ဆုံခဲ့ပါေသးတယ္။ ေနာက္တစ္ခါေတြ႕ရင္ေတာ့ အဂၤလန္လက္ေ႐ြးစင္အသင္းမွာ ကစားတဲ့အေၾကာင္းကို ေဆြးေႏြးရမွာေပါ့”လို႔ ထုတ္ေဖာ္သြားခဲ့တာပါ။
နကီးတီးယားအေနနဲ႔ ၿပီးခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားတုန္းက ဂါနာလက္ေ႐ြးစင္အသင္းမွာ ပါဝင္ကစားခြင့္အတြက္ စည္း႐ုံးခံခဲ့ရေပမယ့္ ျငင္းပယ္ခဲ့ၿပီး အဂၤလန္အသင္းကိုပဲ ဆက္လက္ေစာင့္ဆိုင္းဖို႔ ေ႐ြးခ်ယ္မႈက လက္ရွိမွာေတာ့ အိပ္မက္ေတြအတိုင္း လက္ေတြ႕ျဖစ္ခဲ့ၿပီလို႔ ဆိုရမွာျဖစ္ၿပီး အာဆင္နယ္အသင္းနဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့မႈေတြက ဒီအတြက္ ထိုက္တန္ခဲ့တာျဖစ္ပါတယ္။
သူက လက္ရွိအသင္းေဖာ္ ဒက္ကလန္ ႐ိုက္စ္နဲ႔အတူ ငါးႏွစ္ၾကာ ကစားခဲ့တဲ့ ခ်ဲလ္ဆီးလူငယ္အကယ္ဒမီကေန ဆက္လက္ထိန္းသိမ္းဖို႔ ပယ္ခ်ခံခဲ့ရတာကလည္း ကစားသမားဘဝအတြက္ ပိုမိုႀကိဳးစားဖို႔ တြန္းအားျဖစ္ေစခဲ့ၿပီး ဝက္စ္ဟမ္းကပၸတိန္နဲ႔ အာဆင္နယ္အသင္းမွာ ျပန္ဆုံႏိုင္ခဲ့သလို အဂၤလန္အထိ ေရာက္ခဲ့အၿပီးမွာေတာ့ ႏိုင္ငံအသင္းအတြက္ အက်ိဳးျပဳဖို႔ အဆင္သင့္ျဖစ္ေနေၾကာင္းလည္း ေျပာၾကားသြားခဲ့တယ္လို႔ သိရွိရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.