Premier League

ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကို ငြင်းပယ်နိုင်မှာမဟုတ်တဲ့ လစ်ဗာပူးလ်

လစ်ဗာပူးလ်ဟာ ကြာသပတေးနေ့ ဆော်ဒီအာရေဗျအပြောင်းအရွှေ့စျေးကွက်ပိတ်ချိန်မတိုင်ခင် အယ်လ် အစ်တီဟတ်ကနေ မိုဟာမက် ဆာလားအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၁၅ သန်းနဲ့ ကမ်းလှမ်းမှုကို ရရှိဖွယ်ရှိနေပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆာလားဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့ပြီး အယ်လ်အစ်တီဟတ်ရဲ့ ပေါင်သန်း ၁၅၀ နဲ့ ကမ်းလှမ်းမှုကို မာဆေးဆိုဒ်ကလပ်က ပြီးခဲ့တဲ့အပတ်မှာ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

နည်းပြ ယာဂန် ကလော့ပ်ကလည်း ဆာလားကို ဘယ်လိုစျေးနဲ့မှ ရောင်းထုတ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပေမယ့်လည်း အယ်လ်အစ်တီဟတ်က တိုးမြှင့်ထားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေမှုကိုတော့ မရပ်တန့်နိုင်တာဖြစ်ပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ အယ်လ်အစ်တီဟတ်ဟာ ထပ်ဆောင်းပေးချေမှုတွေ ပါဝင်တဲ့ လက်ရှိ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးထက် ကျော်လွန်တဲ့ပမာဏနဲ့ ဆာလားကို ကြာသပတေးနေ့မတိုင်ခင် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြီး ပေါင် ၂၁၅ သန်းဝန်းကျင်နဲ့ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။

လစ်ဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက ပြီးခဲ့တဲ့အပတ်မှာ မိုဟာမက် ဆာလားကို ရောင်းထုတ်မယ့် အစီအစဉ်ကို သဘောမကျပေမယ့်လည်း ၎င်းရဲ့အသင်းဟောင်းအနေနဲ့ အီဂျစ်တိုက်စစ်မှူးအတွက် ပေါင်သန်း ၂၀၀ ကျော်နဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ဖို့ တတ်နိုင်မှာမဟုတ်ဘူးလို့ ဝန်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။

ကာရေဂါက ဆာလားထက် ၁ နှစ်၊ ၂ နှစ်လောက်ပဲ ပိုငယ်တဲ့ ဟယ်ရီ ကိန်းက စပါးစ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့တာကြောင့် ပေါင်သန်း ၁၀၀ လောက်ပဲ ရခဲ့ပေမယ့် ဆာလားက စာချုပ်သက်တမ်း ၂ နှစ်ကျန်နေသေးတာကြောင့် အဲဒီထက် ပိုလိုချင်မှာဖြစ်ပြီး ဆော်ဒီ စျေးကွက်သာမရှိရင် ပေါင်သန်း ၁၅၀ ထက်ပိုရမှာမဟုတ်ဘဲ အဲဒီပမာဏထက် ပိုများတဲ့ ပေါင်သန်း ၂၀၀ ကျော်ဖြစ်လာရင်တော့ ငြင်းနိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လစ်ဗာပူးလ်ဟာ ကြာသပတေးနေ့ ဆော်ဒီအာရေဗျအပြောင်းအရွှေ့ဈေးကွက်ပိတ်ချိန်မတိုင်ခင် အယ်လ် အစ်တီဟတ်ကနေ မိုဟာမက် ဆာလားအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၁၅ သန်းနဲ့ ကမ်းလှမ်းမှုကို ရရှိဖွယ်ရှိနေပါတယ်။


နည်းပြ ယာဂန် ကလော့ပ်ကလည်း ဆာလားကို ဘယ်လိုဈေးနဲ့မှ ရောင်းထုတ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပေမယ့်လည်း အယ်လ်အစ်တီဟတ်က တိုးမြှင့်ထားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေမှုကိုတော့ မရပ်တန့်နိုင်တာဖြစ်ပါတယ်။



ကာရေဂါက ဆာလားထက် ၁ နှစ်၊ ၂ နှစ်လောက်ပဲ ပိုငယ်တဲ့ ဟယ်ရီ ကိန်းက စပါးစ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့တာကြောင့် ပေါင်သန်း ၁၀၀ လောက်ပဲ ရခဲ့ပေမယ့် ဆာလားက စာချုပ်သက်တမ်း ၂ နှစ်ကျန်နေသေးတာကြောင့် အဲဒီထက် ပိုလိုချင်မှာဖြစ်ပြီး ဆော်ဒီ ဈေးကွက်သာမရှိရင် ပေါင်သန်း ၁၅၀ ထက်ပိုရမှာမဟုတ်ဘဲ အဲဒီပမာဏထက် ပိုများတဲ့ ပေါင်သန်း ၂၀၀ ကျော်ဖြစ်လာရင်တော့ ငြင်းနိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.