မေဆန် ဂရင်းဝုဒ်ဟာ ဂီတာဖေးကို အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ၂၄ နာရီအကြာမှာပဲ အသင်းလူစာရင်းကနေ ထုတ်ပယ်ပစ်ဖို့ တောင်းဆိုမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်က မုဒိမ်းမှုနဲ့ တရားစွဲဆိုခြင်းခံခဲ့ရပြီးနောက် အသင်းအတွက် ထပ်မံကစားပေးခွင့်ရှိတော့မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဂီတာဖေးကို အငှားချခံခဲ့ရတာဖြစ်ပါတယ်။
စပိန်က အိမ်တွင်းအကြမ်းဖက်မှုဆန့်ကျင်ရေး အဖွဲ့အစည်းက စနေနေ့ညမှာ ဂရင်းဝုဒ်ကို လာလီဂါမှာ ဘောလုံးတောင် မထိရသေးခင် ဗြိတိန်ကို ပြန်ပို့ဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး ဂီတာဖေးမှာ အခြေစိုက်တဲ့ Ana Belle ဖောင်ဒေးရှင်းဥက္ကဌ အန်နာဘဲလ်ယက်စ်တဲဗက်စ်က အသင်းဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ စံနမူနာတစ်ခုကို ပြုလုပ်နေတာဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ယက်စ်တဲဗက်စ်က ဂီတာဖေးအနေနဲ့ ဂရင်းဝုဒ်ကို ဘယ်တုန်းကမှ အငှားနဲ့ မခေါ်ယူသင့်ဘဲ အဲဒီဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖို့ ချက်ချင်း လုပ်ဆောင်သင့်ပြီး ဂီတာဖေးလို အဖွဲ့အစည်းမျိုးဟာ အမျိုးသမီးတွေကို အကြမ်းဖက်မှု ကျူးလွန်တဲ့အပေါ်မှာ ကြားနေလိုလို လုပ်ဆောင်ဖို့ ဆင်ခြေပေးလို့မရနိုင်ဘဲ တာဝန်ယူမှုရှိရမယ်လို့ သတိပေးခဲ့တာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ေမဆန္ ဂရင္းဝုဒ္ဟာ ဂီတာေဖးကို အငွားနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ ၂၄ နာရီအၾကာမွာပဲ အသင္းလူစာရင္းကေန ထုတ္ပယ္ပစ္ဖို႔ ေတာင္းဆိုမႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။
အသက္ ၂၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ မန္ခ်က္စတာယူႏိုက္တက္က မုဒိမ္းမႈနဲ႔ တရားစြဲဆိုျခင္းခံခဲ့ရၿပီးေနာက္ အသင္းအတြက္ ထပ္မံကစားေပးခြင့္ရွိေတာ့မွာမဟုတ္ဘူးလို႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ ဂီတာေဖးကို အငွားခ်ခံခဲ့ရတာျဖစ္ပါတယ္။
စပိန္က အိမ္တြင္းအၾကမ္းဖက္မႈဆန႔္က်င္ေရး အဖြဲ႕အစည္းက စေနေန႔ညမွာ ဂရင္းဝုဒ္ကို လာလီဂါမွာ ေဘာလုံးေတာင္ မထိရေသးခင္ ၿဗိတိန္ကို ျပန္ပို႔ဖို႔ ေတာင္းဆိုခဲ့တာျဖစ္ၿပီး ဂီတာေဖးမွာ အေျခစိုက္တဲ့ Ana Belle ေဖာင္ေဒးရွင္းဥကၠဌ အန္နာဘဲလ္ယက္စ္တဲဗက္စ္က အသင္းဟာ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ စံနမူနာတစ္ခုကို ျပဳလုပ္ေနတာျဖစ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ယက္စ္တဲဗက္စ္က ဂီတာေဖးအေနနဲ႔ ဂရင္းဝုဒ္ကို ဘယ္တုန္းကမွ အငွားနဲ႔ မေခၚယူသင့္ဘဲ အဲဒီဆုံးျဖတ္ခ်က္ကို ျပန္လည္ျပင္ဆင္ဖို႔ ခ်က္ခ်င္း လုပ္ေဆာင္သင့္ၿပီး ဂီတာေဖးလို အဖြဲ႕အစည္းမ်ိဳးဟာ အမ်ိဳးသမီးေတြကို အၾကမ္းဖက္မႈ က်ဴးလြန္တဲ့အေပၚမွာ ၾကားေနလိုလို လုပ္ေဆာင္ဖို႔ ဆင္ေျခေပးလို႔မရႏိုင္ဘဲ တာဝန္ယူမႈရွိရမယ္လို႔ သတိေပးခဲ့တာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.