Premier League

ချဲလ်ဆီးထိပ်ဆုံး ၄ နေရာဝင်၊မဝင်နဲ့ ဂန်းနားတွေ ဖလားရ၊ မရ ဟောကိန်းထုတ်ခဲ့တဲ့ ဆားဗေ့ဂျ်

ရော်ဘီ ဆားဗေ့ဂျ်က ချဲလ်ဆီးက ယခုရာသီအစပိုင်းမှာ အထနှေးနေပေမယ့်လည်း ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံး ၄ နေရာထဲမှာ ရာသီပြီးဆုံးလိမ့်မယ်လို့ ထောက်ခံခဲ့ပြီး အာဆင်နယ်အနေနဲ့ လိဂ်ချန်ပီယံမဖြစ်နိုင်ဘူးလို့ သတိပေးခဲ့ပါတယ်။

ချဲလ်ဆီးဟာ ယခုရာသီသစ် နည်းပြသစ်ပိုချက်တီနို လက်အောက်မှာ ကစားခဲ့တဲ့ ၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားအဆင့် ၁၂ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး လစ်ဗာပူးလ်ကို ၁-၁ သရေကျခဲ့ပြီးနောက်ပိုင်း လူတန်တောင်းကို အနိုင်ရရှိခဲ့ပေမယ့် ဝက်စ်ဟမ်းနဲ့ နော်တင်ဟမ်ဖောရက်စ်တို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆားဗေ့ဂျ်က ပိုချက်တီနိုက စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဖြစ်နေတဲ့ အရာအားလုံးကို ပြောင်းလဲပေးနိုင်မယ်လို့ ထောက်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။

“ပိုချက်တီနို နည်းပြအဖြစ် ခန့်အပ်ခံရတဲ့အချိန်မှာ ကျွန်တော် တွေးမိခဲ့တာက ချဲလ်ဆီးအနေနဲ့ ထိပ်ဆုံး ၄ နေရာဝင်လိမ့်မယ်ဆိုတာပါပဲ။ ကျွန်တော် အဲဒါကို ယုံကြည်နေတုန်းပါပဲ။ သူတို့တွေက အရမ်းကောင်းမွန်တဲ့၊ ဆာလောင်နေတဲ့ ကစားသမားတွေကို ခေါ်ယူခဲ့ပြီး ပိုချက်တီနိုလိုမျိုး နည်းပြနဲ့အတူ သူက အသင်းတွေနဲ့ ကစားသမားတွေကို တိုးတက်အောင် လုပ်နိုင်ပါတယ်။ ချဲလ်ဆီးက ထိပ်ဆုံး ၄ နေရာထဲမှာပဲ ရာသီပြီးဆုံးနိုင်သေးတယ်လို့ ကျွန်တော် ထင်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ဥရောပပွဲမကစားရလို့ အချိန်ပိုထွက်လာမှာက ပိုချက်တီနိုအတွက် အရမ်းကို တန်ဖိုးရှိလာမှာပါ။ ခင်ဗျား သူတို့တွေ ခေါ်ယူခဲ့တဲ့ ကစားသမားအရေအတွက် ဘယ်လောက်တောင်များလဲဆိုတာ ကြည့်လိုက်ပါ။ ဒီအစုအဖွဲ့ကို တစ်စုတစည်းတည်းဖြစ်အောင်နဲ့ သူကစားချင်တဲ့ပုံစံအတိုင်း ကစားနိုင်အောင် လုပ်ဖို့က အချိန်အများကြီးယူရမှာပါ”

“ပိုချက်တီနိုက တိုက်စစ်မှူးတစ်ယောက်က တစ်ရာသီသွင်းဂိုး ၂၀ နဲ့ အထက်သွင်းယူနိုင်မယ့် ကစားကွက်ကို ရှာဖွေရမှာပါ။ ချဲလ်ဆီးအတွက် တစ်ရာသီ ဂိုး ၂၀ ကျော်သွင်းနိုင်ခဲ့တဲ့ နောက်ဆုံးကျောနံပါတ် ၉ က ဒီယေဂို ကော်စတာဖြစ်ခဲ့ပါတယ်။ သူ အဲဒါကို လုပ်နိုင်တာနဲ့ ချဲလ်ဆီးက ဘက်ပေါင်းစုံမှာ တိုးတက်လာမှာဖြစ်ပြီး အချိန်ကြာလာရင် သူ့လက်အောက်မှာ ဆုဖလားတွေအတွက် စတင်စိန်ခေါ်လာနိုင်ပြီး ကြီးမားတဲ့အောင်မြင်မှုတွေ ရရှိမယ်လို့ ကျွန်တော် ထင်တယ်။သူလိုအပ်တဲ့ အကြီးမားဆုံးအရာက အချိန်ပါ။ ဂရေဟမ် ပေါ့တားက အချိန်မရခဲ့ဘဲ ဘုတ်အဖွဲ့နဲ့ တော့ဒ် ဘိုလီတို့က နည်းပြကို အချိန်ပေးဖို့ အရေးကြီးပါတယ်။ သူတို့တွေ အချိန်ပေးမယ်ဆိုရင် ချဲလ်ဆီးက ဆုဖလားတွေအတွက် စတင်စိန်ခေါ်လာနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်”

ဆားဗေ့ဂျ်က အာဆင်နယ်နဲ့ပတ်သက်ပြီးလည်း ဟောကိန်းထုတ်မှုတွေ ပြုလုပ်ခဲ့ပြီး ဂန်းနားတွေအနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ ဖလားရဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားမရနိုင်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒီကလန် ရိုက်ကို ရခဲ့တာတောင်မှ အာဆင်နယ်က လိဂ်ဖလားအနိုင်ရရှိမယ်လို့ ကျွန်တော် မထင်ပါဘူး။ ရှင်းပါတယ်။ မန်စီးတီးရှိနေတာကြောင့်ပါ။ စီးတီးသာ ပရီးမီးယားလိဂ်မှာ မရှိဘူးဆိုရင်တော့ အာဆင်နယ်က ဖလားရနိုင်မယ်လို့ ကျွန်တော် တွေးမိမှာပါ။ ဒါပေမယ့် အာဆင်နယ်အတွက် ကံဆိုးတာက မန်စီးတီးက ပရီးမီးယားလိဂ်မှာ ရှိနေပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေရာ္ဘီ ဆားေဗ့ဂ်္က ခ်ဲလ္ဆီးက ယခုရာသီအစပိုင္းမွာ အထေႏွးေနေပမယ့္လည္း ပရီးမီးယားလိဂ္အမွတ္ေပးဇယား ထိပ္ဆုံး ၄ ေနရာထဲမွာ ရာသီၿပီးဆုံးလိမ့္မယ္လို႔ ေထာက္ခံခဲ့ၿပီး အာဆင္နယ္အေနနဲ႔ လိဂ္ခ်န္ပီယံမျဖစ္ႏိုင္ဘူးလို႔ သတိေပးခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ ယခုရာသီသစ္ နည္းျပသစ္ပိုခ်က္တီႏို လက္ေအာက္မွာ ကစားခဲ့တဲ့ ၄ ပြဲမွာ ၁ ပြဲသာ အႏိုင္ရရွိခဲ့ၿပီးေနာက္ အမွတ္ေပးဇယားအဆင့္ ၁၂ ေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး လစ္ဗာပူးလ္ကို ၁-၁ သေရက်ခဲ့ၿပီးေနာက္ပိုင္း လူတန္ေတာင္းကို အႏိုင္ရရွိခဲ့ေပမယ့္ ဝက္စ္ဟမ္းနဲ႔ ေနာ္တင္ဟမ္ေဖာရက္စ္တို႔ကို ဆက္တိုက္ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဆားေဗ့ဂ်္က ပိုခ်က္တီႏိုက စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ျဖစ္ေနတဲ့ အရာအားလုံးကို ေျပာင္းလဲေပးႏိုင္မယ္လို႔ ေထာက္ခံေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ပိုခ်က္တီႏို နည္းျပအျဖစ္ ခန႔္အပ္ခံရတဲ့အခ်ိန္မွာ ကြၽန္ေတာ္ ေတြးမိခဲ့တာက ခ်ဲလ္ဆီးအေနနဲ႔ ထိပ္ဆုံး ၄ ေနရာဝင္လိမ့္မယ္ဆိုတာပါပဲ။ ကြၽန္ေတာ္ အဲဒါကို ယုံၾကည္ေနတုန္းပါပဲ။ သူတို႔ေတြက အရမ္းေကာင္းမြန္တဲ့၊ ဆာေလာင္ေနတဲ့ ကစားသမားေတြကို ေခၚယူခဲ့ၿပီး ပိုခ်က္တီႏိုလိုမ်ိဳး နည္းျပနဲ႔အတူ သူက အသင္းေတြနဲ႔ ကစားသမားေတြကို တိုးတက္ေအာင္ လုပ္ႏိုင္ပါတယ္။ ခ်ဲလ္ဆီးက ထိပ္ဆုံး ၄ ေနရာထဲမွာပဲ ရာသီၿပီးဆုံးႏိုင္ေသးတယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ေလ့က်င့္ေရးကြင္းမွာ ဥေရာပပြဲမကစားရလို႔ အခ်ိန္ပိုထြက္လာမွာက ပိုခ်က္တီႏိုအတြက္ အရမ္းကို တန္ဖိုးရွိလာမွာပါ။ ခင္ဗ်ား သူတို႔ေတြ ေခၚယူခဲ့တဲ့ ကစားသမားအေရအတြက္ ဘယ္ေလာက္ေတာင္မ်ားလဲဆိုတာ ၾကည့္လိုက္ပါ။ ဒီအစုအဖြဲ႕ကို တစ္စုတစည္းတည္းျဖစ္ေအာင္နဲ႔ သူကစားခ်င္တဲ့ပုံစံအတိုင္း ကစားႏိုင္ေအာင္ လုပ္ဖို႔က အခ်ိန္အမ်ားႀကီးယူရမွာပါ”

“ပိုခ်က္တီႏိုက တိုက္စစ္မႉးတစ္ေယာက္က တစ္ရာသီသြင္းဂိုး ၂၀ နဲ႔ အထက္သြင္းယူႏိုင္မယ့္ ကစားကြက္ကို ရွာေဖြရမွာပါ။ ခ်ဲလ္ဆီးအတြက္ တစ္ရာသီ ဂိုး ၂၀ ေက်ာ္သြင္းႏိုင္ခဲ့တဲ့ ေနာက္ဆုံးေက်ာနံပါတ္ ၉ က ဒီေယဂို ေကာ္စတာျဖစ္ခဲ့ပါတယ္။ သူ အဲဒါကို လုပ္ႏိုင္တာနဲ႔ ခ်ဲလ္ဆီးက ဘက္ေပါင္းစုံမွာ တိုးတက္လာမွာျဖစ္ၿပီး အခ်ိန္ၾကာလာရင္ သူ႔လက္ေအာက္မွာ ဆုဖလားေတြအတြက္ စတင္စိန္ေခၚလာႏိုင္ၿပီး ႀကီးမားတဲ့ေအာင္ျမင္မႈေတြ ရရွိမယ္လို႔ ကြၽန္ေတာ္ ထင္တယ္။သူလိုအပ္တဲ့ အႀကီးမားဆုံးအရာက အခ်ိန္ပါ။ ဂေရဟမ္ ေပါ့တားက အခ်ိန္မရခဲ့ဘဲ ဘုတ္အဖြဲ႕နဲ႔ ေတာ့ဒ္ ဘိုလီတို႔က နည္းျပကို အခ်ိန္ေပးဖို႔ အေရးႀကီးပါတယ္။ သူတို႔ေတြ အခ်ိန္ေပးမယ္ဆိုရင္ ခ်ဲလ္ဆီးက ဆုဖလားေတြအတြက္ စတင္စိန္ေခၚလာႏိုင္မယ္လို႔ ကြၽန္ေတာ္ ယုံၾကည္တယ္”

ဆားေဗ့ဂ်္က အာဆင္နယ္နဲ႔ပတ္သက္ၿပီးလည္း ေဟာကိန္းထုတ္မႈေတြ ျပဳလုပ္ခဲ့ၿပီး ဂန္းနားေတြအေနနဲ႔ ၿပီးခဲ့တဲ့ရာသီမွာ ဖလားရဖို႔ နီးစပ္ခဲ့ေပမယ့္လည္း ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလားမရႏိုင္ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ဒီကလန္ ႐ိုက္ကို ရခဲ့တာေတာင္မွ အာဆင္နယ္က လိဂ္ဖလားအႏိုင္ရရွိမယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး။ ရွင္းပါတယ္။ မန္စီးတီးရွိေနတာေၾကာင့္ပါ။ စီးတီးသာ ပရီးမီးယားလိဂ္မွာ မရွိဘူးဆိုရင္ေတာ့ အာဆင္နယ္က ဖလားရႏိုင္မယ္လို႔ ကြၽန္ေတာ္ ေတြးမိမွာပါ။ ဒါေပမယ့္ အာဆင္နယ္အတြက္ ကံဆိုးတာက မန္စီးတီးက ပရီးမီးယားလိဂ္မွာ ရွိေနပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.