Premier League

အမ်မရာဘတ်ကို မခေါ်ခင် ဒဏ်ရာရနေတာ တွေ့ရှိခဲ့တဲ့ မန်ယူနိုက်တက် ဆေးအဖွဲ့

မန်ချက်စတာယူနိုက်တက်ဆေးအဖွဲ့ဟာ မော်ရိုကိုကွင်းလယ်ကြယ်ပွင့်က အသင်းကို အပြီးသတ်မပြောင်းရွှေ့ခင်မှာ နောက်ကျောဒဏ်ရာပြဿနာအနည်းငယ်ရှိနေတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ လပေါင်းများစွာ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပြီးနောက် အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့မှာ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ယူနိုက်တက်က အမ်မရာဘတ်ကို အပြီးသတ်ခေါ်ယူခွင့် ပါဝင်တဲ့ တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ကစားသမားရောင်းချရမှုကနေ ငွေကြေးရှာဖွေနိုင်ခြင်းမရှိခဲ့တဲ့နောက် မန်ချက်စတာယူနိုက်တက်ဟာ အမ်မရာဘတ်ကို အပြီးသတ်ခေါ်ယူခြင်းမပြုလုပ်မီ စျေးကွက်ပိတ်ခါနီး နောက်ဆုံးရက်တွေအထိ စောင့်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ညှိနှိုင်းဆွေးနွေးရေး အကြီးအကဲ မတ် ဟားဗရိဗ်စ်ဟာ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ဖလောရန့်စ်ကို သီးသန့်ဂျက်လေယာဉ်နဲ့ သွားရောက်ခဲ့တာဖြစ်ပြီး အမ်မရာဘတ်အနေနဲ့ ယူကေထိ လာပြီး ဆေးစစ်ဖို့ အချိန်မရတာကြောင့် အီတလီမှာပဲ ဆေးစစ်ခဲ့ရတာဖြစ်ပါတယ်။

ဆေးစစ်မှု ခံယူနေချိန်အတွင်း ဆေးအဖွဲ့ဝင်တွေဟာ ဖီအိုရင်တီးနားကြယ်ပွင့်ရဲ့ နောက်ကျောဘက်မှာ ဒဏ်ရာပြဿနာအနည်းငယ်ရှိနေတာကို တွေ့ရှိခဲ့တယ်လို့ The Athletic က ဖော်ပြခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ မော်ရိုကိုအတွက် အကိုက်အခဲပျောက်ဆေးတွေ ထိုးပြီး ကစားခဲ့ရတာဖြစ်ပါတယ်။

ပြင်သစ်နဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်အတွက် နောက်ကျောဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်တော့မှာမဟုတ်ဘူးလို့တောင် ယုံကြည်ခဲ့တာဖြစ်ပြီး အဲဒီဒဏ်ရာဟာ အရှင်းမကုဘဲ ဆေးမြီးတိုနဲ့ ကုစားခဲ့တာကြောင့် ဆေးစစ်မှုခံယူချိန်အတွင်း မန်ချက်စတာယူနိုက်တက် ဆေးအဖွဲ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ေဆးအဖြဲ႕ဟာ ေမာ္႐ိုကိုကြင္းလယ္ၾကယ္ပြင့္က အသင္းကို အၿပီးသတ္မေျပာင္းေ႐ႊ႕ခင္မွာ ေနာက္ေက်ာဒဏ္ရာျပႆနာအနည္းငယ္ရွိေနတာကို စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ လေပါင္းမ်ားစြာ ေကာလာဟလေတြ ထြက္ေပၚခဲ့ၿပီးေနာက္ အေျပာင္းအေ႐ႊ႕ေစ်းကြက္ေနာက္ဆုံးေန႔မွာ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး ယူႏိုက္တက္က အမ္မရာဘတ္ကို အၿပီးသတ္ေခၚယူခြင့္ ပါဝင္တဲ့ တစ္ရာသီ အငွားစာခ်ဳပ္နဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။

ကစားသမားေရာင္းခ်ရမႈကေန ေငြေၾကးရွာေဖြႏိုင္ျခင္းမရွိခဲ့တဲ့ေနာက္ မန္ခ်က္စတာယူႏိုက္တက္ဟာ အမ္မရာဘတ္ကို အၿပီးသတ္ေခၚယူျခင္းမျပဳလုပ္မီ ေစ်းကြက္ပိတ္ခါနီး ေနာက္ဆုံးရက္ေတြအထိ ေစာင့္ဆိုင္းခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ညႇိႏႈိင္းေဆြးေႏြးေရး အႀကီးအကဲ မတ္ ဟားဗရိဗ္စ္ဟာ အေျပာင္းအေ႐ႊ႕ကို အၿပီးသတ္ႏိုင္ဖို႔ ဖေလာရန႔္စ္ကို သီးသန႔္ဂ်က္ေလယာဥ္နဲ႔ သြားေရာက္ခဲ့တာျဖစ္ၿပီး အမ္မရာဘတ္အေနနဲ႔ ယူေကထိ လာၿပီး ေဆးစစ္ဖို႔ အခ်ိန္မရတာေၾကာင့္ အီတလီမွာပဲ ေဆးစစ္ခဲ့ရတာျဖစ္ပါတယ္။

ေဆးစစ္မႈ ခံယူေနခ်ိန္အတြင္း ေဆးအဖြဲ႕ဝင္ေတြဟာ ဖီအိုရင္တီးနားၾကယ္ပြင့္ရဲ႕ ေနာက္ေက်ာဘက္မွာ ဒဏ္ရာျပႆနာအနည္းငယ္ရွိေနတာကို ေတြ႕ရွိခဲ့တယ္လို႔ The Athletic က ေဖာ္ျပခဲ့ၿပီး ၂၀၂၂ ကမာၻ႔ဖလားဆီမီးဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ခဲ့တဲ့ ေမာ္႐ိုကိုအတြက္ အကိုက္အခဲေပ်ာက္ေဆးေတြ ထိုးၿပီး ကစားခဲ့ရတာျဖစ္ပါတယ္။

ျပင္သစ္နဲ႔ ကစားခဲ့တဲ့ ဆီမီးဖိုင္နယ္အဆင့္ပြဲစဥ္အတြက္ ေနာက္ေက်ာဒဏ္ရာေၾကာင့္ ပါဝင္ကစားေပးႏိုင္ေတာ့မွာမဟုတ္ဘူးလို႔ေတာင္ ယုံၾကည္ခဲ့တာျဖစ္ၿပီး အဲဒီဒဏ္ရာဟာ အရွင္းမကုဘဲ ေဆးၿမီးတိုနဲ႔ ကုစားခဲ့တာေၾကာင့္ ေဆးစစ္မႈခံယူခ်ိန္အတြင္း မန္ခ်က္စတာယူႏိုက္တက္ ေဆးအဖြဲ႕က ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.