International

အင်္ဂလန်ကြယ်ပွင့်တွေကို လက်ရွေးစင်က အနားယူဖို့ ပြောခဲ့တဲ့ ဖာဒီနန်

ရီယို ဖာဒီနန်က ဂျိမ်းစ် ဝါ့ဒ်ပရောက်စ်နဲ့ အခြားကစားသမားတွေလိုသာ ဂါးရတ် ဆောက်ဂိတ်ရဲ့ လစ်လျူရှုခြင်းကို ဆက်ခံရဦးမယ်ဆိုရင် အင်္ဂလန်လက်ရွေးစင်အသင်းကနေ အနားယူလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဆောက်ဂိတ်က ယူကရိန်းနဲ့ ကစားရမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲနဲ့ ပြီးခဲ့တဲ့အပတ် စကော့တလန်နဲ့ ခြေစမ်းပွဲအတွက် အင်္ဂလန်လက်ရွေးစင်လူစာရင်းကို ကြေညာခဲ့တာဖြစ်ပြီး ပုံမှန်အတိုင်း အမြင်ကွဲပြားမှုတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။

အများစုဟာ ပွဲကစားချိန် မရခဲ့ကြတဲ့ ဟယ်ရီ မက်ဂွိုင်းယားနဲ့ ကယ်လ်ဗင် ဖိလစ်ပ်စ်တို့ ပါဝင်လာမှုကြောင့် သဘောမကျဖြစ်ခဲ့တာဖြစ်ပြီး ဒီကစားသမား ၂ ဦးကြောင့် ဝက်စ်ဟမ်းကြယ်ပွင့်တွေဖြစ်တဲ့ ဝါ့ဒ်-ပရောက်စ်နဲ့ ဂျားရော့ဒ် ဘိုဝင်တို့လို ယခုရာသီကို တောက်ပတဲ့ပုံစံနဲ့ စတင်နိုင်ခဲ့တဲ့ကစားသမားတွေက ပါဝင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမားဟောင်း ရီယို ဖာဒီနန်က ဆောက်ဂိတ်က ဘာကြောင့် ပုံမှန်ခြေစွမ်းမပြသနိုင်ခဲ့တဲ့ ကစားသမားတွေကို ရွေးချယ်ခဲ့တာလဲဆိုတာ မသိဘူးလို့ ဝေဖန်ခဲ့ပြီး ဂျိမ်းစ် ဝ့ါဒ်ပရောက်စ်တို့က အခြားလူငယ်ကစားသမားဖြစ်တဲ့ ကစားသမားတွေက ဘယ်လိုဖြစ်ပြီး လစ်လျူရှုခံခဲ့ရတာလဲဆိုပြီး အံ့အားသင့်ခဲ့ကြမှာဖြစ်ပြီး မက်ဂွိုင်းယားနဲ့ ဖိလစ်ပ်စ်တို့လို ကစားသမားတွေကို ဆက်သုံးနေမယ်ဆိုရင် ၎င်းသာဆိုရင် အနားယူမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ပုံမှန်မကစားရတဲ့ ကစားသမားတွေကို ရွေးချယ်တဲ့နည်းပြတွေကို ကျွန်တော် တစ်ခါမှ မကြားဖူးပါဘူး။ ကစားသမားတစ်ယောက်က ၅ ပွဲ၊ ၆ ပွဲ၊ ၁၀ ပွဲလောက် မကစားခဲ့ရရင် ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ဖိလစ်ပ်စ်နဲ့ မက်ဂွိုင်းယားတို့က ဘောလုံးကို မကန်ခဲ့ရတာပါ။ သူတို့တွေ မကစားခဲ့ရဘူး။ သွေးပူလောက်ပဲ လုပ်ခဲ့ပြီး သူတို့က အင်္ဂလန်လူစာရင်းထဲမှာ ပါဝင်ခဲ့တယ်။ အဲဒါက ကျွန်တော့်ကို အံ့အားသင့်စေပါတယ်။ ဆောက်ဂိတ်က ကျွန်တော်တို့မှာ နောက်ခံကစားသမားတွေမရှိဘူးတဲ့။ လူငယ်တစ်ယောက်လောက် သွားခေါ်လိုက်လေ။ ပိုပြီး ငယ်ရွယ်တဲ့ ဒါမှမဟုတ် အတွေ့အကြုံမရှိသေးတဲ့တစ်ယောက်လောက်ကို သုံးလိုက်ပါ။ ခင်ဗျား မက်ဂွိုင်းယား ဘာလုပ်နေခဲ့လဲဆိုတာ သိမှာပါ။ အင်္ဂလန်အတွက် ကစားပေးခဲ့တဲ့ စွမ်းဆောင်ရည်အတွက် ဆုချခံရမှုပါ”

“အသင်းတွေမှာ လက်ရှိ ကစားနေတဲ့ အကောင်းဆုံးကစားသမားတွေပဲ ဖြစ်ရမှာပါ။ မက်ဂွိုင်းယားက ဘောလုံးကို မကန်ခဲ့ရပါဘူး။ သူကပါလိုက်၊ မပါလိုက်ဖြစ်နေတာပါ။ ကယ်လ်ဗင်ကလည်း မန်စီးတီးအသင်းထဲမှာ မပါခဲ့ဘူး။ သူက မနှစ်က ဖလား ၃ လုံးရခဲ့ပြီး ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ ဘောလုံးတောင် မကန်ခဲ့ရပါဘူး။ ဒီလိုတွေက ဘောလုံးမကစားခဲ့ရဘဲ သူတို့တွေက လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက်က လုပ်ခဲ့တာတွေအတွက် အသင်းထဲမှာ ပါဝင်နေတုန်းပါပဲ။ သူတို့တွေကြောင့် တခြားလူငယ်ကွင်းလယ်ကစားသမားတွေ ဒါမှမဟုတ် ဂျိမ်းစ် ဝ့ါဒ်-ပရောက်စ်လို ကစားသမားတွေက ဝိုး ဘာတွေဖြစ်နေတာလဲ။ ဘယ်လိုဖြစ်ပြီး ငါက လက်ရွေးစင်ထဲခေါ်မယ့်ထဲမှာ မပါရတာလဲလို့ တွေးကြပါလိမ့်မယ်။ အဲဒါက အရမ်းစိတ်ပျက်စရာ ကောင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီယို ဖာဒီနန္က ဂ်ိမ္းစ္ ဝါ့ဒ္ပေရာက္စ္နဲ႔ အျခားကစားသမားေတြလိုသာ ဂါးရတ္ ေဆာက္ဂိတ္ရဲ႕ လစ္လ်ဴရႈျခင္းကို ဆက္ခံရဦးမယ္ဆိုရင္ အဂၤလန္လက္ေ႐ြးစင္အသင္းကေန အနားယူလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေဆာက္ဂိတ္က ယူကရိန္းနဲ႔ ကစားရမယ့္ ယူ႐ို ၂၀၂၄ ေျခစစ္ပြဲနဲ႔ ၿပီးခဲ့တဲ့အပတ္ စေကာ့တလန္နဲ႔ ေျခစမ္းပြဲအတြက္ အဂၤလန္လက္ေ႐ြးစင္လူစာရင္းကို ေၾကညာခဲ့တာျဖစ္ၿပီး ပုံမွန္အတိုင္း အျမင္ကြဲျပားမႈေတြ ျဖစ္ခဲ့တာျဖစ္ပါတယ္။

အမ်ားစုဟာ ပြဲကစားခ်ိန္ မရခဲ့ၾကတဲ့ ဟယ္ရီ မက္ဂြိဳင္းယားနဲ႔ ကယ္လ္ဗင္ ဖိလစ္ပ္စ္တို႔ ပါဝင္လာမႈေၾကာင့္ သေဘာမက်ျဖစ္ခဲ့တာျဖစ္ၿပီး ဒီကစားသမား ၂ ဦးေၾကာင့္ ဝက္စ္ဟမ္းၾကယ္ပြင့္ေတြျဖစ္တဲ့ ဝါ့ဒ္-ပေရာက္စ္နဲ႔ ဂ်ားေရာ့ဒ္ ဘိုဝင္တို႔လို ယခုရာသီကို ေတာက္ပတဲ့ပုံစံနဲ႔ စတင္ႏိုင္ခဲ့တဲ့ကစားသမားေတြက ပါဝင္ႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ေနာက္ခံကစားသမားေဟာင္း ရီယို ဖာဒီနန္က ေဆာက္ဂိတ္က ဘာေၾကာင့္ ပုံမွန္ေျခစြမ္းမျပသႏိုင္ခဲ့တဲ့ ကစားသမားေတြကို ေ႐ြးခ်ယ္ခဲ့တာလဲဆိုတာ မသိဘူးလို႔ ေဝဖန္ခဲ့ၿပီး ဂ်ိမ္းစ္ ဝ့ါဒ္ပေရာက္စ္တို႔က အျခားလူငယ္ကစားသမားျဖစ္တဲ့ ကစားသမားေတြက ဘယ္လိုျဖစ္ၿပီး လစ္လ်ဴရႈခံခဲ့ရတာလဲဆိုၿပီး အံ့အားသင့္ခဲ့ၾကမွာျဖစ္ၿပီး မက္ဂြိဳင္းယားနဲ႔ ဖိလစ္ပ္စ္တို႔လို ကစားသမားေတြကို ဆက္သုံးေနမယ္ဆိုရင္ ၎သာဆိုရင္ အနားယူမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ပုံမွန္မကစားရတဲ့ ကစားသမားေတြကို ေ႐ြးခ်ယ္တဲ့နည္းျပေတြကို ကြၽန္ေတာ္ တစ္ခါမွ မၾကားဖူးပါဘူး။ ကစားသမားတစ္ေယာက္က ၅ ပြဲ၊ ၆ ပြဲ၊ ၁၀ ပြဲေလာက္ မကစားခဲ့ရရင္ ကြၽန္ေတာ္ နားလည္ပါတယ္။ ဒါေပမယ့္ ဖိလစ္ပ္စ္နဲ႔ မက္ဂြိဳင္းယားတို႔က ေဘာလုံးကို မကန္ခဲ့ရတာပါ။ သူတို႔ေတြ မကစားခဲ့ရဘူး။ ေသြးပူေလာက္ပဲ လုပ္ခဲ့ၿပီး သူတို႔က အဂၤလန္လူစာရင္းထဲမွာ ပါဝင္ခဲ့တယ္။ အဲဒါက ကြၽန္ေတာ့္ကို အံ့အားသင့္ေစပါတယ္။ ေဆာက္ဂိတ္က ကြၽန္ေတာ္တို႔မွာ ေနာက္ခံကစားသမားေတြမရွိဘူးတဲ့။ လူငယ္တစ္ေယာက္ေလာက္ သြားေခၚလိုက္ေလ။ ပိုၿပီး ငယ္႐ြယ္တဲ့ ဒါမွမဟုတ္ အေတြ႕အႀကဳံမရွိေသးတဲ့တစ္ေယာက္ေလာက္ကို သုံးလိုက္ပါ။ ခင္ဗ်ား မက္ဂြိဳင္းယားဘာလုပ္ေနခဲ့လဲဆိုတာ သိမွာပါ။ အဂၤလန္အတြက္ ကစားေပးခဲ့တဲ့ စြမ္းေဆာင္ရည္အတြက္ ဆုခ်ခံရမႈပါ”

“အသင္းေတြမွာ လက္ရွိ ကစားေနတဲ့ အေကာင္းဆုံးကစားသမားေတြပဲ ျဖစ္ရမွာပါ။ မက္ဂြိဳင္းယားက ေဘာလုံးကို မကန္ခဲ့ရပါဘူး။ သူကပါလိုက္၊ မပါလိုက္ျဖစ္ေနတာပါ။ ကယ္လ္ဗင္ကလည္း မန္စီးတီးအသင္းထဲမွာ မပါခဲ့ဘူး။ သူက မႏွစ္က ဖလား ၃ လုံးရခဲ့ၿပီး ေကာင္းေကာင္း လုပ္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ သူ ေဘာလုံးေတာင္ မကန္ခဲ့ရပါဘူး။ ဒီလိုေတြက ေဘာလုံးမကစားခဲ့ရဘဲ သူတို႔ေတြက လြန္ခဲ့တဲ့ ၂ ႏွစ္၊ ၃ ႏွစ္ေလာက္က လုပ္ခဲ့တာေတြအတြက္ အသင္းထဲမွာ ပါဝင္ေနတုန္းပါပဲ။ သူတို႔ေတြေၾကာင့္ တျခားလူငယ္ကြင္းလယ္ကစားသမားေတြ ဒါမွမဟုတ္ ဂ်ိမ္းစ္ ဝ့ါဒ္-ပေရာက္စ္လို ကစားသမားေတြက ဝိုး ဘာေတြျဖစ္ေနတာလဲ။ ဘယ္လိုျဖစ္ၿပီး ငါက လက္ေ႐ြးစင္ထဲေခၚမယ့္ထဲမွာ မပါရတာလဲလို႔ ေတြးၾကပါလိမ့္မယ္။ အဲဒါက အရမ္းစိတ္ပ်က္စရာ ေကာင္းပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.