International World Cup

ကမ္ဘာ့ဖလားရလို့ ပျော်သလိုနဲ့ ဟာမိုဆိုကို ရောင်တော်ပြန် ရောကြိတ်ခဲ့တဲ့ စပိန်အက်ဖ်အေဥက္ကဌ

စပိန်အက်ဖ်အေဥက္ကဌဟာ တနင်္ဂနွေနေ့က စပိန်အမျိုးသမီးအသင်းဟာ အင်္ဂလန်ကို ၁-၀ နဲ့ အနိုင်ရရှိပြီး ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အောင်ပွဲခံရာမှာ အမျိုးသမီးအသင်းကစားသမားတစ်ဦးဖြစ်တဲ့ ဟာမိုဆိုကို ကစ်ဆင်ဆွဲခဲ့တာကြောင့် လူမှုကွန်ရက်ပေါ်မှာ ပွဲဖြစ်ခဲ့ပါတယ်။

တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်နီယေစတာရဲ့ နောက်ကျအနိုင်ဂိုးကြောင့် ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက် ၁၃ နှစ်အကြာမှာ စပိန်အမျိုးသမီးအသင်းက အင်္ဂလန်ကို ဩစတြေးလျမှာ ခက်ခက်ခဲခဲ အနိုင်ယူပြီး ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

အသင်းခေါင်းဆောင် ကာမိုနာရဲ့ ပထမပိုင်းမှာသွင်းယူခဲ့တဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကြောင့် စပိန်က အနိုင်ရရှိခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ စပိန်အက်ဖ်အေဥက္ကဌ လူးဝစ္စ ရူဘီယာလက်စ်ရဲ့ အပြုအမူက ပြောစရာဖြစ်ခဲ့တာဖြစ်ပါတယ်။

အသက် ၄၅ နှစ်အရွယ် မာယော်ကာကစားသမားဟောင်းဟာ ဆုဖလားပေးအပ်ဖို့အတွက် စင်မြင့်အပေါ်မှာ ရှိနေခဲ့တာဖြစ်ပြီး အောင်ပွဲရ ကစားသမားတွေကို ပွေ့ဖက်နှုတ်ဆက်ခဲ့ရာမှာ ကွင်းလယ်ကစားသမား ဂျန်နီ ဟာမိုဆိုရဲ့ အလှည့်ရောက်တဲ့အချိန်မှာ နှုတ်ခမ်းချင်း နမ်းခဲ့တာဖြစ်ပါတယ်။

အဲဒီလုပ်ရပ်ဟာ လူမှုကွန်ရက်ပေါ်မှာ ပွဲဆူသွားစေခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ ဟာမိုဆိုက စပိန်ရုပ်သံဌာန RTVE နဲ့ တွေ့ဆုံရာမှာ အဲဒီအပြုအမူနဲ့ပတ်သက်ပြီး သက်တောင့်သက်သာမရှိတဲ့အကြောင်းကို “အင်း။ ဟုတ်ပါတယ်။ ကျွန်မ အဲဒါကို သဘောမကျခဲ့ပါဘူး”လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စပိန္အက္ဖ္ေအဥကၠဌဟာ တနဂၤေႏြေန႔က စပိန္အမ်ိဳးသမီးအသင္းဟာ အဂၤလန္ကို ၁-၀ နဲ႔ အႏိုင္ရရွိၿပီး ကမာၻ႔ဖလားကို ဆြတ္ခူးႏိုင္ခဲ့ၿပီးေနာက္ ေအာင္ပြဲခံရာမွာ အမ်ိဳးသမီးအသင္းကစားသမားတစ္ဦးျဖစ္တဲ့ ဟာမိုဆိုကို ကစ္ဆင္ဆြဲခဲ့တာေၾကာင့္ လူမႈကြန္ရက္ေပၚမွာ ပြဲျဖစ္ခဲ့ပါတယ္။

ေတာင္အာဖရိက ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အင္နီေယစတာရဲ႕ ေနာက္က်အႏိုင္ဂိုးေၾကာင့္ ကမာၻ႔ဖလားခ်န္ပီယံျဖစ္ၿပီးေနာက္ ၁၃ ႏွစ္အၾကာမွာ စပိန္အမ်ိဳးသမီးအသင္းက အဂၤလန္ကို ဩစေၾတးလ်မွာ ခက္ခက္ခဲခဲ အႏိုင္ယူၿပီး ကမာၻ႔ဖလားကို ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။

အသင္းေခါင္းေဆာင္ ကာမိုနာရဲ႕ ပထမပိုင္းမွာသြင္းယူခဲ့တဲ့ တစ္လုံးတည္းေသာ အႏိုင္ဂိုးေၾကာင့္ စပိန္က အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ပြဲအၿပီးမွာ စပိန္အက္ဖ္ေအဥကၠဌ လူးဝစၥ ႐ူဘီယာလက္စ္ရဲ႕ အျပဳအမူက ေျပာစရာျဖစ္ခဲ့တာျဖစ္ပါတယ္။

အသက္ ၄၅ ႏွစ္အ႐ြယ္ မာေယာ္ကာကစားသမားေဟာင္းဟာ ဆုဖလားေပးအပ္ဖို႔အတြက္ စင္ျမင့္အေပၚမွာ ရွိေနခဲ့တာျဖစ္ၿပီး ေအာင္ပြဲရ ကစားသမားေတြကို ေပြ႕ဖက္ႏႈတ္ဆက္ခဲ့ရာမွာ ကြင္းလယ္ကစားသမား ဂ်န္နီ ဟာမိုဆိုရဲ႕ အလွည့္ေရာက္တဲ့အခ်ိန္မွာ ႏႈတ္ခမ္းခ်င္း နမ္းခဲ့တာျဖစ္ပါတယ္။

အဲဒီလုပ္ရပ္ဟာ လူမႈကြန္ရက္ေပၚမွာ ပြဲဆူသြားေစခဲ့တာျဖစ္ၿပီး ပြဲအၿပီးမွာ ဟာမိုဆိုက စပိန္႐ုပ္သံဌာန RTVE နဲ႔ ေတြ႕ဆုံရာမွာ အဲဒီအျပဳအမူနဲ႔ပတ္သက္ၿပီး သက္ေတာင့္သက္သာမရွိတဲ့အေၾကာင္းကို “အင္း။ ဟုတ္ပါတယ္။ ကြၽန္မ အဲဒါကို သေဘာမက်ခဲ့ပါဘူး”လို႔ ဝန္ခံခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.