Premier League

မင်းတို့ မန်ယူက ကောင်တွေကလဲလို့ စိတ်ပျက်ပျက်နဲ့ ညည်းရဖို့ ဖြစ်ရပြန်တဲ့ အန်တိုနီ

မေဆန် ဂရင်းဝုဒ်တစ်ယောက် သူ့အတူနေ ချစ်သူကို ရိုက်နှက်ပြီးမှ ပြန်ချော့နိုင်ခဲ့လို့ တရားရုံးမှာ တရားလိုနဲ့ သက်သေတွေ မရှိတော့ဘဲ ထောင်ကျရမယ့်အဖြစ်ကနေ ရှောင်လွှဲနိုင်ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လမ်းခွဲခဲ့ရအပြီးမှာ သူ့လိုပဲ ဘရာဇီးလ်စတား အန်တိုနီအနေနဲ့ ချစ်သူဟောင်းရဲ့ ရဲတိုင်ပြီး စွဲချက်တင်မှုကို ရင်ဆိုင်နေရပြန်ပြီဖြစ်ပါတယ်။

တူညီတဲ့ အချက်ကတော့ သူတို့နှစ်ဦးစလုံးဟာ မန်ယူတို့ရဲ့ ညာတောင်ပံမှာ ကစားတဲ့ ဘယ်သန်တွေ ဖြစ်ကြပြီး အသက်အရွယ်အားဖြင့်လည်း ၂၀ ကျော်သာ ရှိကြသေးသလို အန်တိုနီအနေနဲ့ လူငယ်သဘာဝ ဘာတွေ ဖြစ်ထားခဲ့ကြသလဲဆိုတာ တိတိကျကျ မပြောနိုင်ပေမယ့် ဘရာဇီးလ်နိုင်ငံမှာ အမှုဖွင့်ခံခဲ့ရပြီး ဒီတစ်ပတ် ကစားမယ့် လက်ရွေးစင်အသင်း လူစာရင်းကနေလည်း စစ်ဆေးမှုတွေကြောင့် နုတ်ထွက်ခဲ့ရတာပါ။

ဂါဘရီယယ်လာ ကာဗာလင်လို့ အမည်ရတဲ့ အသက် ၂၃ နှစ်အရွယ် ဒီဂျေနဲ့ ဆယ်လီအမျိုးသမီးဟာ ၂၀၂၂-၂၃ ရာသီအထိ အန်တိုနီနဲ့ အတူနေခဲ့သူဖြစ်ပြီး အိုင်းယက်စ်ကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ရာမှာလည်း လိုက်ပါခဲ့သလို အဲ့ဒီဒေသမှာပဲ ဆိုးဆိုးရွားရွား ထိခိုက်နာကျင်အောင် ရိုက်နှက်ခံခဲ့ရကြောင်း အမှုဖွင့် တိုင်ကြားထားတယ်လို့ ဂရိတ်တား မန်ချက်စတာရဲတပ်ဖွဲ့ကလည်း အတည်ပြုသွားခဲ့ပါတယ်။

ကာဗာလင်အနေနဲ့ အန်တိုနီဆီက ဖန်ခွက်နဲ့ အပေါက်ခံခဲ့ရလို့ လက်ချောင်းကို ကွဲအက်ပြီး အတွင်းက အရိုးပေါ်တဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ဆိုခဲ့သလို သူ့ကို ရိုက်နှက်မှုတွေက ဆီလီကွန်ရင်သားကို ရွဲ့စောင်းသွားစေခဲ့ပြီး ပြန်လည်ခွဲစိတ်ကုသရတဲ့အထိဖြစ်စေခဲ့သလို ပိုမိုဆိုးရွားတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ ခြိမ်းခြောက်အနိုင်ကျင့်မှုတွေကို ကြုံခဲ့ရကြောင်းလည်း ထုတ်ဖော်သွားခဲ့တာပါ။

အဲ့ဒါကတော့ ကိုယ်ဝန်ရှိနေတဲ့ ကာဗာလင်ကို အရှိန်နဲ့ မောင်းနေတဲ့ ကားပေါ်ကနေ တွန်းချပြီး မင်းရော မင်းကလေးပါ သတ်ပစ်မယ်လို့ အန်တိုနီက ခြိမ်းခြောက်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ နှလုံးရပ်လုမတတ် ထိတ်လန့်ကြောက်ရွံ့ခဲ့ရတယ်လို့ ပြန်ပြောင်းပြောပြခဲ့သလို ဒီနောက်ဆက်တွဲအနေနဲ့ ဗိုက်ထဲက ကလေးကိုတော့ ၁၆ ပတ်အရွယ်မှာ ပျက်ကျပြီး ဆုံးရှုံးခဲ့ရတယ်လို့လည်း ဆေးရုံမှတ်တမ်းတွေအရ သိရပါတယ်။

ဘရာဇီးလ်သတင်းဌာန UOL ရဲ့ ရေးသားမှုအရတော့ ဒီလိုအဖြစ်အပျက်တွေက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပြီး အန်တိုနီအနေနဲ့ ကာဗာလင်ကို အိမ်တွင်းကနေ ဒဏ်ရာတွေနဲ့ ထွက်မပြေးနိုင်အောင် သူ့ရဲ့ တန်ဖိုးရှိ ပစ္စည်းတွေနဲ့ ပတ်စ်ပို့ကိုလည်း လုယူသိမ်းဆည်းထားခဲ့တယ်လို့ ဆိုခဲ့ပြီး နောက်ဆုံးနှိပ်စက်ခံခဲ့ရတဲ့ မေလ ၈ ရက်နေ့ကတော့ လက်ချောင်းမှာ အရိုးကွဲခဲ့တာလို့ ဆိုပါတယ်။

ကာဗာလင်အနေနဲ့ ဇွန်လအတွင်းမှာ အန်တိုနီနဲ့ လမ်းခွဲခဲ့ပြီး ဘရာဇီးလ်နိုင်ငံ ဆော်ပေါ်လိုမြို့မှာ အမှုဖွင့်ခဲ့သလို အင်္ဂလန်နိုင်ငံက ဂရိတ်တား မန်ချက်စတာရဲတပ်ဖွဲ့ကိုလည်း တိုင်ကြားခဲ့တယ်လို့ UOL က ထုတ်ဖော်ထားခဲ့ပြီး အန်တိုနီနဲ့ သူ့ရဲ့ ကိုယ်စားလှယ်တွေဘက်ကတော့ အကြမ်းဖက်မှု တိုင်ချက်တွေနဲ့ ပတ်သက်လို့ ငြင်းဆိုထားသလို နောက်ဆုံးမှာ သူ့အနေနဲ့ အပြစ်မရှိကြောင်း ပြသနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ထုတ်ပြန်သွားခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ မြွေပူရာ ကင်းမှောင့်ဖြစ်ခဲ့ရချိန်မှာ အကယ်ဒမီထွက် တစ်ပြားမှ မပေးရတဲ့ ဂရင်းဝုဒ်လို ပေါင် ၈၅ သန်း (ယူရိုသန်း ၁၀၀)တန် အန်တိုနီကို အပြစ်ရှိကြောင်း ထင်ရှားခဲ့ရင် ပြတ်ပြတ်သားသား ကိုင်တွယ်နိုင်မှာလားဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်နေပြီး ဘောလုံးပရိသတ်တွေကတော့ မင်းတို့ကောင်တွေပဲ ဖြစ်လည်းဖြစ်တတ်တယ်လို့ မှတ်ချက်ချစရာ ဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေမဆန္ ဂရင္းဝုဒ္တစ္ေယာက္ သူ႔အတူေန ခ်စ္သူကို ႐ိုက္ႏွက္ၿပီးမွ ျပန္ေခ်ာ့ႏိုင္ခဲ့လို႔ တရား႐ုံးမွာ တရားလိုနဲ႔ သက္ေသေတြ မရွိေတာ့ဘဲ ေထာင္က်ရမယ့္အျဖစ္ကေန ေရွာင္လႊဲႏိုင္ေပမယ့္ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ လမ္းခြဲခဲ့ရအၿပီးမွာ သူ႔လိုပဲ ဘရာဇီးလ္စတား အန္တိုနီအေနနဲ႔ ခ်စ္သူေဟာင္းရဲ႕ ရဲတိုင္ၿပီး စြဲခ်က္တင္မႈကို ရင္ဆိုင္ေနရျပန္ၿပီျဖစ္ပါတယ္။

တူညီတဲ့ အခ်က္ကေတာ့ သူတို႔ႏွစ္ဦးစလုံးဟာ မန္ယူတို႔ရဲ႕ ညာေတာင္ပံမွာ ကစားတဲ့ ဘယ္သန္ေတြ ျဖစ္ၾကၿပီး အသက္အ႐ြယ္အားျဖင့္လည္း ၂၀ ေက်ာ္သာ ရွိၾကေသးသလို အန္တိုနီအေနနဲ႔ လူငယ္သဘာဝ ဘာေတြ ျဖစ္ထားခဲ့ၾကသလဲဆိုတာ တိတိက်က် မေျပာႏိုင္ေပမယ့္ ဘရာဇီးလ္ႏိုင္ငံမွာ အမႈဖြင့္ခံခဲ့ရၿပီး ဒီတစ္ပတ္ ကစားမယ့္ လက္ေ႐ြးစင္အသင္း လူစာရင္းကေနလည္း စစ္ေဆးမႈေတြေၾကာင့္ ႏုတ္ထြက္ခဲ့ရတာပါ။

ဂါဘရီယယ္လာ ကာဗာလင္လို႔ အမည္ရတဲ့ အသက္ ၂၃ ႏွစ္အ႐ြယ္ ဒီေဂ်နဲ႔ ဆယ္လီအမ်ိဳးသမီးဟာ ၂၀၂၂-၂၃ ရာသီအထိ အန္တိုနီနဲ႔ အတူေနခဲ့သူျဖစ္ၿပီး အိုင္းယက္စ္ကေန မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ရာမွာလည္း လိုက္ပါခဲ့သလို အဲ့ဒီေဒသမွာပဲ ဆိုးဆိုး႐ြား႐ြား ထိခိုက္နာက်င္ေအာင္ ႐ိုက္ႏွက္ခံခဲ့ရေၾကာင္း အမႈဖြင့္ တိုင္ၾကားထားတယ္လို႔ ဂရိတ္တား မန္ခ်က္စတာရဲတပ္ဖြဲ႕ကလည္း အတည္ျပဳသြားခဲ့ပါတယ္။

ကာဗာလင္အေနနဲ႔ အန္တိုနီဆီက ဖန္ခြက္နဲ႔ အေပါက္ခံခဲ့ရလို႔ လက္ေခ်ာင္းကို ကြဲအက္ၿပီး အတြင္းက အ႐ိုးေပၚတဲ့အထိ ျဖစ္ခဲ့ရတယ္လို႔ ဆိုခဲ့သလို သူ႔ကို ႐ိုက္ႏွက္မႈေတြက ဆီလီကြန္ရင္သားကို ႐ြဲ႕ေစာင္းသြားေစခဲ့ၿပီး ျပန္လည္ခြဲစိတ္ကုသရတဲ့အထိျဖစ္ေစခဲ့သလို ပိုမိုဆိုး႐ြားတဲ့ အိမ္တြင္းအၾကမ္းဖက္မႈေတြနဲ႔ ၿခိမ္းေျခာက္အႏိုင္က်င့္မႈေတြကို ႀကဳံခဲ့ရေၾကာင္းလည္း ထုတ္ေဖာ္သြားခဲ့တာပါ။

အဲ့ဒါကေတာ့ ကိုယ္ဝန္ရွိေနတဲ့ ကာဗာလင္ကို အရွိန္နဲ႔ ေမာင္းေနတဲ့ ကားေပၚကေန တြန္းခ်ၿပီး မင္းေရာ မင္းကေလးပါ သတ္ပစ္မယ္လို႔ အန္တိုနီက ၿခိမ္းေျခာက္ခဲ့တာျဖစ္ၿပီး သူ႔အေနနဲ႔ ႏွလုံးရပ္လုမတတ္ ထိတ္လန႔္ေၾကာက္႐ြံ႕ခဲ့ရတယ္လို႔ ျပန္ေျပာင္းေျပာျပခဲ့သလို ဒီေနာက္ဆက္တြဲအေနနဲ႔ ဗိုက္ထဲက ကေလးကိုေတာ့ ၁၆ ပတ္အ႐ြယ္မွာ ပ်က္က်ၿပီး ဆုံးရႈံးခဲ့ရတယ္လို႔လည္း ေဆး႐ုံမွတ္တမ္းေတြအရ သိရပါတယ္။

ဘရာဇီးလ္သတင္းဌာန UOL ရဲ႕ ေရးသားမႈအရေတာ့ ဒီလိုအျဖစ္အပ်က္ေတြက ၿပီးခဲ့တဲ့ ၂၀၂၃ ခုႏွစ္၊ ဇန္နဝါရီ ၁၅ ရက္ေန႔မွာ ျဖစ္ပြားခဲ့တယ္လို႔ သိရၿပီး အန္တိုနီအေနနဲ႔ ကာဗာလင္ကို အိမ္တြင္းကေန ဒဏ္ရာေတြနဲ႔ ထြက္မေျပးႏိုင္ေအာင္ သူ႔ရဲ႕ တန္ဖိုးရွိ ပစၥည္းေတြနဲ႔ ပတ္စ္ပို႔ကိုလည္း လုယူသိမ္းဆည္းထားခဲ့တယ္လို႔ ဆိုခဲ့ၿပီး ေနာက္ဆုံးႏွိပ္စက္ခံခဲ့ရတဲ့ ေမလ ၈ ရက္ေန႔ကေတာ့ လက္ေခ်ာင္းမွာ အ႐ိုးကြဲခဲ့တာလို႔ ဆိုပါတယ္။

ကာဗာလင္အေနနဲ႔ ဇြန္လအတြင္းမွာ အန္တိုနီနဲ႔ လမ္းခြဲခဲ့ၿပီး ဘရာဇီးလ္ႏိုင္ငံ ေဆာ္ေပၚလိုၿမိဳ႕မွာ အမႈဖြင့္ခဲ့သလို အဂၤလန္ႏိုင္ငံက ဂရိတ္တား မန္ခ်က္စတာရဲတပ္ဖြဲ႕ကိုလည္း တိုင္ၾကားခဲ့တယ္လို႔ UOL က ထုတ္ေဖာ္ထားခဲ့ၿပီး အန္တိုနီနဲ႔ သူ႔ရဲ႕ ကိုယ္စားလွယ္ေတြဘက္ကေတာ့ အၾကမ္းဖက္မႈ တိုင္ခ်က္ေတြနဲ႔ ပတ္သက္လို႔ ျငင္းဆိုထားသလို ေနာက္ဆုံးမွာ သူ႔အေနနဲ႔ အျပစ္မရွိေၾကာင္း ျပသႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း ထုတ္ျပန္သြားခဲ့တာပါ။

မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ေႁမြပူရာ ကင္းေမွာင့္ျဖစ္ခဲ့ရခ်ိန္မွာ အကယ္ဒမီထြက္ တစ္ျပားမွ မေပးရတဲ့ ဂရင္းဝုဒ္လို ေပါင္ ၈၅ သန္း (ယူ႐ိုသန္း ၁၀၀)တန္ အန္တိုနီကို အျပစ္ရွိေၾကာင္း ထင္ရွားခဲ့ရင္ ျပတ္ျပတ္သားသား ကိုင္တြယ္ႏိုင္မွာလားဆိုတာကေတာ့ ေမးခြန္းထုတ္စရာျဖစ္ေနၿပီး ေဘာလုံးပရိသတ္ေတြကေတာ့ မင္းတို႔ေကာင္ေတြပဲ ျဖစ္လည္းျဖစ္တတ္တယ္လို႔ မွတ္ခ်က္ခ်စရာ ျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.