Premier League

ဖိုက်တာကြီး ရွိုင် ကီးန်ကို ဝင်သမခဲ့တဲ့ အာဆင်နယ်ပရိသတ်တစ်ဦး

ရွိုင် ကီးန်ဟာ တနင်္ဂနွေနေ့ညနေက အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း ပရိသတ်တစ်ဦးရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး Sky Sports ဘောလုံးဝေဖန်သုံးသပ်သူ လုပ်ဖော်ကိုင်ဘက် မီကာ ရစ်ချ်က ဝင်ဆွဲခဲ့ရပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်ထဲမှာ မီကာ ရစ်ချက်ဟာ အမ်းမရိတ်စ်မှာ လူတစ်ယောက်နဲ့ ထိပ်တိုက်ရင်ဆိုင်နေပြီး ရွိုင် ကီးန်က ၎င်းရဲ့အနောက်မှာ ရပ်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ အဲဒီဗီဒီယိုဖိုင်ဟာ ရုပ်ပိုင်းဆိုင်ရာ ထိပ်တိုက်တွေ့ဆုံမှုအပြီး နောက်ဆက်တွဲဖြစ်စဉ်လို့ သိရပြီး ရွိုင် ကီးန်ကို အမ်းမရိတ်စ်ကွင်း အနောက်ဘက်တန်းပွဲကြည့်စင်က ပရိသတ်တစ်ဦးက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ရွိုင် ကီးန်ရဲ့ မေးစေ့နဲ့ ရင်ဘတ်တို့ကို အာဆင်နယ်ပရိသတ်လို့ ယူဆရတဲ့ ပရိသတ်က ဦးခေါင်းနဲ့ ပစ်ဆောင့်ခဲ့ပြီး ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တာမျိုးမရှိခဲ့ဘဲ မီကာ ရစ်ချက်က အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ Sky Sports အတည်ပြုခဲ့ပါတယ်။

ဒေးလီးမေးလ်က ပြန်လည်ဖော်ပြခဲ့တဲ့ ထုတ်ပြန် ကြေညာချက်ထဲမှာ “ရဲတပ်ဖွဲ့ဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်ထဲက လူတစ်ယောက်ရဲ့ တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ကျွန်တော်တို့ နားလည်ထားပါတယ်။ ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ခဲ့တဲ့ပုံစံအရ မီကာ ရစ်ချက်ဟာ အခြေအနေကို တည်ငြိမ်အောင် လုပ်ဆောင်နေခဲ့တာကို တွေ့ရပါတယ်”လို့ ရေးသားထားတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ႐ြိဳင္ ကီးန္ဟာ တနဂၤေႏြေန႔ညေနက အာဆင္နယ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္အတြင္း ပရိသတ္တစ္ဦးရဲ႕ တိုက္ခိုက္ျခင္းကို ခံခဲ့ရၿပီး Sky Sports ေဘာလုံးေဝဖန္သုံးသပ္သူ လုပ္ေဖာ္ကိုင္ဘက္ မီကာ ရစ္ခ်္က ဝင္ဆြဲခဲ့ရပါတယ္။

လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔လာတဲ့ ဗီဒီယိုဖိုင္ထဲမွာ မီကာ ရစ္ခ်က္ဟာ အမ္းမရိတ္စ္မွာ လူတစ္ေယာက္နဲ႔ ထိပ္တိုက္ရင္ဆိုင္ေနၿပီး ႐ြိဳင္ ကီးန္က ၎ရဲ႕အေနာက္မွာ ရပ္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ အဲဒီဗီဒီယိုဖိုင္ဟာ ႐ုပ္ပိုင္းဆိုင္ရာ ထိပ္တိုက္ေတြ႕ဆုံမႈအၿပီး ေနာက္ဆက္တြဲျဖစ္စဥ္လို႔ သိရၿပီး ႐ြိဳင္ ကီးန္ကို အမ္းမရိတ္စ္ကြင္း အေနာက္ဘက္တန္းပြဲၾကည့္စင္က ပရိသတ္တစ္ဦးက တိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။

႐ြိဳင္ ကီးန္ရဲ႕ ေမးေစ့နဲ႔ ရင္ဘတ္တို႔ကို အာဆင္နယ္ပရိသတ္လို႔ ယူဆရတဲ့ ပရိသတ္က ဦးေခါင္းနဲ႔ ပစ္ေဆာင့္ခဲ့ၿပီး ျပင္းထန္တဲ့ ထိခိုက္ဒဏ္ရာရရွိခဲ့တာမ်ိဳးမရွိခဲ့ဘဲ မီကာ ရစ္ခ်က္က အေျခအေနကို ထိန္းသိမ္းဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္တယ္လို႔ Sky Sports အတည္ျပဳခဲ့ပါတယ္။

ေဒးလီးေမးလ္က ျပန္လည္ေဖာ္ျပခဲ့တဲ့ ထုတ္ျပန္ ေၾကညာခ်က္ထဲမွာ “ရဲတပ္ဖြဲ႕ဟာ လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔လာတဲ့ ဗီဒီယိုဖိုင္ထဲက လူတစ္ေယာက္ရဲ႕ တိုက္ခိုက္မႈကို စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနတယ္လို႔ ကြၽန္ေတာ္တို႔ နားလည္ထားပါတယ္။ ဗီဒီယိုဖိုင္ထဲမွာ ျမင္ေတြ႕ခဲ့တဲ့ပုံစံအရ မီကာ ရစ္ခ်က္ဟာ အေျခအေနကို တည္ၿငိမ္ေအာင္ လုပ္ေဆာင္ေနခဲ့တာကို ေတြ႕ရပါတယ္”လို႔ ေရးသားထားတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.