Match Report Premier League

ကိုင်စီဒိုရဲ့ အမှားကြောင့် အိမ်ကွင်းမှာ ဖောရက်စ်ကို ရှုံးပွဲတွေ့ခဲ့ပြန်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရောဘတ် ဆန်ချက်ဇ်၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ ဒီဆာဆီနဲ့ ကောလ်ဝီလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂူစတို၊ ချေးလ်ဝဲလ်၊ ကိုင်စီဒို၊ အန်ဇို ဖာနန်ဒက်ဇ်နဲ့ ဂါလာဂါတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ စတာလင်နဲ့ ဂျက်ဆန်တို့ကိုပဲ အပြောင်းအလဲမရှိ ပွဲထုတ်လာခဲ့ပါတယ်။

ဧည့်သည် နော့တင်ဟမ်ဖောရက်စ်တို့ကတော့ ဂိုးသမား မတ်တာနာ၊ ခံစစ်မှာ ဘိုလီ၊ မက်ကင်နာ၊ ဝေါရဲလ်၊ အူရီယေးနဲ့ အိုင်နာတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ယိတ်စ်၊ မန်ဂါလာ၊ ဒါနီလိုနဲ့ ဂစ်ဘ်စ်-ဝှိုက်တို့ကို တွဲဖက်ပေးခဲ့ပြီး တိုက်စစ်မှာတော့ အဝိုနီယီတစ်ယောက်တည်းကို တင်ကစားလာခဲ့တာပါ။

ပိုချက်တီနိုရဲ့ ၃-၅-၂ က ဆွဲဆောင်မှု မရှိခဲ့သလို ထုံးစံအတိုင်းပဲ ကွင်းလယ်က ဖန်တီးမှုတွေ အားနည်းခဲ့လို့ တောင်ပံက Wing Back နှစ်ဦးဖြစ်တဲ့ ဂူစတိုနဲ့ ချေးလ်ဝဲလ်တို့ကိုပဲ မှီခိုခဲ့ရသလို စတာလင်က ပုံမှန်အတိုင်း သွက်သွက်လက်လက် ထိုးဖောက်နေခဲ့ပေမယ့် ဂျက်ဆန်ကတော့ နေရာကျယ်ကျယ် မရချိန်မှာ အလုပ်မလုပ်တတ်တာကိုလည်း တွေ့ခဲ့ရပါတယ်။

ချဲလ်ဆီးတို့ ဘောလုံးကိုင်ကစားခဲ့ပေမယ့် Final Third မှာ အပျက်များခဲ့ပြီး မှန်းကန်ရမ်းကန်ပဲ များခဲ့ချိန်မှာ ကောင်တာတွေနဲ့ ထိုးဖောက်ခဲ့တဲ့ ဖောရက်စ်တို့ရဲ့ တုံ့ပြန်မှုတွေကို ခက်ခက်ခဲခဲ ထိန်းသိမ်းခဲ့ရပြီး ပထမပိုင်းမှာ သုံးဝါအထိ အပြခံခဲ့ရသလို သီယာဂို ဆေးလ်ဗားကလည်း အဝိုနီယီကို ကူမယ့်သူ မရှိဘဲ တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရတာပါ။

ပိုချက်တီနိုရဲ့ ကစားကွက်ကတော့ အသင်းရဲ့ Chief Creator လိုဖြစ်နေတဲ့ အန်ဇို ဖာနန်ဒက်ဇ်ကိုလည်း ဝန်ပိစေခဲ့ပြီး ပထမပိုင်းမှာတော့ ဂိုးမရှိသရေဖြစ်နေခဲ့ကြသလို ဒုတိယပိုင်းအစမှာတော့ ဖောရက်စ်တို့ဘက်က တိုက်စစ်ပိုလိုက်ပါနိုင်မယ့် အီလန်ဂါကို ဒဏ်ရာအနည်းငယ် ရှိနေတဲ့ ဒါနီလိုအစား ထည့်သွင်းခဲ့ပေမယ့် ချဲလ်ဆီးတို့ဘက်ကတော့ ဘာမှမလုပ်နိုင်တဲ့အပေါ်မှာ အပြောင်းအလဲမရှိဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၄၈ မိနစ်မှာတော့ ဖောရက်စ်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကိုင်စီဒိုရဲ့ အမှားကနေ ပျက်လာတဲ့ ဘောလုံးကို ရရှိသွားခဲ့တဲ့ အဝိုနီယီက သီယာဂို ဆေးလ်ဗားရဲ့ ပေါင်ကြားထဲကနေ ဧရိယာထဲကို ခင်းပေးခဲ့ရာမှာ လူစားဝင်တောင်ပံသမား အီလန်ဂါက ဒီဆာဆီနဲ့ ကောလ်ဝီလ်တို့ ကြားကနေ ပြေးဝင်ပြီး ဂိုးသမား ဆန်ချက်ဇ်နဲ့အတွေ့မှာ ညာဘက်ထောင့်ထဲကို အနိမ့်ဘော ကန်သွင်းယူသွားနိုင်ခဲ့တာပါ။

ဒီနေ့မှာ ချဲလ်ဆီးအသင်းအနေနဲ့ နေရာယူပုံတွေက တစ်ဦးနဲ့တစ်ဦး ကပ်လွန်းစိပ်လွန်းနေတာကို တွေ့ခဲ့ရပြီး ကိုင်စီဒိုရဲ့ အမှားကတော့ ဘေးက ဂါလာဂါများ ဝင်လုဦးမလားဆိုတဲ့ ဇဝေဇဝါဖြစ်မှုကို မြင်ခဲ့ရစေသလို ပိုချက်တီနိုရဲ့ ကွင်းလယ်ကစားသမားသုံးဦးကို ဘယ်လို Function တွေ ပေးထားလို့ ဘာတွေလုပ်ကြမှာလဲဆိုတာကိုပါ မေးခွန်းထုတ်စရာဖြစ်ခဲ့ရပါတယ်။

ဂိုးပေးခဲ့ရအပြီးမှာ ချေးလ်ဝဲလ်နဲ့ ဂါလာဂါအစား မာဒူးကီနဲ့ ပါးလ်မားကို ထည့်ပြီး ၄-၃-၃ ပြောင်းကစားခဲ့ပေမယ့် လုပ်သလိုမဖြစ်လို့ ဖြစ်သလို လုပ်ရတဲ့ ကစားကွက်သာဖြစ်နေခဲ့သလို ကိုယ့်ရဲ့ မူပိုင်အသားကျပုံစံမျိုးလည်း မဟုတ်ခဲ့တာကြောင့် ချဲလ်ဆီးတို့ ဘာမှ မလုပ်နိုင်ခဲ့သလို ကိုင်စီဒိုနဲ့ ဂူစတိုအစား မတ်ဆန်နဲ့ မူဒရစ်ခ်တို့ကိုပါ ထပ်ထည့်ခဲ့ပေမယ့် ၂၁ ကြိမ် ကန်ခွင့်မှာ ၂ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့လို့ ဖောရက်စ်ရဲ့ ခံစစ်ကိုတော့ သိပ်ပြီး ဒုက္ခမပေးနိုင်ခဲ့တာပါ။

တိုက်စစ်မှူး ဂျက်ဆန်ကတော့ အလျင်အမြန် ထိန်းသိမ်းအဆုံးသတ်ရမယ့် အလုံးမျိုးတွေမှာ မလုပ်တတ်မကိုင်တတ်ဖြစ်နေခဲ့သလို ပါးလ်မားနဲ့ စတာလင်တို့ရဲ့ မန်စီးတီးနားလည်မှုတွဲလုံးကနေ ဂိုးရှေ့ကို ချိုးပေးတဲ့ ဘောလုံးကိုလည်း ခြေဦးနဲ့ လှမ်းထောက်တာ ဘားပေါ်ကျော်သွားခဲ့တာကြောင့် ချဲလ်ဆီးပရိသတ်တွေ စိတ်ပျက်ခဲ့ရသလို အီလန်ဂါကြောင့် နာကျင်အချိန်ပိုမှာ ဂိုးထပ်ပေးရမလိုဖြစ်ခဲ့တာကလည်း စိတ်ဓာတ်ကျစရာဖြစ်ခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ ကိုင်စီဒိုရဲ့ ရောင်းချမှုကနေ နော့တင်ဟမ်ဖောရက်စ်တို့ ကျေးဇူးတင်စရာ သုံးမှတ်ကို တစ်ဂိုး-ဂိုးမရှိနဲ့ စတမ်းဖို့ဘရစ်ချ်မှာ ရယူသွားနိုင်ခဲ့ကြချိန်မှာ ချဲလ်ဆီးတို့ကတော့ လက်ရှိကွင်းလယ်၊ လက်ရှိတိုက်စစ်နဲ့ မဖြစ်ညစ်ကျယ် ပုံစံပဲဖြစ်နေခဲ့ပြီး ပိုချက်တီနိုတစ်ယောက် ဒါတွေကို အချိန်မီ မပြင်ဆင်နိုင်ရင်တော့ ဘိုလီတို့အဖွဲ့တွေ ဇာတ်နာသထက် နာနိုင်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေရာဘတ္ ဆန္ခ်က္ဇ္၊ ခံစစ္မွာ သီယာဂို ေဆးလ္ဗား၊ ဒီဆာဆီနဲ႔ ေကာလ္ဝီလ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂူစတို၊ ေခ်းလ္ဝဲလ္၊ ကိုင္စီဒို၊ အန္ဇို ဖာနန္ဒက္ဇ္နဲ႔ ဂါလာဂါတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ စတာလင္နဲ႔ ဂ်က္ဆန္တို႔ကိုပဲ အေျပာင္းအလဲမရွိ ပြဲထုတ္လာခဲ့ပါတယ္။

ဧည့္သည္ ေနာ့တင္ဟမ္ေဖာရက္စ္တို႔ကေတာ့ ဂိုးသမား မတ္တာနာ၊ ခံစစ္မွာ ဘိုလီ၊ မက္ကင္နာ၊ ေဝါရဲလ္၊ အူရီေယးနဲ႔ အိုင္နာတို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ ယိတ္စ္၊ မန္ဂါလာ၊ ဒါနီလိုနဲ႔ ဂစ္ဘ္စ္-ဝႈိက္တို႔ကို တြဲဖက္ေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ အဝိုနီယီတစ္ေယာက္တည္းကို တင္ကစားလာခဲ့တာပါ။

ပိုခ်က္တီႏိုရဲ႕ ၃-၅-၂ က ဆြဲေဆာင္မႈ မရွိခဲ့သလို ထုံးစံအတိုင္းပဲ ကြင္းလယ္က ဖန္တီးမႈေတြ အားနည္းခဲ့လို႔ ေတာင္ပံက Wing Back ႏွစ္ဦးျဖစ္တဲ့ ဂူစတိုနဲ႔ ေခ်းလ္ဝဲလ္တို႔ကိုပဲ မွီခိုခဲ့ရသလို စတာလင္က ပုံမွန္အတိုင္း သြက္သြက္လက္လက္ ထိုးေဖာက္ေနခဲ့ေပမယ့္ ဂ်က္ဆန္ကေတာ့ ေနရာက်ယ္က်ယ္ မရခ်ိန္မွာ အလုပ္မလုပ္တတ္တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ခ်ဲလ္ဆီးတို႔ ေဘာလုံးကိုင္ကစားခဲ့ေပမယ့္ Final Third မွာ အပ်က္မ်ားခဲ့ၿပီး မွန္းကန္ရမ္းကန္ပဲ မ်ားခဲ့ခ်ိန္မွာ ေကာင္တာေတြနဲ႔ ထိုးေဖာက္ခဲ့တဲ့ ေဖာရက္စ္တို႔ရဲ႕ တုံ႔ျပန္မႈေတြကို ခက္ခက္ခဲခဲ ထိန္းသိမ္းခဲ့ရၿပီး ပထမပိုင္းမွာ သုံးဝါအထိ အျပခံခဲ့ရသလို သီယာဂို ေဆးလ္ဗားကလည္း အဝိုနီယီကို ကူမယ့္သူ မရွိဘဲ တစ္ေယာက္တည္း ရင္ဆိုင္ခဲ့ရတာပါ။

ပိုခ်က္တီႏိုရဲ႕ ကစားကြက္ကေတာ့ အသင္းရဲ႕ Chief Creator လိုျဖစ္ေနတဲ့ အန္ဇို ဖာနန္ဒက္ဇ္ကိုလည္း ဝန္ပိေစခဲ့ၿပီး ပထမပိုင္းမွာေတာ့ ဂိုးမရွိသေရျဖစ္ေနခဲ့ၾကသလို ဒုတိယပိုင္းအစမွာေတာ့ ေဖာရက္စ္တို႔ဘက္က တိုက္စစ္ပိုလိုက္ပါႏိုင္မယ့္ အီလန္ဂါကို ဒဏ္ရာအနည္းငယ္ ရွိေနတဲ့ ဒါနီလိုအစား ထည့္သြင္းခဲ့ေပမယ့္ ခ်ဲလ္ဆီးတို႔ဘက္ကေတာ့ ဘာမွမလုပ္ႏိုင္တဲ့အေပၚမွာ အေျပာင္းအလဲမရွိဘဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၄၈ မိနစ္မွာေတာ့ ေဖာရက္စ္တို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကိုင္စီဒိုရဲ႕ အမွားကေန ပ်က္လာတဲ့ ေဘာလုံးကို ရရွိသြားခဲ့တဲ့ အဝိုနီယီက သီယာဂို ေဆးလ္ဗားရဲ႕ ေပါင္ၾကားထဲကေန ဧရိယာထဲကို ခင္းေပးခဲ့ရာမွာ လူစားဝင္ေတာင္ပံသမား အီလန္ဂါက ဒီဆာဆီနဲ႔ ေကာလ္ဝီလ္တို႔ ၾကားကေန ေျပးဝင္ၿပီး ဂိုးသမား ဆန္ခ်က္ဇ္နဲ႔အေတြ႕မွာ ညာဘက္ေထာင့္ထဲကို အနိမ့္ေဘာ ကန္သြင္းယူသြားႏိုင္ခဲ့တာပါ။

ဒီေန႔မွာ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေနရာယူပုံေတြက တစ္ဦးနဲ႔တစ္ဦး ကပ္လြန္းစိပ္လြန္းေနတာကို ေတြ႕ခဲ့ရၿပီး ကိုင္စီဒိုရဲ႕ အမွားကေတာ့ ေဘးက ဂါလာဂါမ်ား ဝင္လုဦးမလားဆိုတဲ့ ဇေဝဇဝါျဖစ္မႈကို ျမင္ခဲ့ရေစသလို ပိုခ်က္တီႏိုရဲ႕ ကြင္းလယ္ကစားသမားသုံးဦးကို ဘယ္လို Function ေတြ ေပးထားလို႔ ဘာေတြလုပ္ၾကမွာလဲဆိုတာကိုပါ ေမးခြန္းထုတ္စရာျဖစ္ခဲ့ရပါတယ္။

ဂိုးေပးခဲ့ရအၿပီးမွာ ေခ်းလ္ဝဲလ္နဲ႔ ဂါလာဂါအစား မာဒူးကီနဲ႔ ပါးလ္မားကို ထည့္ၿပီး ၄-၃-၃ ေျပာင္းကစားခဲ့ေပမယ့္ လုပ္သလိုမျဖစ္လို႔ ျဖစ္သလို လုပ္ရတဲ့ ကစားကြက္သာျဖစ္ေနခဲ့သလို ကိုယ့္ရဲ႕ မူပိုင္အသားက်ပုံစံမ်ိဳးလည္း မဟုတ္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးတို႔ ဘာမွ မလုပ္ႏိုင္ခဲ့သလို ကိုင္စီဒိုနဲ႔ ဂူစတိုအစား မတ္ဆန္နဲ႔ မူဒရစ္ခ္တို႔ကိုပါ ထပ္ထည့္ခဲ့ေပမယ့္ ၂၁ ႀကိမ္ ကန္ခြင့္မွာ ၂ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့လို႔ ေဖာရက္စ္ရဲ႕ ခံစစ္ကိုေတာ့ သိပ္ၿပီး ဒုကၡမေပးႏိုင္ခဲ့တာပါ။

တိုက္စစ္မႉး ဂ်က္ဆန္ကေတာ့ အလ်င္အျမန္ ထိန္းသိမ္းအဆုံးသတ္ရမယ့္ အလုံးမ်ိဳးေတြမွာ မလုပ္တတ္မကိုင္တတ္ျဖစ္ေနခဲ့သလို ပါးလ္မားနဲ႔ စတာလင္တို႔ရဲ႕ မန္စီးတီးနားလည္မႈတြဲလုံးကေန ဂိုးေရွ႕ကို ခ်ိဳးေပးတဲ့ ေဘာလုံးကိုလည္း ေျခဦးနဲ႔ လွမ္းေထာက္တာ ဘားေပၚေက်ာ္သြားခဲ့တာေၾကာင့္ ခ်ဲလ္ဆီးပရိသတ္ေတြ စိတ္ပ်က္ခဲ့ရသလို အီလန္ဂါေၾကာင့္ နာက်င္အခ်ိန္ပိုမွာ ဂိုးထပ္ေပးရမလိုျဖစ္ခဲ့တာကလည္း စိတ္ဓာတ္က်စရာျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ကိုင္စီဒိုရဲ႕ ေရာင္းခ်မႈကေန ေနာ့တင္ဟမ္ေဖာရက္စ္တို႔ ေက်းဇူးတင္စရာ သုံးမွတ္ကို တစ္ဂိုး-ဂိုးမရွိနဲ႔ စတမ္းဖို႔ဘရစ္ခ်္မွာ ရယူသြားႏိုင္ခဲ့ၾကခ်ိန္မွာ ခ်ဲလ္ဆီးတို႔ကေတာ့ လက္ရွိကြင္းလယ္၊ လက္ရွိတိုက္စစ္နဲ႔ မျဖစ္ညစ္က်ယ္ ပုံစံပဲျဖစ္ေနခဲ့ၿပီး ပိုခ်က္တီႏိုတစ္ေယာက္ ဒါေတြကို အခ်ိန္မီ မျပင္ဆင္ႏိုင္ရင္ေတာ့ ဘိုလီတို႔အဖြဲ႕ေတြ ဇာတ္နာသထက္ နာႏိုင္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.