ဘရိုက်တန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဗာဘရူဂင်၊ ခံစစ်မှာ ဗန်ဟက်ကာ၊ လူးဝစ္စ ဒန့်ခ်၊ ဗဲ့လ်မန်းနဲ့ အက်စ်တူပီညန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂရော့စ်၊ ဂီးလ်မိုး၊ ဆော်လီ မာ့ချ်နဲ့ မီတိုမာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂျာအို ပက်ဒရိုနဲ့ ဖာဂူဆန်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ဧည့်သည် နယူးကာဆယ်လ်တို့ကတော့ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ ရှား၊ ဒန်ဘန်း၊ ထရစ်ပီယာနဲ့ တားဂက်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ တိုနာလီနဲ့ ဂျိုလင်တန်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ အယ်လ်မီရွန်၊ ဂေါ်ဒန်နဲ့ အီဆက်ခ်တို့ကိုပဲ တွဲဖက်ပေးခဲ့တာပါ။
ကွင်းလယ်အဖျက်စစ်စစ်ကို အသုံးမပြုခဲ့တဲ့ အသင်းနှစ်သင်း တွေ့ဆုံမှုမှာ ကစားကွက်ပိုကောင်းတဲ့ အိမ်ရှင် ဘရိုက်တန်တို့ကတော့ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ကစားသမားကောင်းတွေ ရှိပေမယ့် ကွင်းလယ်မှာ ရပ်ကွက်အဆင့်ဗျူဟာကို သုံးနေတဲ့ နယူးကာဆယ်လ်တို့ကတော့ ဒီရာသီ စကတည်းက ရုန်းကန်ခဲ့ရပြီး ဒီနေ့ပွဲမှာလည်း ဒီလိုပဲဖြစ်နေခဲ့ပါတယ်။
ဘရိုက်တန်တို့ကလည်း ပွဲစစချင်းမှာ အာရုံများနေတဲ့ အသင်းကပ္ပတိန် ဒန့်ခ်ကြောင့် ရုန်းကန်ခဲ့ရပြီး တွဲဖက် ဗန်ဟက်ကာ ကောင်းခဲ့လို့သာ အီဆက်ခ်ရဲ့ ထိုးဖောက်မှုကို တားဆီးနိုင်ခဲ့တာဖြစ်သလို ကွင်းလယ်က ဂီးလ်မိုးကတော့ အရင်နှစ်တွေက မြင်ခဲ့ရတဲ့ ပိန်ညှောင်ညှောင် ချာတိတ်လေးလို မဟုတ်တော့ဘဲ ခပ်မာမာ ပုံစံနဲ့ ဘောလုံးပေးပို့မှုတွေကလည်း ဆရာကျခဲ့တာပါ။
ပွဲချိန် ၂၇ မိနစ်မှာတော့ ဘရိုက်တန်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး နယူးကာဆယ်လ်ခံစစ်အမှားကနေ မီတိုမာရဲ့ ကန်ချက်က ပြန်ထွက်လာတာကို ဧရိယာအပြင်ကနေ လှမ်းကျုံးခဲ့တဲ့ ဂီးလ်မိုးရဲ့ ကန်ချက်ကို ဂိုးသမား နစ်ခ် ပုပ် မဖမ်းနိုင်ဘဲ ရင်ဘတ်နဲ့ပဲ ကာကွယ်ခဲ့ရာမှာ ပြန်ကျလာတဲ့ ဘောလုံးကို လူမကျွံဘဲ စောင့်နေနိုင်ခဲ့တဲ့ ဖာဂူဆန်က အနီးကပ် ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ဂိုးပေးအပြီးမှာ နယူးကာဆယ်လ်တို့ ထိုးဖောက်ခဲ့ပေမယ့် ဂျိုလင်တန် ကန်ချက်က တိုင်ဘေးထွက်သွားခဲ့သလို ဘရိုက်တန်တို့ဘက်ကတော့ မီတိုမာ ဖန်တီးပေးပေမယ့် ဂျာအို ပက်ဒရို ဖြုန်းတီးနေခဲ့လို့ ပထမပိုင်းမှာတော့ အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံး အပြောင်းအလဲလုပ်ဖို့ တော်တော်လေး ကြန့်ကြာခဲ့ကြတာပါ။
ပွဲချိန် ၅၈ မိနစ်မှာ နယူးကာဆယ်လ်တို့ဘက်က ဂျိုလင်တန်၊ တိုနာလီနဲ့ အယ်လ်မီရွန်တို့အစား ဝီလ်ဆန်၊ အန်ဒါဆန်နဲ့ လောင်းစတပ်ဖ်တို့ကို ထည့်သွင်းပြီး ၄-၄-၂ ပြောင်းကစားခဲ့ပေမယ့် တောင်ပံတွေက အလုပ်မဖြစ်ခဲ့သလို ဘရိုက်တန်ကစားကွက်ကို မကျော်နိုင်ခဲ့လို့ နည်းပြ အက်ဒီဟောင်း ဒါပဲ တတ်တာလားလို့ မေးစရာဖြစ်ခဲ့ရပါတယ်။
ပွဲချိန် ၆၁ မိနစ်မှာတော့ ဘရိုက်တန်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဂီးလ်မိုး ခင်းပေးတဲ့ ဘောလုံးကို အတိုင်အဖောက် မညီဘဲ ဆုတ်ခံတဲ့ နယူးကာဆယ်လ်နောက်တန်းနဲ့ ဝင်မဖျက်တဲ့ ကွင်းလယ်ကြောင့် နေရာအကျယ်ကြီး ရသွားခဲ့တဲ့ ဖာဂူဆန်က ဧရိယာထိပ်ကနေ အနိမ့်ဘော လှမ်းကန်သွင်းခဲ့ရာမှာ ညာဘက်တိုင်ခြေကို ဝင်သွားခဲ့ပြီး နစ်ခ် ပုပ် လက်မြှောက်ခဲ့ရတာပါ။
ပွဲချိန် ၆၇ မိနစ်မှာ ဗန်ဟက်ကာနဲ့ ဝီလ်ဆန်တို့ ဘရိုက်တန်ဧရိယာထဲမှာ ဘောလုံးယှဉ်လုရင်း လဲကျခဲ့ရာမှာ ပင်နယ်တီ ပေးခဲ့သင့်ပေမယ့် ဒိုင်လူကြီး စတူးဝပ် အက်ထ်ဝဲလ်နဲ့ VAR တို့ကတော့ ပယ်ချသွားခဲ့ကြတာကြောင့် နယူးကာဆယ်လ်တို့ နစ်နာခဲ့ရပြီး ဒီတစ်ပတ်မှာတော့ အင်္ဂလန်ဒိုင်တွေရဲ့ Refereeing Standard ကလည်း တော်တော်လေး ဝေဖန်စရာဖြစ်ခဲ့ရပါတယ်။
ပွဲချိန် မိနစ် ၇၀ မှာတော့ ဘရိုက်တန်တို့ပဲ တတိယ အနိုင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြပြန်ပြီး ဒီဂိုးကိုလည်း ဘယ်ခြမ်းက မီတိုမာ ဆွဲယူလာပြီး ဧရိယာအစပ်မှာ ချန်ထားပေးခဲ့တဲ့ ဘောလုံးကို ဖာဂူဆန်ကပဲ ဘယ်ခြေနဲ့ လှမ်းကန်သွင်းယူခဲ့ရာမှာ နယူးကာဆယ်လ်နောက်ခံလူ ရှားနဲ့ထိပြီး လမ်းကြောင်း ပြောင်းဝင်သွားခဲ့လို့ သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။
ဒီနောက်မှာတော့ နယူးကာဆယ်လ်တို့ဘက်က အီဆက်ခ်နဲ့ တားဂက်အစား ဟာဗီ ဘန်းစ်နဲ့ လာဆယ်လက်စ်တို့ကို ပြောင်းလဲသွားခဲ့သလို ဘရိုက်တန်တို့ဘက်ကတော့ ဂျာအို ပက်ဒရို၊ ဂီးလ်မိုး၊ ဖာဂူဆန်၊ မာ့ချ်နဲ့ ဂရော့စ်တို့အစား လမ့်ပ်တေ၊ ဒါဟွတ်ဒ်၊ မီလ်နာ၊ လယ်လာနာနဲ့ အယ်လ်ဒင်ဂရာတို့ကို ထည့်သွင်းပြီး ကွင်းလယ်မှာ ထိန်းကစားသွားခဲ့တာဖြစ်ပါတယ်။
နာကျင်အချိန်ပို ၂ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ အရှက်ပြေ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ခံစစ်ကနေ လောင်းစတပ်ဖ် ကန်တင်လိုက်တဲ့ ဘောလုံးကို ဝီလ်ဆန်က ပြေးလိုက်ပြီး ဘရိုက်တန်နောက်ခံလူ ဗန်ဟက်ကာကို ကျော်ဖြတ်ပြီးမှ ဂိုးသမားနဲ့အတွေ့မှာ ခြေဦးနဲ့ ထိုးထည့်သွားနိုင်ခဲ့လို့ အိမ်ရှင်တွေ Clean Sheet ပျက်ခဲ့ရတာပါ။
ပွဲချိန်အပြည့်မှာတော့ ဘရိုက်တန်တို့က နယူးကာဆယ်လ်တို့ကို အိမ်ကွင်းမှာ သုံးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး နိုင်ပွဲ ပြန်ရှာနိုင်ခဲ့ကြသလို လေးပွဲကစား သုံးပွဲနိုင် တစ်ပွဲရှုံးရလဒ်နဲ့ ရမှတ် ၉ မှတ်ကို ပိုင်ဆိုင်နိုင်ခဲ့ကြပြီး အမှတ်ပေးဇယားမှာတော့ အဆင့် ၄ နေရာအထိ ပြန်ရောက်လာနိုင်ခဲ့ကြချိန်မှာ ငှက်ကျားတွေကတော့ နောက်ဆုံးသုံးပွဲ ဆက်တိုက်ရှုံးပြီး အဆင့် ၁၄ ကို ကျဆင်းသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ဘ႐ိုက္တန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဗာဘ႐ူဂင္၊ ခံစစ္မွာ ဗန္ဟက္ကာ၊ လူးဝစၥ ဒန႔္ခ္၊ ဗဲ့လ္မန္းနဲ႔ အက္စ္တူပီညန္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂေရာ့စ္၊ ဂီးလ္မိုး၊ ေဆာ္လီ မာ့ခ်္နဲ႔ မီတိုမာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဂ်ာအို ပက္ဒ႐ိုနဲ႔ ဖာဂူဆန္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။
ဧည့္သည္ နယူးကာဆယ္လ္တို႔ကေတာ့ ဂိုးသမား နစ္ခ္ ပုပ္၊ ခံစစ္မွာ ရွား၊ ဒန္ဘန္း၊ ထရစ္ပီယာနဲ႔ တားဂက္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ တိုနာလီနဲ႔ ဂ်ိဳလင္တန္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ အယ္လ္မီ႐ြန္၊ ေဂၚဒန္နဲ႔ အီဆက္ခ္တို႔ကိုပဲ တြဲဖက္ေပးခဲ့တာပါ။
ကြင္းလယ္အဖ်က္စစ္စစ္ကို အသုံးမျပဳခဲ့တဲ့ အသင္းႏွစ္သင္း ေတြ႕ဆုံမႈမွာ ကစားကြက္ပိုေကာင္းတဲ့ အိမ္ရွင္ ဘ႐ိုက္တန္တို႔ကေတာ့ ပြဲကို ထိန္းခ်ဳပ္ထားႏိုင္ခဲ့ၿပီး ကစားသမားေကာင္းေတြ ရွိေပမယ့္ ကြင္းလယ္မွာ ရပ္ကြက္အဆင့္ဗ်ဴဟာကို သုံးေနတဲ့ နယူးကာဆယ္လ္တို႔ကေတာ့ ဒီရာသီ စကတည္းက ႐ုန္းကန္ခဲ့ရၿပီး ဒီေန႔ပြဲမွာလည္း ဒီလိုပဲျဖစ္ေနခဲ့ပါတယ္။
ဘ႐ိုက္တန္တို႔ကလည္း ပြဲစစခ်င္းမွာ အာ႐ုံမ်ားေနတဲ့ အသင္းကပၸတိန္ ဒန႔္ခ္ေၾကာင့္ ႐ုန္းကန္ခဲ့ရၿပီး တြဲဖက္ ဗန္ဟက္ကာ ေကာင္းခဲ့လို႔သာ အီဆက္ခ္ရဲ႕ ထိုးေဖာက္မႈကို တားဆီးႏိုင္ခဲ့တာျဖစ္သလို ကြင္းလယ္က ဂီးလ္မိုးကေတာ့ အရင္ႏွစ္ေတြက ျမင္ခဲ့ရတဲ့ ပိန္ေညႇာင္ေညႇာင္ ခ်ာတိတ္ေလးလို မဟုတ္ေတာ့ဘဲ ခပ္မာမာ ပုံစံနဲ႔ ေဘာလုံးေပးပို႔မႈေတြကလည္း ဆရာက်ခဲ့တာပါ။
ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး နယူးကာဆယ္လ္ခံစစ္အမွားကေန မီတိုမာရဲ႕ ကန္ခ်က္က ျပန္ထြက္လာတာကို ဧရိယာအျပင္ကေန လွမ္းက်ဳံးခဲ့တဲ့ ဂီးလ္မိုးရဲ႕ ကန္ခ်က္ကို ဂိုးသမား နစ္ခ္ ပုပ္ မဖမ္းႏိုင္ဘဲ ရင္ဘတ္နဲ႔ပဲ ကာကြယ္ခဲ့ရာမွာ ျပန္က်လာတဲ့ ေဘာလုံးကို လူမကြၽံဘဲ ေစာင့္ေနႏိုင္ခဲ့တဲ့ ဖာဂူဆန္က အနီးကပ္ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။
ဂိုးေပးအၿပီးမွာ နယူးကာဆယ္လ္တို႔ ထိုးေဖာက္ခဲ့ေပမယ့္ ဂ်ိဳလင္တန္ ကန္ခ်က္က တိုင္ေဘးထြက္သြားခဲ့သလို ဘ႐ိုက္တန္တို႔ဘက္ကေတာ့ မီတိုမာ ဖန္တီးေပးေပမယ့္ ဂ်ာအို ပက္ဒ႐ို ျဖဳန္းတီးေနခဲ့လို႔ ပထမပိုင္းမွာေတာ့ အိမ္ရွင္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္းမွာလည္း ႏွစ္သင္းစလုံး အေျပာင္းအလဲလုပ္ဖို႔ ေတာ္ေတာ္ေလး ၾကန႔္ၾကာခဲ့ၾကတာပါ။
ပြဲခ်ိန္ ၅၈ မိနစ္မွာ နယူးကာဆယ္လ္တို႔ဘက္က ဂ်ိဳလင္တန္၊ တိုနာလီနဲ႔ အယ္လ္မီ႐ြန္တို႔အစား ဝီလ္ဆန္၊ အန္ဒါဆန္နဲ႔ ေလာင္းစတပ္ဖ္တို႔ကို ထည့္သြင္းၿပီး ၄-၄-၂ ေျပာင္းကစားခဲ့ေပမယ့္ ေတာင္ပံေတြက အလုပ္မျဖစ္ခဲ့သလို ဘ႐ိုက္တန္ကစားကြက္ကို မေက်ာ္ႏိုင္ခဲ့လို႔ နည္းျပ အက္ဒီေဟာင္း ဒါပဲ တတ္တာလားလို႔ ေမးစရာျဖစ္ခဲ့ရပါတယ္။
ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဂီးလ္မိုး ခင္းေပးတဲ့ ေဘာလုံးကို အတိုင္အေဖာက္ မညီဘဲ ဆုတ္ခံတဲ့ နယူးကာဆယ္လ္ေနာက္တန္းနဲ႔ ဝင္မဖ်က္တဲ့ ကြင္းလယ္ေၾကာင့္ ေနရာအက်ယ္ႀကီး ရသြားခဲ့တဲ့ ဖာဂူဆန္က ဧရိယာထိပ္ကေန အနိမ့္ေဘာ လွမ္းကန္သြင္းခဲ့ရာမွာ ညာဘက္တိုင္ေျခကို ဝင္သြားခဲ့ၿပီး နစ္ခ္ ပုပ္ လက္ေျမႇာက္ခဲ့ရတာပါ။
ပြဲခ်ိန္ ၆၇ မိနစ္မွာ ဗန္ဟက္ကာနဲ႔ ဝီလ္ဆန္တို႔ ဘ႐ိုက္တန္ဧရိယာထဲမွာ ေဘာလုံးယွဥ္လုရင္း လဲက်ခဲ့ရာမွာ ပင္နယ္တီ ေပးခဲ့သင့္ေပမယ့္ ဒိုင္လူႀကီး စတူးဝပ္ အက္ထ္ဝဲလ္နဲ႔ VAR တို႔ကေတာ့ ပယ္ခ်သြားခဲ့ၾကတာေၾကာင့္ နယူးကာဆယ္လ္တို႔ နစ္နာခဲ့ရၿပီး ဒီတစ္ပတ္မွာေတာ့ အဂၤလန္ဒိုင္ေတြရဲ႕ Refereeing Standard ကလည္း ေတာ္ေတာ္ေလး ေဝဖန္စရာျဖစ္ခဲ့ရပါတယ္။
ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ဘ႐ိုက္တန္တို႔ပဲ တတိယ အႏိုင္ဂိုးကို ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကျပန္ၿပီး ဒီဂိုးကိုလည္း ဘယ္ျခမ္းက မီတိုမာ ဆြဲယူလာၿပီး ဧရိယာအစပ္မွာ ခ်န္ထားေပးခဲ့တဲ့ ေဘာလုံးကို ဖာဂူဆန္ကပဲ ဘယ္ေျခနဲ႔ လွမ္းကန္သြင္းယူခဲ့ရာမွာ နယူးကာဆယ္လ္ေနာက္ခံလူ ရွားနဲ႔ထိၿပီး လမ္းေၾကာင္း ေျပာင္းဝင္သြားခဲ့လို႔ သုံးဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။
ဒီေနာက္မွာေတာ့ နယူးကာဆယ္လ္တို႔ဘက္က အီဆက္ခ္နဲ႔ တားဂက္အစား ဟာဗီ ဘန္းစ္နဲ႔ လာဆယ္လက္စ္တို႔ကို ေျပာင္းလဲသြားခဲ့သလို ဘ႐ိုက္တန္တို႔ဘက္ကေတာ့ ဂ်ာအို ပက္ဒ႐ို၊ ဂီးလ္မိုး၊ ဖာဂူဆန္၊ မာ့ခ်္နဲ႔ ဂေရာ့စ္တို႔အစား လမ့္ပ္ေတ၊ ဒါဟြတ္ဒ္၊ မီလ္နာ၊ လယ္လာနာနဲ႔ အယ္လ္ဒင္ဂရာတို႔ကို ထည့္သြင္းၿပီး ကြင္းလယ္မွာ ထိန္းကစားသြားခဲ့တာျဖစ္ပါတယ္။
နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ နယူးကာဆယ္လ္တို႔ အရွက္ေျပ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ခံစစ္ကေန ေလာင္းစတပ္ဖ္ ကန္တင္လိုက္တဲ့ ေဘာလုံးကို ဝီလ္ဆန္က ေျပးလိုက္ၿပီး ဘ႐ိုက္တန္ေနာက္ခံလူ ဗန္ဟက္ကာကို ေက်ာ္ျဖတ္ၿပီးမွ ဂိုးသမားနဲ႔အေတြ႕မွာ ေျခဦးနဲ႔ ထိုးထည့္သြားႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ Clean Sheet ပ်က္ခဲ့ရတာပါ။
ပြဲခ်ိန္အျပည့္မွာေတာ့ ဘ႐ိုက္တန္တို႔က နယူးကာဆယ္လ္တို႔ကို အိမ္ကြင္းမွာ သုံးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး ႏိုင္ပြဲ ျပန္ရွာႏိုင္ခဲ့ၾကသလို ေလးပြဲကစား သုံးပြဲႏိုင္ တစ္ပြဲရႈံးရလဒ္နဲ႔ ရမွတ္ ၉ မွတ္ကို ပိုင္ဆိုင္ႏိုင္ခဲ့ၾကၿပီး အမွတ္ေပးဇယားမွာေတာ့ အဆင့္ ၄ ေနရာအထိ ျပန္ေရာက္လာႏိုင္ခဲ့ၾကခ်ိန္မွာ ငွက္က်ားေတြကေတာ့ ေနာက္ဆုံးသုံးပြဲ ဆက္တိုက္ရႈံးၿပီး အဆင့္ ၁၄ ကို က်ဆင္းသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.