မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဝေါ်လ်ကာ၊ ရူဘင် ဒီယက်စ်၊ အာကန်ဂျီနဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ကိုဗာချစ်ချ်နဲ့ ဖိုဒန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဒိုကူး၊ အယ်လ်ဗာရက်ဇ်နဲ့ ဟားလန်းတို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။
ဧည့်သည် ဖူလ်ဟမ်တို့ကတော့ ဂိုးသမား လီနို၊ ခံစစ်မှာ တင်မ် ရင်းမ်၊ ဒီယော့ပ်၊ တီတီနဲ့ ရော်ဘင်ဆန်တို့ကို စုဖွဲပေးလာခဲ့ပြီး ကွင်းလယ်မှာတော့ ဟာရစ်ဆန် ရိဒ်၊ ကဲရ်နီ၊ ပါရဲရား၊ ဝီလ်ဆန်နဲ့ ဒီကော်ဒိုဗာ-ရိဒ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ရာအူးလ် ဟီမီနက်ဇ်ကို အထောင်ထားခဲ့တာပါ။
ပယ်လင်ညာ ပါမလာတဲ့ ဖူလ်ဟမ်ကွင်းလယ်က မန်စီးတီးတို့အတွက်တော့ ကလေးကစားစရာပဲဖြစ်နေခဲ့တာကြောင့် ပွဲစကတည်းက ထိန်းချုပ် ကစားသွားနိုင်ခဲ့ကြပြီး နှစ်သင်းစလုံးအနေနဲ့ အပေးအယူ အချိတ်အဆက်တွေမှာ အမှားတချို့ကို ကျူးလွန်နေခဲ့သလို အိမ်ရှင်တွေအနေနဲ့ ရမ်းကန်မှန်းကန် မလုပ်ဘဲ ပိုင်မှ ဂိုးသွင်းဖို့ ကြံစည်တဲ့ ပုံစံတွေကြောင့်လည်း ပွဲက ပြတ်မသွားခဲ့ဘဲ ရင်ခုန်စရာတချို့ ကျန်နေခဲ့တာ ဖြစ်ပါတယ်။
ပွဲချိန် ၃၁ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ကိုဗာချစ်ချ်က ဧရိယာထဲ ခင်းပေးရာမှာ ဟားလန်းက သူ့ကို ကပ်ထားတဲ့ ဒီယော့ပ်ကို ခွာထွက်ပြီး ထောင့်ကျဉ်းအနေအထားကနေ မကန်တော့ဘဲ ဂိုးရှေ့ကို အနိမ့်ဘော ပြန်ချိုးပေးရာမှာ အယ်လ်ဗာရက်ဇ်က အပိုင်ပိတ်သွင်းသွားနိုင်ခဲ့တာပါ။
ပွဲချိန် ၃၃ မိနစ်မှာ ဖူလ်ဟမ်တို့ ချေပဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကနေ ပါရဲရားက အနီးတိုင်ဘက်ကို ဖြတ်တင်ပေးရာမှာ ရာအူးလ် ဟီမီနက်ဇ်က Volley ကန်သွင်းခဲ့တာက ဂိုးသမား အီဒါဆန် ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ဂိုးရှေ့မှာ ရှိနေတဲ့ နောက်ခံလူ ရင်းမ်က အနီးကပ် ပိတ်သွင်းယူနိုင်ခဲ့လို့ တစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။
နာကျင်အချိန်ပို ၅ မိနစ်မှာတော့ မန်စီးတီးတို့ ဒုတိယအကြိမ် ထပ်မံ ဦးဆောင်သွားနိုင်ခဲ့သလို ဒီဂိုးကိုတော့ ဘယ်ထောင့်ကန်ဘောကနေ ဖိုဒန် ဖြတ်တင်ပေးရာမှာ နေရာယူပုံ ညံ့ဖျင်းလွန်းနေခဲ့တဲ့ ဖူလ်ဟမ်ခံစစ်ကြောင့် အာကေက မြေထောက်ပြီး လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခဲ့ရာမှာ ဘောလုံး လမ်းကြောင်းရှေ့က အာကန်ဂျီ ပိတ်ဆို့နေခဲ့ပြီး ရှောင်ပေးခဲ့ရပေမယ့် လူကျွံအနေအထားကို VAR က အရှက်ကင်းမဲ့စွာနဲ့ပဲ ဂိုးပေးသွားခဲ့တာပါ။
ပထမပိုင်းကို မန်စီးတီးတို့က နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ကြပြီး ဖူလ်ဟမ်တို့ကတော့ ပေးလိုက်ရတဲ့ ဂိုးကြောင့် ဒေါသထွက်ပြီး တည်ငြိမ်မှု ပျက်ပြားသွားခဲ့သလို အဝေးကွင်းမှာ အမှားစောင့်ကစားဖို့ထက် စိတ်လှုပ်ရှားတဲ့ ပုံစံနဲ့ နည်းပြ မာကို ဆေးလ်ဗားကလည်း ဂွါဒီယိုလာ ကြီးကြပ်မှု မရှိတဲ့ အသင်းကို ဒုက္ခပေးဖို့ မတတ်နိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၅၈ မိနစ်မှာတော့ မန်စီးတီးတို့ပဲ တတိယ ဦးဆောင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ရိုဒရီ ပေးတာကို အယ်လ်ဗာရက်ဇ်က တစ်ချက်ထိနဲ့ ဧရိယာထဲကို ချပေးရာမှာ ဖူလ်ဟမ်နောက်ခံလူတွေ မရှင်းထုတ်နိုင်ဘဲ ကျလာခဲ့တဲ့ ဘောလုံးကို ဟားလန်းက ဂိုးသမား လီနိုနဲ့ တစ်ဦးချင်းအတွေ့မှာ အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာပါ။
ပွဲချိန် မိနစ် ၇၀ မှာ မန်စီးတီးတို့ စတုတ္ထ အနိုင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဂိုးသွင်းဖို့ ကြိုးစားတဲ့ အယ်လ်ဗာရက်ဇ်ကို နောက်ကနေ ခြေထိုးခံမိတဲ့ ဒီယော့ပ်ကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဟားလန်းက လီနို ဒိုက်ပစ်တဲ့ ဘယ်ဘက်နဲ့ ဆန့်ကျင်ဘက်ကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ဒီနောက်မှာ မန်စီးတီးတို့ဘက်က ရိုဒရီ၊ ဒိုကူး၊ ကိုဗာချစ်ချ်နဲ့ အယ်လ်ဗာရက်ဇ်တို့အစား ဘာနာဒို ဆေးလ်ဗား၊ ကယ်လ်ဗင် ဖိလစ်၊ ဆာဂျီယို ဂိုမက်ဇ်နဲ့ ရီကို လူးဝစ္စတို့ကို လဲကစားခဲ့ကြပြီး ဖူလ်ဟမ်တို့ကတော့ တီတီ၊ ဒီကော်ဒိုဗာ-ရိဒ်၊ ဟီမီနက်ဇ်နဲ့ ဝီလ်ဆန်တို့အစား ကက်စတာညာ၊ ဝီလီယန်၊ မြူနစ်ဇ်နဲ့ အဒါမာ ထရာအိုရေးတို့ကို ထည့်သွင်းသွားခဲ့တာပါ။
နာကျင်အချိန်ပို ၅ မိနစ်မှာတော့ မန်စီးတီးတို့ပဲ ပဉ္စမမြောက်ဂိုးကို သွင်းယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ အာရုံစိုက်မှု လျော့ကျနေတဲ့ ဖူလ်ဟမ်ခံစစ်ကို အငိုက်ဖမ်းနိုင်ခဲ့တဲ့ ဆာဂျီယို ဂိုမက်ဇ်က ဘယ်တောင်ပံကနေ အနိမ့်ဘော ချိုးပေးခဲ့ရာမှာ နောက်ခံလူ ၈ ယောက်လောက်ရှိနေတဲ့ကြားက ထွက်လာတဲ့ ဘောလုံးကို ဟားလန်းက ဘယ်ဘက်တိုင်ခြေကို အနိမ့်ဘော ကန်သွင်းပြီး ဟက်ထရစ်ယူသွားခဲ့တာဖြစ်ပါတယ်။
ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က ဖူလ်ဟမ်တို့ကို ငါးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး လေးပွဲကစား လေးပွဲနိုင် ရမှတ် ၁၂ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ရာနှုန်းပြည့်ရလဒ်နဲ့ ဆက်လက်ဦးဆောင်နိုင်ဆဲဖြစ်သလို ရှေ့က ပွဲမှာ စပါးစ်တို့အတွက် ဟက်ထရစ်သွင်းခဲ့တဲ့ ဆွန်ဟောင်မင်ကိုလည်း ဟားလန်းက ချက်ချင်းပဲ တုံ့ပြန်ပြနိုင်ခဲ့တာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ေဝၚလ္ကာ၊ ႐ူဘင္ ဒီယက္စ္၊ အာကန္ဂ်ီနဲ႔ အာေကတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ကိုဗာခ်စ္ခ်္နဲ႔ ဖိုဒန္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဒိုကူး၊ အယ္လ္ဗာရက္ဇ္နဲ႔ ဟားလန္းတို႔ကို ပြဲထုတ္လာခဲ့တာ ျဖစ္ပါတယ္။
ဧည့္သည္ ဖူလ္ဟမ္တို႔ကေတာ့ ဂိုးသမား လီႏို၊ ခံစစ္မွာ တင္မ္ ရင္းမ္၊ ဒီေယာ့ပ္၊ တီတီနဲ႔ ေရာ္ဘင္ဆန္တို႔ကို စုဖြဲေပးလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဟာရစ္ဆန္ ရိဒ္၊ ကဲရ္နီ၊ ပါရဲရား၊ ဝီလ္ဆန္နဲ႔ ဒီေကာ္ဒိုဗာ-ရိဒ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ရာအူးလ္ ဟီမီနက္ဇ္ကို အေထာင္ထားခဲ့တာပါ။
ပယ္လင္ညာ ပါမလာတဲ့ ဖူလ္ဟမ္ကြင္းလယ္က မန္စီးတီးတို႔အတြက္ေတာ့ ကေလးကစားစရာပဲျဖစ္ေနခဲ့တာေၾကာင့္ ပြဲစကတည္းက ထိန္းခ်ဳပ္ ကစားသြားႏိုင္ခဲ့ၾကၿပီး ႏွစ္သင္းစလုံးအေနနဲ႔ အေပးအယူ အခ်ိတ္အဆက္ေတြမွာ အမွားတခ်ိဳ႕ကို က်ဴးလြန္ေနခဲ့သလို အိမ္ရွင္ေတြအေနနဲ႔ ရမ္းကန္မွန္းကန္ မလုပ္ဘဲ ပိုင္မွ ဂိုးသြင္းဖို႔ ႀကံစည္တဲ့ ပုံစံေတြေၾကာင့္လည္း ပြဲက ျပတ္မသြားခဲ့ဘဲ ရင္ခုန္စရာတခ်ိဳ႕ က်န္ေနခဲ့တာ ျဖစ္ပါတယ္။
ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ မန္စီးတီးတို႔ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ကိုဗာခ်စ္ခ်္က ဧရိယာထဲ ခင္းေပးရာမွာ ဟားလန္းက သူ႔ကို ကပ္ထားတဲ့ ဒီေယာ့ပ္ကို ခြာထြက္ၿပီး ေထာင့္က်ဥ္းအေနအထားကေန မကန္ေတာ့ဘဲ ဂိုးေရွ႕ကို အနိမ့္ေဘာ ျပန္ခ်ိဳးေပးရာမွာ အယ္လ္ဗာရက္ဇ္က အပိုင္ပိတ္သြင္းသြားႏိုင္ခဲ့တာပါ။
ပြဲခ်ိန္ ၃၃ မိနစ္မွာ ဖူလ္ဟမ္တို႔ ေခ်ပဂိုး ျပန္လည္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကေန ပါရဲရားက အနီးတိုင္ဘက္ကို ျဖတ္တင္ေပးရာမွာ ရာအူးလ္ ဟီမီနက္ဇ္က Volley ကန္သြင္းခဲ့တာက ဂိုးသမား အီဒါဆန္ ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ဂိုးေရွ႕မွာ ရွိေနတဲ့ ေနာက္ခံလူ ရင္းမ္က အနီးကပ္ ပိတ္သြင္းယူႏိုင္ခဲ့လို႔ တစ္ဂိုးစီသေရျဖစ္ေနခဲ့ပါတယ္။
နာက်င္အခ်ိန္ပို ၅ မိနစ္မွာေတာ့ မန္စီးတီးတို႔ ဒုတိယအႀကိမ္ ထပ္မံ ဦးေဆာင္သြားႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ဘယ္ေထာင့္ကန္ေဘာကေန ဖိုဒန္ ျဖတ္တင္ေပးရာမွာ ေနရာယူပုံ ညံ့ဖ်င္းလြန္းေနခဲ့တဲ့ ဖူလ္ဟမ္ခံစစ္ေၾကာင့္ အာေကက ေျမေထာက္ၿပီး လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္ခဲ့ရာမွာ ေဘာလုံး လမ္းေၾကာင္းေရွ႕က အာကန္ဂ်ီ ပိတ္ဆို႔ေနခဲ့ၿပီး ေရွာင္ေပးခဲ့ရေပမယ့္ လူကြၽံအေနအထားကို VAR က အရွက္ကင္းမဲ့စြာနဲ႔ပဲ ဂိုးေပးသြားခဲ့တာပါ။
ပထမပိုင္းကို မန္စီးတီးတို႔က ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ေနခဲ့ၾကၿပီး ဖူလ္ဟမ္တို႔ကေတာ့ ေပးလိုက္ရတဲ့ ဂိုးေၾကာင့္ ေဒါသထြက္ၿပီး တည္ၿငိမ္မႈ ပ်က္ျပားသြားခဲ့သလို အေဝးကြင္းမွာ အမွားေစာင့္ကစားဖို႔ထက္ စိတ္လႈပ္ရွားတဲ့ ပုံစံနဲ႔ နည္းျပ မာကို ေဆးလ္ဗားကလည္း ဂြါဒီယိုလာ ႀကီးၾကပ္မႈ မရွိတဲ့ အသင္းကို ဒုကၡေပးဖို႔ မတတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။
ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ မန္စီးတီးတို႔ပဲ တတိယ ဦးေဆာင္ဂိုးကို ရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ႐ိုဒရီ ေပးတာကို အယ္လ္ဗာရက္ဇ္က တစ္ခ်က္ထိနဲ႔ ဧရိယာထဲကို ခ်ေပးရာမွာ ဖူလ္ဟမ္ေနာက္ခံလူေတြ မရွင္းထုတ္ႏိုင္ဘဲ က်လာခဲ့တဲ့ ေဘာလုံးကို ဟားလန္းက ဂိုးသမား လီႏိုနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ အနိမ့္ေဘာ ကန္သြင္းယူသြားခဲ့တာပါ။
ပြဲခ်ိန္ မိနစ္ ၇၀ မွာ မန္စီးတီးတို႔ စတုတၳ အႏိုင္ဂိုးကို ထပ္မံသြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ၿပီး ဂိုးသြင္းဖို႔ ႀကိဳးစားတဲ့ အယ္လ္ဗာရက္ဇ္ကို ေနာက္ကေန ေျခထိုးခံမိတဲ့ ဒီေယာ့ပ္ေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို ဟားလန္းက လီႏို ဒိုက္ပစ္တဲ့ ဘယ္ဘက္နဲ႔ ဆန႔္က်င္ဘက္ကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။
ဒီေနာက္မွာ မန္စီးတီးတို႔ဘက္က ႐ိုဒရီ၊ ဒိုကူး၊ ကိုဗာခ်စ္ခ်္နဲ႔ အယ္လ္ဗာရက္ဇ္တို႔အစား ဘာနာဒို ေဆးလ္ဗား၊ ကယ္လ္ဗင္ ဖိလစ္၊ ဆာဂ်ီယို ဂိုမက္ဇ္နဲ႔ ရီကို လူးဝစၥတို႔ကို လဲကစားခဲ့ၾကၿပီး ဖူလ္ဟမ္တို႔ကေတာ့ တီတီ၊ ဒီေကာ္ဒိုဗာ-ရိဒ္၊ ဟီမီနက္ဇ္နဲ႔ ဝီလ္ဆန္တို႔အစား ကက္စတာညာ၊ ဝီလီယန္၊ ျမဴနစ္ဇ္နဲ႔ အဒါမာ ထရာအိုေရးတို႔ကို ထည့္သြင္းသြားခဲ့တာပါ။
နာက်င္အခ်ိန္ပို ၅ မိနစ္မွာေတာ့ မန္စီးတီးတို႔ပဲ ပၪၥမေျမာက္ဂိုးကို သြင္းယူႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ အာ႐ုံစိုက္မႈ ေလ်ာ့က်ေနတဲ့ ဖူလ္ဟမ္ခံစစ္ကို အငိုက္ဖမ္းႏိုင္ခဲ့တဲ့ ဆာဂ်ီယို ဂိုမက္ဇ္က ဘယ္ေတာင္ပံကေန အနိမ့္ေဘာ ခ်ိဳးေပးခဲ့ရာမွာ ေနာက္ခံလူ ၈ ေယာက္ေလာက္ရွိေနတဲ့ၾကားက ထြက္လာတဲ့ ေဘာလုံးကို ဟားလန္းက ဘယ္ဘက္တိုင္ေျခကို အနိမ့္ေဘာ ကန္သြင္းၿပီး ဟက္ထရစ္ယူသြားခဲ့တာျဖစ္ပါတယ္။
ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာစီးတီးတို႔က ဖူလ္ဟမ္တို႔ကို ငါးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး ေလးပြဲကစား ေလးပြဲႏိုင္ ရမွတ္ ၁၂ မွတ္နဲ႔ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားကို ရာႏႈန္းျပည့္ရလဒ္နဲ႔ ဆက္လက္ဦးေဆာင္ႏိုင္ဆဲျဖစ္သလို ေရွ႕က ပြဲမွာ စပါးစ္တို႔အတြက္ ဟက္ထရစ္သြင္းခဲ့တဲ့ ဆြန္ေဟာင္မင္ကိုလည္း ဟားလန္းက ခ်က္ခ်င္းပဲ တုံ႔ျပန္ျပႏိုင္ခဲ့တာျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.