La Liga

နူးကမ့်မှာ အိပ်မက်ထားတဲ့ကျောနံပါတ် ဝတ်ဆင်ခွင့် အငြင်းခံခဲ့ရတဲ့ ကန်ဆယ်လို

ဂျာအို ကန်ဆယ်လိုဟာ လာလီဂါရဲ့ စည်းမျဉ်းတွေကြောင့် ဘာစီလိုနာမှာ ဝတ်ဆင်ဖို့ အိပ်မက်ထားတဲ့ ကျောနံပါတ်ကို ငြင်းပယ်ခြင်း ခံခဲ့ရပါတယ်။

ပေါ်တူဂီလက်ရွေးစင်နောက်ခံကစားသမားဟာ ဘာစီလိုနာကို သောကြာနေ့ည အပြောင်းအရွှေ့စျေးကွက်မပိတ်ခင်မှာ တစ်ရာသီ အငှားစာချုပ်နဲ့ အပြီးသတ်ပြောင်းရွှေ့နိုင်ခဲ့တာဖြစ်ပြီး ကန်ဆယ်လိုကို ကတ်တလန်ကလပ်က ယူရို ၂၅ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ကိုလည်း ထည့်သွင်းချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ကန်ဆယ်လိုအတွက်တော့ ၂၀၂၃ ခုနှစ်အတွင်း ဒုတိယအကြိမ် အငှားနဲ့ ထွက်ကစားခဲ့ရတာဖြစ်ပြီး မန်စီးတီးနောက်ခံလူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း ဘိုင်ယန်မြူးနစ်ကို အငှားနဲ့ ထွက်ကစားခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးက ကန်ဆယ်လိုကို အပြီးသတ်ဝယ်ယူဖို့ ငြင်းဆန်ခဲ့တာဖြစ်တာကြောင့် အစ်တီဟတ်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် အာဆင်နယ်ကလည်း ပေါ်တူဂီနောက်ခံလူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီအပြောင်းအရွှေ့က အမှန်တကယ် ဖြစ်လာခဲ့ခြင်းမရှိဘဲ သောကြာနေ့ညမှာ ကန်ဆယ်လိုဟာ နူးကမ့်ကို ၂၀၂၄ ခုနှစ် ဇွန်လအထိ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ပေါ်တူဂီနောက်ခံလူဟာ နူးကမ့်မှာ ၎င်းရဲ့အနှစ်သက်ဆုံးဖြစ်တဲ့ ကျောနံပါတ် ၇ ကို ဝတ်ဆင်နိုင်ခြင်းရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။

ကန်ဆယ်လိုက လွန်ခဲ့တဲ့ ၉ နှစ်က ကားအက်စီးဒင့်မှာ အသက်ဆုံးရှုံးခဲ့ရတဲ့ ၎င်းရဲ့မိခင်ကို အမှတ်တရ ဂုဏ်ပြုတဲ့အနေနဲ့ မန်စီးတီးမှာ ကျောနံပါတ် ၇ ကို ဝတ်ဆင်ခဲ့တာဖြစ်ပြီး နံပါတ် ၇ ဟာ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ မိခင်ဖြစ်သူရဲ့ အနှစ်သက်ဆုံးနံပါတ်ဖြစ်တဲ့အတွက် အဲဒီကျောနံပါတ်ကို ဝတ်ဆင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်မှာ ကန်ဆယ်လိုဟာ ကျောနံပါတ် ၇၊ ၁၇၊ ၂၇၊ ၃၇ တွေကို ဝတ်ဆင်နေတဲ့ ကစားသမားတွေရှိတာကြောင့် ဝတ်ဆင်ခွင့်မရခဲ့ဘဲ ဘာစီလိုနာကို ပြောင်းရွှေ့ပြီးနောက်မှာလည်း လာလီဂါက ပထမအသင်းကစားသမားတွေအနေနဲ့ ကျောနံပါတ် ၁ ကနေ ၂၅ အတွင်းသာ ဝတ်ဆင်ဖို့ စည်းကမ်းသတ်မှတ်ထားတာကြောင့် ပေါ်တူဂီကြယ်ပွင့်အနေနဲ့ အိပ်မက်ထားတဲ့ ကျောနံပါတ်ကို ရရှိမှာမဟုတ်တာဖြစ်ပါတယ်။

ဘာစီလိုနာမှာ ဖာရန် တောရက်စ်က အူ့စ်မန် ဒမ်ဘီလီရဲ့ ကျောနံပါတ် ၇ ကို ဆက်ခံခဲ့သလို မားကို့စ် အလွန်ဆိုကလည်း ကျောနံပါတ် ၁၇ ကို ဝတ်ဆင်ထားတာဖြစ်ပြီး မန်စီးတီးကြယ်ပွင့်ဟောင်း ဂန်ဒိုဝမ်ကလည်း ကန်ဆယ်လို ဘိုင်ယန်မြူးနစ်မှာတုန်းက ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂၂ ကို ဝတ်ဆင်ထားတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ာအို ကန္ဆယ္လိုဟာ လာလီဂါရဲ႕ စည္းမ်ဥ္းေတြေၾကာင့္ ဘာစီလိုနာမွာ ဝတ္ဆင္ဖို႔ အိပ္မက္ထားတဲ့ ေက်ာနံပါတ္ကို ျငင္းပယ္ျခင္း ခံခဲ့ရပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္ေနာက္ခံကစားသမားဟာ ဘာစီလိုနာကို ေသာၾကာေန႔ည အေျပာင္းအေ႐ႊ႕ေစ်းကြက္မပိတ္ခင္မွာ တစ္ရာသီ အငွားစာခ်ဳပ္နဲ႔ အၿပီးသတ္ေျပာင္းေ႐ႊ႕ႏိုင္ခဲ့တာျဖစ္ၿပီး ကန္ဆယ္လိုကို ကတ္တလန္ကလပ္က ယူ႐ို ၂၅ သန္းနဲ႔ အၿပီးသတ္ဝယ္ယူခြင့္ကိုလည္း ထည့္သြင္းခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

ကန္ဆယ္လိုအတြက္ေတာ့ ၂၀၂၃ ခုႏွစ္အတြင္း ဒုတိယအႀကိမ္ အငွားနဲ႔ ထြက္ကစားခဲ့ရတာျဖစ္ၿပီး မန္စီးတီးေနာက္ခံလူဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလတုန္းကလည္း ဘိုင္ယန္ျမဴးနစ္ကို အငွားနဲ႔ ထြက္ကစားခဲ့ရတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘြန္ဒက္စ္လီဂါထိပ္သီးအသင္းႀကီးက ကန္ဆယ္လိုကို အၿပီးသတ္ဝယ္ယူဖို႔ ျငင္းဆန္ခဲ့တာျဖစ္တာေၾကာင့္ အစ္တီဟတ္ကို ျပန္လည္ေရာက္ရွိလာခဲ့ၿပီးေနာက္ အာဆင္နယ္ကလည္း ေပၚတူဂီေနာက္ခံလူကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းေတြ ထြက္လာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲဒီအေျပာင္းအေ႐ႊ႕က အမွန္တကယ္ ျဖစ္လာခဲ့ျခင္းမရွိဘဲ ေသာၾကာေန႔ညမွာ ကန္ဆယ္လိုဟာ ႏူးကမ့္ကို ၂၀၂၄ ခုႏွစ္ ဇြန္လအထိ တစ္ရာသီ အငွားစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ၿပီး ေပၚတူဂီေနာက္ခံလူဟာ ႏူးကမ့္မွာ ၎ရဲ႕အႏွစ္သက္ဆုံးျဖစ္တဲ့ ေက်ာနံပါတ္ ၇ ကို ဝတ္ဆင္ႏိုင္ျခင္းရွိမွာမဟုတ္ဘူးလို႔ သိရပါတယ္။

ကန္ဆယ္လိုက လြန္ခဲ့တဲ့ ၉ ႏွစ္က ကားအက္စီးဒင့္မွာ အသက္ဆုံးရႈံးခဲ့ရတဲ့ ၎ရဲ႕မိခင္ကို အမွတ္တရ ဂုဏ္ျပဳတဲ့အေနနဲ႔ မန္စီးတီးမွာ ေက်ာနံပါတ္ ၇ ကို ဝတ္ဆင္ခဲ့တာျဖစ္ၿပီး နံပါတ္ ၇ ဟာ ေဖေဖာ္ဝါရီ ၇ ရက္ေန႔မွာ ေမြးဖြားခဲ့တဲ့ မိခင္ျဖစ္သူရဲ႕ အႏွစ္သက္ဆုံးနံပါတ္ျဖစ္တဲ့အတြက္ အဲဒီေက်ာနံပါတ္ကို ဝတ္ဆင္ခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္မွာ ကန္ဆယ္လိုဟာ ေက်ာနံပါတ္ ၇၊ ၁၇၊ ၂၇၊ ၃၇ ေတြကို ဝတ္ဆင္ေနတဲ့ ကစားသမားေတြရွိတာေၾကာင့္ ဝတ္ဆင္ခြင့္မရခဲ့ဘဲ ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ၿပီးေနာက္မွာလည္း လာလီဂါက ပထမအသင္းကစားသမားေတြအေနနဲ႔ ေက်ာနံပါတ္ ၁ ကေန ၂၅ အတြင္းသာ ဝတ္ဆင္ဖို႔ စည္းကမ္းသတ္မွတ္ထားတာေၾကာင့္ ေပၚတူဂီၾကယ္ပြင့္အေနနဲ႔ အိပ္မက္ထားတဲ့ ေက်ာနံပါတ္ကို ရရွိမွာမဟုတ္တာျဖစ္ပါတယ္။

ဘာစီလိုနာမွာ ဖာရန္ ေတာရက္စ္က အူ႔စ္မန္ ဒမ္ဘီလီရဲ႕ ေက်ာနံပါတ္ ၇ ကို ဆက္ခံခဲ့သလို မားကို႔စ္ အလြန္ဆိုကလည္း ေက်ာနံပါတ္ ၁၇ ကို ဝတ္ဆင္ထားတာျဖစ္ၿပီး မန္စီးတီးၾကယ္ပြင့္ေဟာင္း ဂန္ဒိုဝမ္ကလည္း ကန္ဆယ္လို ဘိုင္ယန္ျမဴးနစ္မွာတုန္းက ဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ ၂၂ ကို ဝတ္ဆင္ထားတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.