La Liga Premier League

အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့မှာ အသင်းပြောင်းနိုင်တဲ့ကစားသမားများ

ယနေ့ဟာ အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့ဖြစ်ပြီး အကြီးမားဆုံးကလပ်အသင်းအချို့ဟာ ယနေ့မှာ အပြောင်းအရွှေ့တွေကို အပြီးသတ်သွားဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီး၊ လီဗာပူးလ်တို့လို အသင်းတွေဟာ ယနေ့ည ၁၁ နာရီမတိုင်ခင် အလုပ်ရှုပ်နေကြမှာဖြစ်ပြီး ရှေ့လာမယ့် ရာသီခရီးရှည်ကြီးအတွက် လူစာရင်းကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းသွားကြမှာဖြစ်ပါတယ်။

ဆော်ဒီ ပရိုလိဂ်ကကလပ်တွေကတော့ စက်တင်ဘာ ၂၀ အထိ အချိန်ရတာကြောင့် အေးအေးဆေးဆေးဖြစ်နေမှာဖြစ်ပြီး ဥရောပမှာတော့ ယနေ့ဟာ အလုပ်အရှုပ်ဆုံးနေ့ဖြစ်လာတော့မှာဖြစ်သလို ကစားသမားအများအပြားကလည်း ယနေ့မှာ အသင်းသစ်တွေ အသီးသီးကို ပြောင်းရွှေ့သွားကြဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ဘရန်နန် ဂျွန်ဆင်ဟာ ယနေ့မှာ စပါးစ်ကို ပြောင်းရွှေ့နိုင်ခြေ ၄ လေး ၉ လေး ရှိနေပြီး နော်တင်ဟမ် ဖောရက်စ်က ဝေးလ်တိုက်စစ်မှူးအတွက် ပေါင်သန်း ၅၀ ဝန်းကျင်သတ်မှတ်ထားတာဖြစ်ပါတယ်။ ဖောရက်စ်က ဂျွန်ဆင်ရဲ့နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် ချဲလ်ဆီးကြယ်ပွင့် ဟတ်ဒ်ဆန်-အိုဒွိုင်းကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး အင်္ဂလန်ကြယ်ပွင့်ရဲ့ ပြောင်းရွှေ့နိုင်ခြေက ၈ လေး ၁၃ လေး ရှိနေပါတယ်။

ရိုင်ယန် ဂရာဗင်ဘာ့ချ်အတွက် ကလော့ပ်ရဲ့အသင်းက ဘိုင်ယန်မြူးနစ်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ဒတ်ချ်ကွင်းလယ်ကစားသမားကို လီဗာပူးလ်က အပြီးသတ်ခေါ်ယူသွားမှာဖြစ်ပြီး ဆေးစစ်မှု ပြုလုပ်သွားဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ဆိုဖရန် အမ်မရာဘတ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှုဟာ အသင်းရောင်းချမယ့် လုပ်ငန်းစဉ်ကြောင့် ကြာသင့်တာထက် ပိုကြာခဲ့ပေမယ့်လည်း ဖီအိုရင်တီးနားနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တာကြောင့် ယနေ့မှာ အပြီးသတ်ခေါ်ယူသွားနိုင်မယ့်ပုံပေါ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့် မာကို ဗာရက်တီကလည်း ကာတာကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်နေပြီဖြစ်ပြီး အီတလီကွင်းလယ်ကြယ်ပွင့်ဟာ အယ်လ် အာရာဘီကို ပြောင်းရွှေ့သွားမှာဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ အက်သလက်တီကို မက်ဒရစ်တိုက်စစ်မှူး ဂျာအို ဖဲလစ်က ဘာစီလိုနာကို အငှားနဲ့ ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံးအခြေအနေမှာရှိနေပြီး ဒီယေဂို ဆီမီယွန်နီရဲ့လက်အောက်မှာ လူပိုဖြစ်နေခဲ့တာကြောင့် အိပ်မက်မက်ခဲ့ရတဲ့ နူးကမ့်ကို ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။

ဘာစီလိုနာက FFP နဲ့ မငြိအောင် ဂျာအို ဖဲလစ်ကို ကနဦး အငှားစာချုပ်နဲ့ပဲ ခေါ်ယူသွားမှာဖြစ်ပြီး မန်ချက်စတာစီးတီးနောက်ခံလူ ဂျာအို ကန်ဆယ်လိုကိုလည်း ခေါ်ယူနိုင်မယ်လို့ ဇာဗီရဲ့အသင်းက မျှော်လင့်နေဆဲ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယေန႔ဟာ အေျပာင္းအေ႐ႊ႕ေစ်းကြက္ေနာက္ဆုံးေန႔ျဖစ္ၿပီး အႀကီးမားဆုံးကလပ္အသင္းအခ်ိဳ႕ဟာ ယေန႔မွာ အေျပာင္းအေ႐ႊ႕ေတြကို အၿပီးသတ္သြားဖို႔ ျပင္ဆင္ေနၾကၿပီျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္၊ ခ်ဲလ္ဆီး၊ လီဗာပူးလ္တို႔လို အသင္းေတြဟာ ယေန႔ည ၁၁ နာရီမတိုင္ခင္ အလုပ္ရႈပ္ေနၾကမွာျဖစ္ၿပီး ေရွ႕လာမယ့္ ရာသီခရီးရွည္ႀကီးအတြက္ လူစာရင္းကို အင္အားျဖည့္တင္းဖို႔ ႀကိဳးပမ္းသြားၾကမွာျဖစ္ပါတယ္။

ေဆာ္ဒီ ပ႐ိုလိဂ္ကကလပ္ေတြကေတာ့ စက္တင္ဘာ ၂၀ အထိ အခ်ိန္ရတာေၾကာင့္ ေအးေအးေဆးေဆးျဖစ္ေနမွာျဖစ္ၿပီး ဥေရာပမွာေတာ့ ယေန႔ဟာ အလုပ္အရႈပ္ဆုံးေန႔ျဖစ္လာေတာ့မွာျဖစ္သလို ကစားသမားအမ်ားအျပားကလည္း ယေန႔မွာ အသင္းသစ္ေတြ အသီးသီးကို ေျပာင္းေ႐ႊ႕သြားၾကဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

ဘရန္နန္ ဂြၽန္ဆင္ဟာ ယေန႔မွာ စပါးစ္ကို ေျပာင္းေ႐ႊ႕ႏိုင္ေျခ ၄ ေလး ၉ ေလး ရွိေနၿပီး ေနာ္တင္ဟမ္ ေဖာရက္စ္က ေဝးလ္တိုက္စစ္မႉးအတြက္ ေပါင္သန္း ၅၀ ဝန္းက်င္သတ္မွတ္ထားတာျဖစ္ပါတယ္။ ေဖာရက္စ္က ဂြၽန္ဆင္ရဲ႕ေနရာမွာ အစားထိုးေခၚယူမႈအျဖစ္ ခ်ဲလ္ဆီးၾကယ္ပြင့္ ဟတ္ဒ္ဆန္-အိုဒြိဳင္းကို ေခၚယူဖို႔ ပစ္မွတ္ထားေနၿပီး အဂၤလန္ၾကယ္ပြင့္ရဲ႕ ေျပာင္းေ႐ႊ႕ႏိုင္ေျခက ၈ ေလး ၁၃ ေလး ရွိေနပါတယ္။

႐ိုင္ယန္ ဂရာဗင္ဘာ့ခ်္အတြက္ ကေလာ့ပ္ရဲ႕အသင္းက ဘိုင္ယန္ျမဴးနစ္နဲ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီးေနာက္ ဒတ္ခ်္ကြင္းလယ္ကစားသမားကို လီဗာပူးလ္က အၿပီးသတ္ေခၚယူသြားမွာျဖစ္ၿပီး ေဆးစစ္မႈ ျပဳလုပ္သြားဖို႔ စီစဥ္ထားၿပီးျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဆိုဖရန္ အမ္မရာဘတ္ကို ေခၚယူဖို႔ ႀကိဳးပမ္းမႈဟာ အသင္းေရာင္းခ်မယ့္ လုပ္ငန္းစဥ္ေၾကာင့္ ၾကာသင့္တာထက္ ပိုၾကာခဲ့ေပမယ့္လည္း ဖီအိုရင္တီးနားနဲ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္တာေၾကာင့္ ယေန႔မွာ အၿပီးသတ္ေခၚယူသြားႏိုင္မယ့္ပုံေပၚပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္ မာကို ဗာရက္တီကလည္း ကာတာကို ေျပာင္းေ႐ႊ႕ဖို႔ အလြန္နီးစပ္ေနၿပီျဖစ္ၿပီး အီတလီကြင္းလယ္ၾကယ္ပြင့္ဟာ အယ္လ္ အာရာဘီကို ေျပာင္းေ႐ႊ႕သြားမွာျဖစ္ပါတယ္။ ေနာက္ဆုံးအေနနဲ႔ အက္သလက္တီကို မက္ဒရစ္တိုက္စစ္မႉး ဂ်ာအို ဖဲလစ္က ဘာစီလိုနာကို အငွားနဲ႔ ေျပာင္းေ႐ႊ႕ဖို႔ အနီးစပ္ဆုံးအေျခအေနမွာရွိေနၿပီး ဒီေယဂို ဆီမီယြန္နီရဲ႕လက္ေအာက္မွာ လူပိုျဖစ္ေနခဲ့တာေၾကာင့္ အိပ္မက္မက္ခဲ့ရတဲ့ ႏူးကမ့္ကို ေျပာင္းေ႐ႊ႕ခ်င္ေနတာျဖစ္ပါတယ္။

ဘာစီလိုနာက FFP နဲ႔ မၿငိေအာင္ ဂ်ာအို ဖဲလစ္ကို ကနဦး အငွားစာခ်ဳပ္နဲ႔ပဲ ေခၚယူသြားမွာျဖစ္ၿပီး မန္ခ်က္စတာစီးတီးေနာက္ခံလူ ဂ်ာအို ကန္ဆယ္လိုကိုလည္း ေခၚယူႏိုင္မယ္လို႔ ဇာဗီရဲ႕အသင္းက ေမွ်ာ္လင့္ေနဆဲ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.