La Liga Premier League

အမ်ဘာပေမရရင် ယူရို ၁၇၅သန်းတန်ကြယ်ပွင့်ကိုပဲ ခေါ်တော့မယ့် ရီးရဲလ်

ရီးရဲလ်မက်ဒရစ်ဟာ ကမ္ဘာတလွှားက လူငယ်ပါရမီရှင်အများအပြားနဲ့ အသင်းကို ပြန်လည်တည်ဆောက်နေပြီး ကွင်းလယ်မှာ ဂျုဒ် ဘယ်လင်ဟမ်၊ ဗယ်လ်ဗာဒီ၊ ချွင်မင်နီ၊ ကမာဗင်ဂါတို့လို ကစားသမားတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်မှာ ကင်းမဲ့နေတဲ့ ရွေးချယ်စရာကတော့ အထောင်တိုက်စစ်မှူးနေရာဖြစ်ပြီး ဗင်နီးရှပ်စ် ဂျူနီယာနဲ့ ရိုဒရီဂိုတို့လို တောင်ပံတိုက်စစ်ကစားသမားတွေရှိနေပေမယ့်လည်း ဘရာဇီးလ်ကြယ်ပွင့် ၂ ဦးနဲ့ တွဲကစားမယ့် အထောင်တိုက်စစ်မှူးတော့ မရှိသေးတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်က အထောင်တိုက်စစ်နေရာအတွက် အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားသူကတော့ ပီအက်စ်ဂျီကြယ်ပွင့် ခီလီယန် အမ်ဘာပေဖြစ်ပြီး အဲဒီအပြောင်းအရွှေ့ဇာတ်လမ်းဟာ အခုဆိုရင် နှစ်အနည်းငယ်ကြာမြင်ခဲ့ပြီဖြစ်တာကြောင့် ပရိသတ်တွေက တခြားအထောင်တိုက်စစ်မှူးတွေကိုပဲ ပစ်မှတ်ထားစေချင်နေပြီဖြစ်ပါတယ်။

အမ်ဘာပေနဲ့အတူ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တဲ့ အခြားကစားသမားတွေလည်းရှိခဲ့တာဖြစ်ပြီး လာလီဂါထိပ်သီးအသင်းကြီးက လာမယ့်ဇန်နဝါရီလမှာ ပြင်သစ်တိုက်စစ်မှူးကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင်တော့ အာလင်း ဟာလန်းကိုပဲ ပစ်မှတ်ထားသွားတော့မယ်လို့ El Debate က ဖော်ပြခဲ့ပါတယ်။

ဟာလန်းရဲ့ စာချုပ်လျော်ကြေးအချက်ဟာ ၂၀၂၄ ခုနှစ် နွေရာသီမှာ အသက်ဝင်လာမယ်လို့ ယုံကြည်ရပြီး အဲဒါက ရီးရဲလ်မက်ဒရစ်အတွက် နော်ဝေတိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့ အခွင့်အရေးဖြစ်လာစေမှာ ဖြစ်ပါတယ်။

ဟာလန်းဟာ ဆာ့လ်ဘာ့ဂ်နဲ့အတူ ဘောလုံးလောကထဲမှာ ပရိသတ်တွေရဲ့ ရှေ့မှောက်ကို ရောက်လာတဲ့အချိန်ကတည်းက ရီးရဲလ်မက်ဒရစ်က ခေါ်ယူနိုင်ခြေရှိတဲ့ ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြငး်ခံခဲ့ရတာဖြစ်ပြီး နော်ဝေတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီ မန်စီးတီးနဲ့ ပွဲဦးထွက်ရာသီမှာပဲ ပြိုင်ပွဲစုံ ၅၂ ဂိုးအထိ သွင်းယူပြီးနောက် ဆုဖလား ၃ လုံးတပြိုင်နက် ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ ပင်နယ်တီဧရိယာထဲမှာပဲ ဂိုးရရှိဖို့ လုံးပမ်းနေတဲ့ အထောင်တိုက်စစ်မှူးစစ်စစ်ဖြစ်ပြီး ဂိုးပေါက်ထဲကို ကန်သွင်းရာမှာ နော်ဝေတိုက်စစ်မှူးထက် ပိုကောင်းမွန်တဲ့သူမျိုး မရှိနိုင်တော့တာဖြစ်တဲ့အတွက် ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို မရရင် မန်စီးတီးကြယ်ပွင့်ဘက်ကို အာရုံပြောင်းလဲတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ်မက်ဒရစ်ဟာ ကမ္ဘာတလွှားက လူငယ်ပါရမီရှင်အများအပြားနဲ့ အသင်းကို ပြန်လည်တည်ဆောက်နေပြီး ကွင်းလယ်မှာ ဂျုဒ် ဘယ်လင်ဟမ်၊ ဗယ်လ်ဗာဒီ၊ ချွင်မင်နီ၊ ကမာဗင်ဂါတို့လို ကစားသမားတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။





ဟာလန်းဟာ ဆာ့လ်ဘာ့ဂ်နဲ့အတူ ဘောလုံးလောကထဲမှာ ပရိသတ်တွေရဲ့ ရှေ့မှောက်ကို ရောက်လာတဲ့အချိန်ကတည်းက ရီးရဲလ်မက်ဒရစ်က ခေါ်ယူနိုင်ခြေရှိတဲ့ ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပြီး နော်ဝေတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီ မန်စီးတီးနဲ့ ပွဲဦးထွက်ရာသီမှာပဲ ပြိုင်ပွဲစုံ ၅၂ ဂိုးအထိ သွင်းယူပြီးနောက် ဆုဖလား ၃ လုံးတပြိုင်နက် ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။


REF: INTERNET SOURCES
SPORTS A2Z.