Premier League Transfer News

Deadline Day မှာ ကြောက်စရာလန့်စရာ ပြင်ဆင်သွားခဲ့တဲ့ ဖောရက်စ်

ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ နော့တင်ဟမ်ဖောရက်စ်အသင်းအနေနဲ့ ဒီရာသီအစမှာ ခေါ်ယူမှုတွေ လက်နှေးနေခဲ့ပေမယ့် မနေ့ညက Deadline Day မှာတော့ ပဲနှစ်ဘိုင်းယင်း Panic Buying (ကြောက်အားလန့်အား ခေါ်ယူမှုတွေ)ပဲဆိုဆို ကစားသမားသစ်တွေကို အားဖြည့်ခဲ့ရာမှာ တစ်နေ့တည်းနဲ့ ကစားသမား ခုနစ်ယောက်အထိ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဂိုးသမားနေရာအတွက် ဘင်ဖီကာအသင်းရဲ့ အိုဒစ်ဆီးယာ့စ် ဗလာချိုဒီမော့စ်ကို ခေါ်ယူသွားခဲ့ပြီး ခံစစ်ပိုင်းအတွက်တော့ အာဆင်နယ်ရဲ့ နူနို တာဗာရက်စ်ကို အငှား/အပြီးသတ် ခေါ်ယူခွင့်နဲ့ သိမ်းပိုက်ခဲ့သလို ကော်ရင်သီယန်အသင်းက ဘရာဇီးလ်ခံစစ်မှူး မူရီလိုကိုလည်း ရယူသွားခဲ့တာပါ။

ကွင်းလယ်ပိုင်းအတွက်တော့ ဘိုလော့ညာကို ရောက်သွားတဲ့ ရီမို ဖရွိုင်လာနဲ့ အလဲအထပ်က ရရှိခဲ့တဲ့ အာဂျင်တီးနားလက်ရွေးစင် နီကိုလတ်စ် ဒိုမင်ရက်ဇ်နဲ့ ပီအက်စ်ဗီမှာ ခြေစွမ်းပြနေတဲ့ အီဘရာဟင်မ် ဆန်ဂါရေးတို့ကို ခေါ်ယူနိုင်ခဲ့သလို နည်းပြ စတိဗ် ကူးပါးအတွက်တော့ ဒီလူတွေအကြောင်း ကောင်းကောင်းသိပြီး သုံးစွဲနိုင်မလားပဲ ဖြေဆိုရပါလိမ့်မယ်။

တိုက်စစ်ပိုင်းအတွက်တော့ ချဲလ်ဆီးရဲ့ အပယ်ခံ ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းကို ပေါင် ၅ သန်းနဲ့ ခေါ်ယူထားနိုင်ခဲ့ပြီး အထောင်တိုက်စစ်မှူး နေရာအတွက်တော့ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဒီဗော့ခ် အိုရီဂီကို အေစီမီလန်ကနေ တစ်ရာသီအငှားနဲ့ အားဖြည့်နိုင်ခဲ့တာကြောင့် ဖောရက်စ်တို့ရဲ့ ကစားသမားအင်အားက လျှော့တွက်လို့ မရဘဲဖြစ်လာခဲ့တာပါ။

အသင်းရဲ့ ငယ်မွေးခြံပေါက် တောင်ပံတိုက်စစ်မှူး ဘရင်နန် ဂျွန်ဆန်ကိုတော့ စပါးစ်အသင်းဆီ ပေါင် ၄၇.၅ သန်းနဲ့ ရောင်းချလိုက်တာက ခုလိုမျိုး ငွေသုံးနိုင်ဖို့လည်း ပိုမိုလွယ်ကူစေခဲ့ပြီး အသွင်းအထုတ်နဲ့ အဝင်အထွက်တွေကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်နိုင်ခဲ့တာကြောင့် ချီးကျူးစရာလည်း ဖြစ်ခဲ့ပါတယ်။

တစ်ခုပဲ ပြောစရာရှိတာက ဂိုးသမားနေရာမှာ မတ်တာနာကို အာဆင်နယ်ကနေ ခေါ်ယူပြီး ဘယ်လောက်မှ မကြာခင်မှာ ဗလာချိုဒီမော့စ်ကို ထပ်ခေါ်ခဲ့တာ၊ တိုင်ဝို အဝိုနီယီ ခြေစွမ်းပြနေတဲ့ တိုက်စစ်အတွက် အိုရီဂီကို ခေါ်ယူခဲ့တာတွေကတော့ ဘယ်ဥရောပမှ ပြိုင်စရာမရှိတဲ့ လူစာရင်းအတွက် ဝန်ထုပ်ဝန်ပိုးလို ဖြစ်လာနိုင်ပြီး ဒီအခြေအနေတွေကို နည်းပြ ကူးပါးတစ်ယောက် ကိုင်တွယ်နိုင်ပါ့မလားဆိုတာကိုလည်း စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္မွာ ႐ုန္းကန္ေနရတဲ့ ေနာ့တင္ဟမ္ေဖာရက္စ္အသင္းအေနနဲ႔ ဒီရာသီအစမွာ ေခၚယူမႈေတြ လက္ေႏွးေနခဲ့ေပမယ့္ မေန႔ညက Deadline Day မွာေတာ့ ပဲႏွစ္ဘိုင္းယင္း Panic Buying (ေၾကာက္အားလန႔္အား ေခၚယူမႈေတြ)ပဲဆိုဆို ကစားသမားသစ္ေတြကို အားျဖည့္ခဲ့ရာမွာ တစ္ေန႔တည္းနဲ႔ ကစားသမား ခုနစ္ေယာက္အထိ ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

ဂိုးသမားေနရာအတြက္ ဘင္ဖီကာအသင္းရဲ႕ အိုဒစ္ဆီးယာ့စ္ ဗလာခ်ိဳဒီေမာ့စ္ကို ေခၚယူသြားခဲ့ၿပီး ခံစစ္ပိုင္းအတြက္ေတာ့ အာဆင္နယ္ရဲ႕ ႏူႏို တာဗာရက္စ္ကို အငွား/အၿပီးသတ္ ေခၚယူခြင့္နဲ႔ သိမ္းပိုက္ခဲ့သလို ေကာ္ရင္သီယန္အသင္းက ဘရာဇီးလ္ခံစစ္မႉး မူရီလိုကိုလည္း ရယူသြားခဲ့တာပါ။

ကြင္းလယ္ပိုင္းအတြက္ေတာ့ ဘိုေလာ့ညာကို ေရာက္သြားတဲ့ ရီမို ဖ႐ြိဳင္လာနဲ႔ အလဲအထပ္က ရရွိခဲ့တဲ့ အာဂ်င္တီးနားလက္ေ႐ြးစင္ နီကိုလတ္စ္ ဒိုမင္ရက္ဇ္နဲ႔ ပီအက္စ္ဗီမွာ ေျခစြမ္းျပေနတဲ့ အီဘရာဟင္မ္ ဆန္ဂါေရးတို႔ကို ေခၚယူႏိုင္ခဲ့သလို နည္းျပ စတိဗ္ ကူးပါးအတြက္ေတာ့ ဒီလူေတြအေၾကာင္း ေကာင္းေကာင္းသိၿပီး သုံးစြဲႏိုင္မလားပဲ ေျဖဆိုရပါလိမ့္မယ္။

တိုက္စစ္ပိုင္းအတြက္ေတာ့ ခ်ဲလ္ဆီးရဲ႕ အပယ္ခံ ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္းကို ေပါင္ ၅ သန္းနဲ႔ ေခၚယူထားႏိုင္ခဲ့ၿပီး အေထာင္တိုက္စစ္မႉး ေနရာအတြက္ေတာ့ လီဗာပူးလ္တိုက္စစ္မႉးေဟာင္း ဒီေဗာ့ခ္ အိုရီဂီကို ေအစီမီလန္ကေန တစ္ရာသီအငွားနဲ႔ အားျဖည့္ႏိုင္ခဲ့တာေၾကာင့္ ေဖာရက္စ္တို႔ရဲ႕ ကစားသမားအင္အားက ေလွ်ာ့တြက္လို႔ မရဘဲျဖစ္လာခဲ့တာပါ။

အသင္းရဲ႕ ငယ္ေမြးၿခံေပါက္ ေတာင္ပံတိုက္စစ္မႉး ဘရင္နန္ ဂြၽန္ဆန္ကိုေတာ့ စပါးစ္အသင္းဆီ ေပါင္ ၄၇.၅ သန္းနဲ႔ ေရာင္းခ်လိုက္တာက ခုလိုမ်ိဳး ေငြသုံးႏိုင္ဖို႔လည္း ပိုမိုလြယ္ကူေစခဲ့ၿပီး အသြင္းအထုတ္နဲ႔ အဝင္အထြက္ေတြကို ကြၽမ္းကြၽမ္းက်င္က်င္ လုပ္ေဆာင္ႏိုင္ခဲ့တာေၾကာင့္ ခ်ီးက်ဴးစရာလည္း ျဖစ္ခဲ့ပါတယ္။

တစ္ခုပဲ ေျပာစရာရွိတာက ဂိုးသမားေနရာမွာ မတ္တာနာကို အာဆင္နယ္ကေန ေခၚယူၿပီး ဘယ္ေလာက္မွ မၾကာခင္မွာ ဗလာခ်ိဳဒီေမာ့စ္ကို ထပ္ေခၚခဲ့တာ၊ တိုင္ဝို အဝိုနီယီ ေျခစြမ္းျပေနတဲ့ တိုက္စစ္အတြက္ အိုရီဂီကို ေခၚယူခဲ့တာေတြကေတာ့ ဘယ္ဥေရာပမွ ၿပိဳင္စရာမရွိတဲ့ လူစာရင္းအတြက္ ဝန္ထုပ္ဝန္ပိုးလို ျဖစ္လာႏိုင္ၿပီး ဒီအေျခအေနေတြကို နည္းျပ ကူးပါးတစ္ေယာက္ ကိုင္တြယ္ႏိုင္ပါ့မလားဆိုတာကိုလည္း ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.