Premier League

ပါလ်မာကို အစ်တီဟတ် ပြန်ပြေးချင်အောင် ပြောခဲ့တဲ့ ပိုချက်တီနို

ချဲလ်ဆီးနည်းပြ မူရီဆီယို ပိုချက်တီနိုက ယခုနွေရာသီ နောက်ထပ် ကစားသမားခေါ်ယူမှုအသစ်ဖြစ်လာခဲ့တဲ့ ကိုး ပါလ်မာကို အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်တစ်နေရာရမယ်လို့ အာမမခံဘူးလို့ သတိပေးခဲ့ပါတယ်။

ချဲလ်ဆီးဟာ အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမားကို နွေရာသီအပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့မှာ ပေါင် ၄၂.၅ သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ပါလ်မာဟာ စီးတီးအတွက် ပရီးမီးယားလိဂ် ၁၉ ပွဲသာ ပါဝင်ကစားပေးခဲ့ရတာကြောင့် စတမ်းဖို့ဒ် ဘရစ်ချ်မှာ ပုံမှန်ပွဲကစားချိန်ရရှိနိုင်တယ်ဆိုတဲ့ အတွေးနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပိုချက်တီနိုက ပါလ်မာက အစ်တီဟတ်ကို စွန့်ခွာပြီး ချဲလ်ဆီးကို ပြောင်းဖို့ မဆုံးဖြတ်ခင်မှာ ဘာ အာမခံချက်မှ မပေးခဲ့ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“တကယ်လို့ တစ်စုံတယောက်က ကစားသမားတစ်ယောက်ကို ကစားရမယ်လို့ အာမခံချက်ပေးခဲ့ရင် အဲဒါက အဆင်ပြေတယ်။ ဒီအပြောင်းအရွှေ့မှာတော့ အဲဒီလို မဖြစ်ခဲ့ပါဘူး။ ကစားသမားက ဒီကို လာပြီး စွမ်းဆောင်ပြဖို့နဲ့ ကျွန်တော်တို့ကို စီမံခန့်ခွဲခွင့်ပေးဖို့ လိုတယ်။ ပြီးတဲ့နောက်မှာတော့ သူကသာ ကစားဖို့ ထိုက်တန်ရင် ကစားရပါလိမ့်မယ်။ မန်စီးတီးကလိုပဲ ဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော် သေချာပါတယ်။ ချဲလ်ဆီးမှာက စျေးကြီးပေးဝယ်ထားတိုင်းလည်း ခင်ဗျား ပွဲကစားချိန် ပုံမှန်ရဖို့ အာမခံချက်ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ ဒါမျိုးတွေးရင် မှားသွားမှာပေါ့။ ကျွန်တော်တို့ ကစားသမားတွေကို ခေါ်ယူရင် အသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာဖို့၊ လူစာရင်းထဲမှာ ပါဝင်ပတ်သက်ဖို့ ခေါ်ယူတာပါ။ ကျွန်တော်တို့ ဘယ်ကစားသမားကိုမှ ကစားရမယ်လို့ အာမခံပြီး မခေါ်ဖူးပါဘူး။ ကျွန်တော်တို့ လီယွန်နယ် မက်ဆီကို ခေါ်ယူခဲ့ရင်တောင်မှ အဲဒီလိုမျိုး အာမခံချက်ပေးမှာမဟုတ်ပါဘူး”

“ကစားသမားတွေကို သူတို့အနေနဲ့ ပွဲ ၂၀၊ ၃၀ လောက်ကစားရမယ်လို့ ကျွန်တော် ဘယ်တုန်းကမှ ကတိမပေးခဲ့ဘူး။ လုပ်စမ်းပါ။ ဒါက ကစားသမားနဲ့ ဒီမှာ ခင်ဗျား ဖန်တီးထားတဲ့ ပတ်ဝန်းကျင်ကို အရမ်းလေးစားမှုမရှိတာပါ။ ခင်ဗျားက အသင်းဖော်တွေထက် ပိုကောင်းတယ်ဆိုတာကို ပြသရမယ်။ ဒါကြောင့်လည်း ကျွန်တော်တို့မှာ ကစားသမား ၂၄ ယောက်၊ ၂၅ ယောက်လောက်ရှိနေတာပေါ့။ ခင်ဗျားက ပွဲကစားချိန်ပိုရမှာမို့လို့ တစ်နေရာရာကို ပြောင်းဖို့ စဉ်းစားတာက မှားပါတယ်။ တစ်စုံတယောက်က ခင်ဗျားကို ပွဲထွက်ကစားရမယ်လို့ အာမခံရင် အဆင်ပြေပါတယ်။ ဒါပေမယ့် အဲဒါက ဘယ်သူ့အတွက်မှ မကောင်းပါဘူး။ ကစားသမားတွေက အရမ်းသက်တောင့်သက်သာဖြစ်သွားလို့ မရပါဘူး။ ကစားသမားတွေက ဖိအားတွေအောက်မှာ အကောင်းဆုံး စွမ်းဆောင်ပေးရမယ်လို့ ခံစားနေဖို့ လိုပါတယ်။ ပွဲကစားခွင့်ရဖို့ နေ့တိုင်း သူတို့တွေရဲ့ အကောင်းဆုံးပုံစံကို ပြသရမယ်လို့ ခံစားရဖို့ လိုပါတယ်။ အဲဒါက တိုးတက်လာဖို့အတွက် တစ်ခုတည်းသော နည်းလမ်းပဲ။ သူတို့တွေက အရူးတွေမဟုတ်ပါဘူး။ သူတို့တွေ ကစားရမယ်ဆိုတာကို သိပေမယ့် ဆက်ပြီးတော့ တွန်းအားပေးပြီးရင်း တွန်းအားပေးနေရမယ်ဆိုတာကို သိကြပါတယ်။ သူတို့တွေ အမြဲတမ်း ကစားနေရမယ်လို့ တွေးပြီး အိပ်ပဲ အိပ်နေရင်တော့ တလွှဲတွေ ဖြစ်လာတော့မှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးနည္းျပ မူရီဆီယို ပိုခ်က္တီႏိုက ယခုေႏြရာသီ ေနာက္ထပ္ ကစားသမားေခၚယူမႈအသစ္ျဖစ္လာခဲ့တဲ့ ကိုး ပါလ္မာကို အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္တစ္ေနရာရမယ္လို႔ အာမမခံဘူးလို႔ သတိေပးခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ အသက္ ၂၁ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားကို ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္ေနာက္ဆုံးေန႔မွာ ေပါင္ ၄၂.၅ သန္းနဲ႔ အၿပီးသတ္ ေခၚယူႏိုင္ခဲ့တာျဖစ္ၿပီး ပါလ္မာဟာ စီးတီးအတြက္ ပရီးမီးယားလိဂ္ ၁၉ ပြဲသာ ပါဝင္ကစားေပးခဲ့ရတာေၾကာင့္ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ပုံမွန္ပြဲကစားခ်ိန္ရရွိႏိုင္တယ္ဆိုတဲ့ အေတြးနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပိုခ်က္တီႏိုက ပါလ္မာက အစ္တီဟတ္ကို စြန႔္ခြာၿပီး ခ်ဲလ္ဆီးကို ေျပာင္းဖို႔ မဆုံးျဖတ္ခင္မွာ ဘာ အာမခံခ်က္မွ မေပးခဲ့ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“တကယ္လို႔ တစ္စုံတေယာက္က ကစားသမားတစ္ေယာက္ကို ကစားရမယ္လို႔ အာမခံခ်က္ေပးခဲ့ရင္ အဲဒါက အဆင္ေျပတယ္။ ဒီအေျပာင္းအေ႐ႊ႕မွာေတာ့ အဲဒီလို မျဖစ္ခဲ့ပါဘူး။ ကစားသမားက ဒီကို လာၿပီး စြမ္းေဆာင္ျပဖို႔နဲ႔ ကြၽန္ေတာ္တို႔ကို စီမံခန႔္ခြဲခြင့္ေပးဖို႔ လိုတယ္။ ၿပီးတဲ့ေနာက္မွာေတာ့ သူကသာ ကစားဖို႔ ထိုက္တန္ရင္ ကစားရပါလိမ့္မယ္။ မန္စီးတီးကလိုပဲ ျဖစ္လိမ့္မယ္ဆိုတာ ကြၽန္ေတာ္ ေသခ်ာပါတယ္။ ခ်ဲလ္ဆီးမွာက ေစ်းႀကီးေပးဝယ္ထားတိုင္းလည္း ခင္ဗ်ား ပြဲကစားခ်ိန္ ပုံမွန္ရဖို႔ အာမခံခ်က္ရွိတယ္ဆိုတဲ့ အဓိပၸာယ္မဟုတ္ပါဘူး။ ဒါမ်ိဳးေတြးရင္ မွားသြားမွာေပါ့။ ကြၽန္ေတာ္တို႔ ကစားသမားေတြကို ေခၚယူရင္ အသင္းရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္လာဖို႔၊ လူစာရင္းထဲမွာ ပါဝင္ပတ္သက္ဖို႔ ေခၚယူတာပါ။ ကြၽန္ေတာ္တို႔ ဘယ္ကစားသမားကိုမွ ကစားရမယ္လို႔ အာမခံၿပီး မေခၚဖူးပါဘူး။ ကြၽန္ေတာ္တို႔ လီယြန္နယ္ မက္ဆီကို ေခၚယူခဲ့ရင္ေတာင္မွ အဲဒီလိုမ်ိဳး အာမခံခ်က္ေပးမွာမဟုတ္ပါဘူး”

“ကစားသမားေတြကို သူတို႔အေနနဲ႔ ပြဲ ၂၀၊ ၃၀ ေလာက္ကစားရမယ္လို႔ ကြၽန္ေတာ္ ဘယ္တုန္းကမွ ကတိမေပးခဲ့ဘူး။ လုပ္စမ္းပါ။ ဒါက ကစားသမားနဲ႔ ဒီမွာ ခင္ဗ်ား ဖန္တီးထားတဲ့ ပတ္ဝန္းက်င္ကို အရမ္းေလးစားမႈမရွိတာပါ။ ခင္ဗ်ားက အသင္းေဖာ္ေတြထက္ ပိုေကာင္းတယ္ဆိုတာကို ျပသရမယ္။ ဒါေၾကာင့္လည္း ကြၽန္ေတာ္တို႔မွာ ကစားသမား ၂၄ ေယာက္၊ ၂၅ ေယာက္ေလာက္ရွိေနတာေပါ့။ ခင္ဗ်ားက ပြဲကစားခ်ိန္ပိုရမွာမို႔လို႔ တစ္ေနရာရာကို ေျပာင္းဖို႔ စဥ္းစားတာက မွားပါတယ္။ တစ္စုံတေယာက္က ခင္ဗ်ားကို ပြဲထြက္ကစားရမယ္လို႔ အာမခံရင္ အဆင္ေျပပါတယ္။ ဒါေပမယ့္ အဲဒါက ဘယ္သူ႔အတြက္မွ မေကာင္းပါဘူး။ ကစားသမားေတြက အရမ္းသက္ေတာင့္သက္သာျဖစ္သြားလို႔ မရပါဘူး။ ကစားသမားေတြက ဖိအားေတြေအာက္မွာ အေကာင္းဆုံး စြမ္းေဆာင္ေပးရမယ္လို႔ ခံစားေနဖို႔ လိုပါတယ္။ ပြဲကစားခြင့္ရဖို႔ ေန႔တိုင္း သူတို႔ေတြရဲ႕ အေကာင္းဆုံးပုံစံကို ျပသရမယ္လို႔ ခံစားရဖို႔ လိုပါတယ္။ အဲဒါက တိုးတက္လာဖို႔အတြက္ တစ္ခုတည္းေသာ နည္းလမ္းပဲ။ သူတို႔ေတြက အ႐ူးေတြမဟုတ္ပါဘူး။ သူတို႔ေတြ ကစားရမယ္ဆိုတာကို သိေပမယ့္ ဆက္ၿပီးေတာ့ တြန္းအားေပးၿပီးရင္း တြန္းအားေပးေနရမယ္ဆိုတာကို သိၾကပါတယ္။ သူတို႔ေတြ အၿမဲတမ္း ကစားေနရမယ္လို႔ ေတြးၿပီး အိပ္ပဲ အိပ္ေနရင္ေတာ့ တလႊဲေတြ ျဖစ္လာေတာ့မွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.