Premier League

မန်ယူနိုက်တက်နဲ့ ဆေးစစ်မှု ခံယူသွားတော့မယ့် စပါးစ်ကြယ်ပွင့်

မန်ချက်စတာယူနိုက်တက်ဟာ တော့တင်ဟမ်ဟော့စပါးက ဆာဂီယို ရက်ဂီလွန်ကို ဆေးစစ်မှု ခံယူသွားဖို့ ခွင့်ပြုချက်ပေးခဲ့ပြီးနောက် စပိန်နောက်ခံလူကို အငှားနဲ့ အပြီးသတ်ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ချဲလ်ဆီးက ကူကူရယ်လာကို ခေါ်ယူနိုင်ဖို့အတွက် လုပ်ဆောင်နေခဲ့တာဖြစ်ပေမယ့်လည်း စပိန်နောက်ခံလူက ကာရာဘောင်းဖလားပွဲစဉ်အဖြစ် ဝင်ဘယ်ဒန်နဲ့ ကစားခဲ့တဲ့ ပွဲမှာ ပါဝင်ကစားပေးခဲ့မှုက အခြေအနေတွေကို ရှုပ်ထွေးသွားစေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်က ဇန်နဝါရီလမှာ ကူကူရယ်လာကို ချဲလ်ဆီးအသင်းဆီ ပြန်လည်စေလွှတ်နိုင်စေမယ့် အချက်ကို ထည့်သွင်းချင်ခဲ့တာဖြစ်ပေမယ့်လည်း စပိန်နောက်ခံလူက ဗုဒ္ဓဟူးနေ့မှာ ချဲလ်ဆီးအတွက် ပါဝင်ကစားပေးခဲ့တာကြောင့် တူညီတဲ့ရာသီတစ်ခုတည်းမှာ တတိယမြောက်ကလပ်အတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိတော့တာဖြစ်ပါတယ်။

ချဲလ်ဆီးက အဲဒါကြောင့် မန်ချက်စတာယူနိုက်တက်ထည့်သွင်းချင်နေတဲ့ စာချုပ်ပါအချက်ကို ငြင်းပယ်ခဲ့တာဖြစ်ပြီး ဆွေးနွေးညှိနှိုင်းမှုက ပျက်ပြယ်သွားခဲ့ပြီဖြစ်တာကြောင့် မန်ယူနိုက်တက်က ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်း ရက်ဂီလွန်ကို စိတ်ဝင်စားမှု ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ စပါးစ်က ရက်ဂီလွန်ကို ဆေးစစ်မှု ခံယူဖို့အတွက် မန်ချက်စတာကို ခရီးထွက်ခွင့်ပြုခဲ့ပြီဖြစ်ပြီး စပိန်နောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီ အက်သလက်တီကို မက်ဒရစ်မှာ အငှားကစားသမားအဖြစ် အချိန်ကုန်ဆုံးခဲ့သူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ကူကူရယ်လာထက် စျေးသက်သာတဲ့ ရက်ဂီလွန်ကို ခေါ်ယူမှာဖြစ်တဲ့အတွက် ဖီအိုရင်တီးနားကြယ်ပွင့် အမ်မရာဘတ်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့အတွက် ပိုမို အဆင်ပြေသွားမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဟာ ေတာ့တင္ဟမ္ေဟာ့စပါးက ဆာဂီယို ရက္ဂီလြန္ကို ေဆးစစ္မႈ ခံယူသြားဖို႔ ခြင့္ျပဳခ်က္ေပးခဲ့ၿပီးေနာက္ စပိန္ေနာက္ခံလူကို အငွားနဲ႔ အၿပီးသတ္ေခၚယူႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ခ်ဲလ္ဆီးက ကူကူရယ္လာကို ေခၚယူႏိုင္ဖို႔အတြက္ လုပ္ေဆာင္ေနခဲ့တာျဖစ္ေပမယ့္လည္း စပိန္ေနာက္ခံလူက ကာရာေဘာင္းဖလားပြဲစဥ္အျဖစ္ ဝင္ဘယ္ဒန္နဲ႔ ကစားခဲ့တဲ့ ပြဲမွာ ပါဝင္ကစားေပးခဲ့မႈက အေျခအေနေတြကို ရႈပ္ေထြးသြားေစခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္က ဇန္နဝါရီလမွာ ကူကူရယ္လာကို ခ်ဲလ္ဆီးအသင္းဆီ ျပန္လည္ေစလႊတ္ႏိုင္ေစမယ့္ အခ်က္ကို ထည့္သြင္းခ်င္ခဲ့တာျဖစ္ေပမယ့္လည္း စပိန္ေနာက္ခံလူက ဗုဒၶဟူးေန႔မွာ ခ်ဲလ္ဆီးအတြက္ ပါဝင္ကစားေပးခဲ့တာေၾကာင့္ တူညီတဲ့ရာသီတစ္ခုတည္းမွာ တတိယေျမာက္ကလပ္အတြက္ ပါဝင္ကစားေပးႏိုင္ျခင္းမရွိေတာ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးက အဲဒါေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ထည့္သြင္းခ်င္ေနတဲ့ စာခ်ဳပ္ပါအခ်က္ကို ျငင္းပယ္ခဲ့တာျဖစ္ၿပီး ေဆြးေႏြးညႇိႏႈိင္းမႈက ပ်က္ျပယ္သြားခဲ့ၿပီျဖစ္တာေၾကာင့္ မန္ယူႏိုက္တက္က ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေဟာင္း ရက္ဂီလြန္ကို စိတ္ဝင္စားမႈ ေျပာင္းလဲခဲ့တာျဖစ္ပါတယ္။

The Athletic ရဲ႕ ေဖာ္ျပခ်က္အရ စပါးစ္က ရက္ဂီလြန္ကို ေဆးစစ္မႈ ခံယူဖို႔အတြက္ မန္ခ်က္စတာကို ခရီးထြက္ခြင့္ျပဳခဲ့ၿပီျဖစ္ၿပီး စပိန္ေနာက္ခံလူဟာ ၿပီးခဲ့တဲ့ရာသီ အက္သလက္တီကို မက္ဒရစ္မွာ အငွားကစားသမားအျဖစ္ အခ်ိန္ကုန္ဆုံးခဲ့သူျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ကူကူရယ္လာထက္ ေစ်းသက္သာတဲ့ ရက္ဂီလြန္ကို ေခၚယူမွာျဖစ္တဲ့အတြက္ ဖီအိုရင္တီးနားၾကယ္ပြင့္ အမ္မရာဘတ္ရဲ႕ အေျပာင္းအေ႐ႊ႕ကို အၿပီးသတ္ႏိုင္ဖို႔အတြက္ ပိုမို အဆင္ေျပသြားမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.