Premier League UCL&UEL

ပထမအေက်ာ့ရလဒ္အတြက္ ဘာစိုးရိမ္စရာမွမရွိဘူးလို႔ ေျပာလုိက္တဲ့ ဗန္ဒိုက္

လီဗာပူးလ္ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္က အက္သလက္တီကိုကြင္းမွာ ႐ွဳံးနိမ့္ခဲ့ ပထမအေက်ာ့ပြဲစဥ္အတြက္ ဘာမွ ေၾကာက္လန္႔ေနစရာ စိုးရိမ္ေနစရာမ်ဳိးမရွိဘဲ အားလုံးအေနနဲ႔ ယုံၾကည္မွဳ အျပည့္အဝရွိရင္ ေနာက္တစ္ေက်ာ့အတြက္ ရလဒ္ေကာင္းရယူႏုိင္လိမ့္မယ္လုိ႔ ဆုိလုိက္ပါတယ္။

ပထမအေက်ာ့ စပိန္ေျမ ဝမ္းတ မက္ထ႐ိုပိုလီတာႏိုကြင္းမွာ အက္သလက္တီကိုကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ရဲ႕ တစ္လုံးတည္းေသာဂိုးနဲ႔ ရွဳံးနိမ့္ခဲ့တာဟာ ဒီလိုမ်ဳိး ႏွစ္ေက်ာ့ကစားရတဲ့ ရွဳံးထြက္ပြဲစဥ္ေတြအတြက္ေတာ့ ပထမပုိင္းတစ္ပိုင္းပဲျဖစ္တယ္လို႔လည္း ဗန္ဒိုက္က သူ႕အျမင္ကို ေျပာပါတယ္။

“ဟုတ္တယ္ေလ… စိတ္ပ်က္စရာေတာ့ အမွန္ပဲ။ ဒါေပမယ့္ ဒါက ပထမပုိင္းပဲ ရွိပါေသးတယ္”လို႔ အသက္ ၂၈ ႏွစ္အရြယ္ ေနာက္ခံလူက ဆုိခဲ့ၿပီး “အပ်က္ဘက္က ေတြးဖို႔နဲ႔ ေၾကာက္ေနဖို႔ေတာ့ ဘာအေၾကာင္းမွ မရွိဘူး။ ကၽြန္ေတာ္တို႔အေနနဲ႔ ယုံၾကည္မွဳ ရွိသင့္သလို၊ အဲ့ဒီလို ယုံၾကည္မွဳ ရွိေနဖို႔လည္း လိုကို လိုအပ္ပါတယ္”လို႔လည္း ေျပာသြားခဲ့ပါတယ္။

လီဗာပူးလ္ပရိသတ္ေတြအတြက္ေတာ့ ဒါဟာ စိုးရိမ္စရာ ရလဒ္မ်ဳိး မဟုတ္ဘဲ ၿပီးခဲ့တဲ့ႏွစ္ ခ်န္ပီယံလိဂ္မွာ ဘာစီလိုနာကို အေဝးကြင္းမွာ သုံးဂိုး-ဂိုးမရွိနဲ႔ ႐ွဳံးနိမ့္ထားရာကေန အိမ္ကြင္းမွာ ေလးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ယူထားတာက ယုံၾကည္မွဳျမင့္မားစြာနဲ႔ အသင္းကို အားေပးႏုိင္ဖို႔ ျဖစ္ႏုိင္မွာပါ။

ဗန္ဒိုက္က အက္သလက္တီကို မက္ဒရစ္အသင္းကို သူတုိ႔ရဲ႕ ပရိသတ္ေတြက အျပည့္အဝ အားေပးကူညီသြားတယ္လုိ႔လည္း သုံးသပ္လုိက္ၿပီး ဒီလို ခုန္ေပါက္ေအာ္ဟစ္ေနၾကတဲ့သူေတြၾကားက အျဖစ္ႏုိင္ဆုံး၊ အေကာင္းဆုံးရလဒ္ကို ယူေဆာင္လာခဲ့တာလည္းျဖစ္တယ္လို႔ အသင္းဘက္က ကာကြယ္ေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: လီဗာပူးလ်နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်က အက်သလက်တီကိုကွင်းမှာ ရှုံးနိမ့်ခဲ့ ပထမအကျော့ပွဲစဉ်အတွက် ဘာမှ ကြောက်လန့်နေစရာ စိုးရိမ်နေစရာမျိုးမရှိဘဲ အားလုံးအနေနဲ့ ယုံကြည်မှု အပြည့်အဝရှိရင် နောက်တစ်ကျော့အတွက် ရလဒ်ကောင်းရယူနိုင်လိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

ပထမအကျော့ စပိန်မြေ ဝမ်းတ မက်ထရိုပိုလီတာနိုကွင်းမှာ အက်သလက်တီကိုကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဟာ ဒီလိုမျိုး နှစ်ကျော့ကစားရတဲ့ ရှုံးထွက်ပွဲစဉ်တွေအတွက်တော့ ပထမပိုင်းတစ်ပိုင်းပဲဖြစ်တယ်လို့လည်း ဗန်ဒိုက်က သူ့အမြင်ကို ပြောပါတယ်။

“ဟုတ်တယ်လေ… စိတ်ပျက်စရာတော့ အမှန်ပဲ။ ဒါပေမယ့် ဒါက ပထမပိုင်းပဲ ရှိပါသေးတယ်”လို့ အသက် ၂၈ နှစ်အရွယ် နောက်ခံလူက ဆိုခဲ့ပြီး “အပျက်ဘက်က တွေးဖို့နဲ့ ကြောက်နေဖို့တော့ ဘာအကြောင်းမှ မရှိဘူး။ ကျွန်တော်တို့အနေနဲ့ ယုံကြည်မှု ရှိသင့်သလို၊ အဲ့ဒီလို ယုံကြည်မှု ရှိနေဖို့လည်း လိုကို လိုအပ်ပါတယ်”လို့လည်း ပြောသွားခဲ့ပါတယ်။

လီဗာပူးလ်ပရိသတ်တွေအတွက်တော့ ဒါဟာ စိုးရိမ်စရာ ရလဒ်မျိုး မဟုတ်ဘဲ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်မှာ ဘာစီလိုနာကို အဝေးကွင်းမှာ သုံးဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ထားရာကနေ အိမ်ကွင်းမှာ လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ယူထားတာက ယုံကြည်မှုမြင့်မားစွာနဲ့ အသင်းကို အားပေးနိုင်ဖို့ ဖြစ်နိုင်မှာပါ။

ဗန်ဒိုက်က အက်သလက်တီကို မက်ဒရစ်အသင်းကို သူတို့ရဲ့ ပရိသတ်တွေက အပြည့်အဝ အားပေးကူညီသွားတယ်လို့လည်း သုံးသပ်လိုက်ပြီး ဒီလို ခုန်ပေါက်အော်ဟစ်နေကြတဲ့သူတွေကြားက အဖြစ်နိုင်ဆုံး၊ အကောင်းဆုံးရလဒ်ကို ယူဆောင်လာခဲ့တာလည်းဖြစ်တယ်လို့ အသင်းဘက်က ကာကွယ်ပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.