MLS Messi

နက်ရှ်ဗေးလ်ကြောင့် ပြီးပြည့်စုံတဲ့စံချိန်ရပ်တန့်ခဲ့ရတဲ့ မက်ဆီ

နက်ရှ်ဗေးလ်ဟာ အင်တာမိုင်ယာမီကို လီယွန်နယ် မက်ဆီ ပြောင်းရွှေ့လာပြီးကတည်းက တခြားအသင်းတွေ တစ်သင်းမှ မလုပ်နိုင်ခဲ့တဲ့အရာကို လုပ်နိုင်ခဲ့ပြီး အဲဒီအရာကတော့ အာဂျင်တီးနားဂန္တဝင်ကို အကျိုးသက်ရောက်မှု မပြသနိုင်အောင် တားဆီးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ် ယူအက်စ်အိုးပင်းဖလားဆီမီးဖိုင်နယ်မှာ စင်စင်နာတီက လီယွန်နယ် မက်ဆီကို ဂိုးမသွင်းယူနိုင်အောင် တားဆီးနိုင်တဲ့ ပထမဆုံးအသင်းဖြစ်ခဲ့ပေမယ့် အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးက ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့သေးတာဖြစ်ပါတယ်။

အင်တာ မိုင်ယာမီကို ပြောင်းရွှေ့ပြီးနောက် ၉ ပွဲမှာ ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ လီယွန်နယ် မက်ဆီဟာ ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်အသင်းတိုင်းကို ဂိုးသွင်းယူနိုင်ခဲ့ပြီး အဲဒီအသင်းတွေထဲမှာ နက်ရှ်ဗေးလ်လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီက နက်ရှ်ဗေးလ်ကို လိဂ်ဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းယူပြီးနောက် အင်တာ မိုင်ယာမီက ချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီး နှစ်သင်းစလုံးအတွက် အသင်းသမိုင်းမှာ ပထမဆုံး ဗိုလ်လုပွဲ တက်ရောက်နိုင်မှုလည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။

နက်ရှ်ဗေးလ်ဟာ ကြာသပတေးနေ့ညပွဲစဉ်မှာတော့ အင်တာမိုင်ယာမီကို မေဂျာလိဂ်မှာ ပထမဆုံးအိမ်ကွင်းနိုင်ပွဲရရှိမယ့်အရေးကနေ တားဆီးပြီး လက်စားချေနိုင်ခဲ့တာဖြစ်ပြီး မက်ဆီရဲ့ အင်တာ မိုင်ယာမီဟာ ဂိုးမရှိသရေကျခဲ့တာကြောင့် အာဂျင်တီးနားကြယ်ပွင့်နဲ့အတူ ၁၀၀ ရာခိုင်နှုန်း နိုင်ပွဲကလည်း ရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နက္ရွ္ေဗးလ္ဟာ အင္တာမိုင္ယာမီကို လီယြန္နယ္ မက္ဆီ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက တျခားအသင္းေတြ တစ္သင္းမွ မလုပ္ႏိုင္ခဲ့တဲ့အရာကို လုပ္ႏိုင္ခဲ့ၿပီး အဲဒီအရာကေတာ့ အာဂ်င္တီးနားဂႏၲဝင္ကို အက်ိဳးသက္ေရာက္မႈ မျပသႏိုင္ေအာင္ တားဆီးႏိုင္ခဲ့ျခင္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့အပတ္ ယူအက္စ္အိုးပင္းဖလားဆီမီးဖိုင္နယ္မွာ စင္စင္နာတီက လီယြန္နယ္ မက္ဆီကို ဂိုးမသြင္းယူႏိုင္ေအာင္ တားဆီးႏိုင္တဲ့ ပထမဆုံးအသင္းျဖစ္ခဲ့ေပမယ့္ အသက္ ၃၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးက ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ေသးတာျဖစ္ပါတယ္။

အင္တာ မိုင္ယာမီကို ေျပာင္းေ႐ႊ႕ၿပီးေနာက္ ၉ ပြဲမွာ ၁၁ ဂိုးအထိ သြင္းယူႏိုင္ခဲ့တဲ့ လီယြန္နယ္ မက္ဆီဟာ ရင္ဆိုင္ခဲ့ရတဲ့ ၿပိဳင္ဘက္အသင္းတိုင္းကို ဂိုးသြင္းယူႏိုင္ခဲ့ၿပီး အဲဒီအသင္းေတြထဲမွာ နက္ရွ္ေဗးလ္လည္း ပါဝင္ခဲ့တာျဖစ္ပါတယ္။ လီယြန္နယ္ မက္ဆီက နက္ရွ္ေဗးလ္ကို လိဂ္ဖလားဗိုလ္လုပြဲမွာ ဂိုးသြင္းယူၿပီးေနာက္ အင္တာ မိုင္ယာမီက ခ်န္ပီယံျဖစ္ခဲ့တာျဖစ္ၿပီး ႏွစ္သင္းစလုံးအတြက္ အသင္းသမိုင္းမွာ ပထမဆုံး ဗိုလ္လုပြဲ တက္ေရာက္ႏိုင္မႈလည္း ျဖစ္ခဲ့တာျဖစ္ပါတယ္။

နက္ရွ္ေဗးလ္ဟာ ၾကာသပေတးေန႔ညပြဲစဥ္မွာေတာ့ အင္တာမိုင္ယာမီကို ေမဂ်ာလိဂ္မွာ ပထမဆုံးအိမ္ကြင္းႏိုင္ပြဲရရွိမယ့္အေရးကေန တားဆီးၿပီး လက္စားေခ်ႏိုင္ခဲ့တာျဖစ္ၿပီး မက္ဆီရဲ႕ အင္တာ မိုင္ယာမီဟာ ဂိုးမရွိသေရက်ခဲ့တာေၾကာင့္ အာဂ်င္တီးနားၾကယ္ပြင့္နဲ႔အတူ ၁၀၀ ရာခိုင္ႏႈန္း ႏိုင္ပြဲကလည္း ရပ္တန႔္သြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.